Wednesday, February 13, 2008

အဖေထံသို့ ..ဂတိပေးခြင်း။

အဖေ
မြင့်မြတ်ကြီးမား
စွန့် လွတ်ခြင်းများနဲ့ 
ကိုယ်ရေးထက် တိုင်းပြည်ရေး
အသက်စတေးခဲ့

အဖေ
မျော်လင့်ရာလမ်း
လွတ်လပ်ရေးရဲ့ပန်း
ရရှိအောင်..ဆောင်ရွက်
အကျိုးဆက်ပေး
အဖေ့သွေးနဲ့ ရေးခဲ့တဲ့
ဗမာပြည်ရဲ့လွတ်လပ်ရေး။
အဖေ မမြင်ခဲ့ငြား.
သမီးမိဘတွေ ခံစားခဲ့ဘူးတယ်။

သမီးတို့ မွေးတဲ့အချိန်
ကျောင်းသားသမဂ္ဂကဗုံးကွဲ
ဒီမိုကရေစီဆိုတာ.ပေါက်ပြဲ
စစ်တပ်ရဲ့အိပ်ထောင်ထဲက ဗမာပြည်။
ဘက်နက်နဲ့ ပါးပါးလှီးခံရတဲ့ ဗမာပြည်။
ကိုလိုနီ ထက်ဆိုးတဲ့
စစ်အာဏာရှင်လက်အောက်တွင်
လေရှုရတာတောင် မ၀ဘူးရှင်။

သမီးတို့ ၏ မျိုးဆက်..
အဖေလိုသားမျိုးတွေ ထွက်ရအောင်.
ယောက်ျားက ဒါးသွေး။ မိန်းမက သားမွေး
ပြုစု ပျိုးထောင်။ မိဘကောင်း လက်ထွက်
အာဇာနည်သားမောင်
ဒါမှသာ..
နောက်လာမဲ့ လူ့ ဘောင်သစ်.
ဗမာယောက်ျားတိုင်း..အောင်ဆန်းလိုဖြစ်ရအောင်။

မသဒ္ဓါ ( ၂။၁၂။၂၀၀၈)..ဗိုလ်ချုပ်ဖခင်သို့ ...

No comments:

 
/* EOT ----------------------------------------- */