Friday, February 29, 2008

ဘယ်မလဲဟဲ့.. စာနယ်ဇင်းလွတ်လပ်ခွင့်


ပါးစပ်တွေ ပိတ်ထားကြ.
မျက်လုံးတွေ မှိတ်ထားကြ.
နားတွေပိတ် ထားကြ..
လူရဲ့ မွေးရာပါ အင်္ဂါ တွေ ဆုံး
လူလုံးမလှ..ဗမာပြည်သူများဘ၀။

စာနယ်ဇင်း..အလျှဉ်းလွတ်လပ်မှုမရှိ..
ကိုယ့်စစ်တပ် ကောင်းတာဘဲရေး
သူများအကြောင်း..နင်ဘဲငဆရေး..
နေ့ စဉ်ထုတ်သတင်းစာ..
မှတ်သားစရာ ဘာမပါ..

စစ်ဝတ်စုံနဲ့လူအကြီး..က..လက်ညှိုးတထိုးထိုး
ဒါ ဘာကြီးလဲဟဲ့  ဆိုတဲ့ ဓါတ်ပုံ
စီးပွါးရေးသမားဆီက ဓါးပြတိုက်
မသထာရေစာ..ငွေဘယ်လောက်..
ကြံ့ဖွတ် လက်ဖက်ရည်ဖိုးလှူရတဲ့ဓါတ်ပုံ
ကတော်ကြီးတွေ ပုဝါစုံချ..
အမျိုးသမီးရေးရာ..ဘာညာ
စိန်နားကပ်ရောင် ပြိုင်နေကြပုံ
ဒို့ တာဝန် အရေးသုံးပါး
ဆောင်ပုဒ်သာရှိ.မလုပ်ဖြစ်သည့် စာသား
အားလုံးဟာ.အာဖျံရွှီးသတင်းများ။

စစ်အာဏာရှင်စံနစ်
စာနယ်ဇင်းသမားတွေ..အမှောင်လွှမ်းတဲ့ခေတ်။
ဦးဝင်းတင် ထောင်ထဲကျတာ..၂၀ နှစ်
ကျည်သင့်တဲ့ ဂျပန်သတင်းထောက် ခန်းဂျီးဆန်
အချစ်ကဗျာရေးဆရာ ကိုစောဝေ.
ဓါတ်ပုံအနုပညာ ဘလော့ဂါ နေဘုန်းလတ်
မြန်မာနေရှင်းက အယ်ဒီတာ ဦးသက်ဇင်
ဦးစိန်ဝင်းမောင် နဲ့  အခြားမီဒီယာသမားများ..
မြတ်ခိုင် ကလွဲရင်..အားလုံးသာ ထောင်ထဲသွား..
မှန်တာများ ရေးရသလားဟဲ့..
မဖားတတ်ရင်..အချုပ်ထဲသာဝင်ဟဲ့

ကမ္ဘာသိတရားဝင်ကြေညာထား.
ပီညဲရိုး ရဲ့ ဗမာပြည် အစီရင်ခံစာ
လက်ဝယ်ထားကြောင်းအမှုတဲ့
ဗမာအကြောင်း.ကမ္ဘာ့အကြောင်း
စာနယ်ဇင်းသမားကောင်း မှန်ရင်မသိထိုက်ဘူးလား။

တခါလာ မဲပြာပုဆိုး.
ဟိုမင်းသားနဲ့ ဟိုအဆိုတော်.ဘာညာကွိကွဖြစ်
မော်ဒယ်ဂဲမျက်နှာ..၀က်ခြံ ဘယ်နှစ်ပေါက်ပွင့်
ဒီအကြောင်းတွေ ဘဲ ..ထပ်တလဲလဲ
သတင်းဂျာနယ်တွေထဲ..တဟင့်..ဟင့်
ခြင်ထောင်သံတွေဘဲ နားစွင့်
ဒါဘဲလား..စာနယ်ဇင်းရဲ့ သိက္ခာ..
ဒါတဲ့လား..စာနယ်ဇင်းသမားရဲ့သစ္စာ
ထွီ..စစ်အာဏာရှင်ဖိနပ်အောက်.
ဗမာမီဒီယာ..စုတ်ပြတ်ညစ်ပေစွာ။

ဘာသတင်းမှမရတဲ့ ဗမာ..
ဘာဓါတ်ပုံ မှမထွက်စေရ..
အင်တာနက် နှေးချက် လှုပ်တုတ်တုတ်သာ
ဘင်လာဒင် ရဲ့ ကျောက်လှိုင်ဂူထက်
မဲမှောင်နေတဲ့ ဗမာပြည်ဟာ.
ဘယ်သူမှ မကူ..
မိမိဖာသာ.. ထူ မှ..ထမယ်.။

အနာဂတ်တို့ တွေရဲ့ လူ..
ဒီထက် မဆိုးချင်
မဲမပေး..ဆန္ဒသာပြကြပါတော့ပြည်သူ
ဒို့ မလိုချင်ပါ…တူးတူးခါးခါးဘဲ
စစ်တပ်..အာဏာရှင်..အုပ်စိုးသူ။

မသဒ္ဓါ (၂။၂၇။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */