Saturday, February 16, 2008

ပင့်ကူ လိုသာ ကျင့်


လူဆိုတာ.
အခွင့်အရေးကိုကြည့်
ပျင်းရိရေသာခို
အချောင်လိုက် ရေပေါ်ဆီ
ဥစ္စာ..ဓနပြ တိမ်းညွတ်တတ်သည်။

ဤလူ့ သဘာဝ.
အားနည်းချက်မှ
အသားကိုထိုးစေမဲ့ လောက်
သစ်ကို ဖြတ်စေမဲ့ ပေါက်ဆိန်တစ်ရိုး
မညီကွဲစေတဲ့ နွားတအုပ်..
ဖောက်ထွင်းသွေးခွဲကာ..
ပြည်သူ့ ဘဏ္ဍာသုံး။
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
အာဏာရှင်က အုပ်ချုပ်သွေးခွဲသော်။

အားအင်တွေ စုစည်းထား
သိုးမည်းမ၀င်စေနဲ့ဟေ့။
ဖောက်တွင်းလောက်များဖယ်ရှားကြဟေ့
သိက္ခာတွေ စား.။
လျှာဘဲမြက်ပေါက်သွားပစေဟေ့။
ယုံကြည်ချက် တံတိုင်း
ရာဇ၀င်တွေ မရိုင်းစေနဲ့ ဟေ့။

လက်တဆုတ် တစ်စုအတွက်
တပြည်လုံးက စတေးလျှက်
ထမင်းပွဲမရှိ ပျက်နေတဲ့ မိသားစု
ဆေးဖိုးမရှိ. ငန်းဆေးနဲ့ 
၉၆ ပါးရောဂါ ပျောက်စေရမှု
ပင်စင်စား အဖိုးအဖွား
သေခါနီးနားမှ၊ တောင်းရမ်းစားရ။
ဘုန်းကြီးများ.သွေးခွဲ အုပ်ချုပ်ခံရ
စက္ကူလွတ်ပေါ်။ဘုံးဘောလအော ရိုက်
ဖေါင်းပွလိုက်တဲ့ ဗမာငွေကြေး။
ခလေးတွေကျောင်းသွား.ထောင်ကျော်မုံဘိုး
လူကြားတောင် မကောင်းဘူး။

စစ်တပ်ကဆွဲတဲ့ ဥပဒေ
စစ်သားဘဲကောင်းစား
ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်းပျက်
သွေးခွဲ ပြည်သူနဲ့ စစ်သား.
ဗမာပြည်မှာ..ဥပဒေက လောက်တက်။

ထွက်ပေါက်မရှိတဲ့ Road Map.
သွေးစက်စက်ယိုနေတဲ့ အမိမြေနှလုံးသား
ကြာကြာလေ ပိုပျက်။
အမျိုးကောင်းသမီးတွေ..စစ်သားပျော်တော်ဆက်
နအဖကမှ တကဲ့ အမျိုးဖျက်။

တရံရောအခါ။ စစ်ရှုံးရှင်ဘုရင်တပ်ပျက်
လှိုင်ဂူထံပုန်းအောင်း၊ စိတ်ဓါတ်ကျလျှက်
ဂူအမိုးပေါ်ကကျ။ ဒီ ပင့်ကူငယ်နက်။။
တက်လိုက်..ကျလိုက်.
ကျလိုက်. တက်လိုက်..
စိတ်ဓါတ် အရင်းမူ.
ဇွဲလက်နက်ကို ထူ..
အဆုံးမှာ..အမိုးပေါ်ရောက် အလံထူ။
ရှုကြပါ..ဒီပင့်ကူ
ဇွဲ သာရှိပါစေ..အဆုံးမှာနိုင်မဲ့လူ။
ဒီပုံပြင်..စိတ်ထံစွဲမြဲယူ
ဒို့  လက်မမြောက်စေတနေ့ မှာ..
အောင်လံထူ။
နိုင်ကြရမဲ့ အမှန်တရားဘက်ကလူ။

မသဒ္ဓါ (၂။၁၅။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */