ကျမလင်က စစ်သား။
မြန်မာ့ တပ်မတော်သားပါ။
သူ့  အဖေ ကတပ်ကြပ်။
တသက်လုံးလုပ်ခဲ့သမျှ ၊ သုံးရစ်မှာရပ်။
မောင်ငယ်ငယ်ကတပ်ထဲ၊ နှပ်ချေး တွဲလွဲ
သူငယ်ချင်းများနဲ့ ၊ စစ်တိုက်တမ်းကစား
စစ်ဗိုလ်ကြီးများ ဖြစ်လိုက်ချင်။
ဆယ်တန်းအောင်၊ စစ်တက္ကသိုလ်ရောက်။
မောင်လေ တော်တော်ဂုဏ်မောက်။
အဖေမရဘူးတဲ့ ရာထူး။
သူ့ ၂၀ ကျော် အရွယ်ဦး
ရွှင်ပျော်မြူးမိ။ မာနမိုးထိအောင်။
ကျွန်တော် တကယ်ဟုတ်တဲ့ကောင်။
လက်မတထောင်ထောင်။
ကောင်မလေးတွေထဲ၊ ရေပန်းစား.
ပုံစံကေ ဘဲမြီးတောင်။ ခါချမရ..
စွံ့ လှချည့်၊ ဂျိုကြွ ထောင်ထောင်။
မိုးမမြင် ကြည်နူး။
ဗိုလ်အသစ်ချပ်ချွတ် ကလေး တစ်ဦး။
ကျွန်မ က.ဘွဲ့ တခုရ။
ဖိတ်စာထဲဘဲ အမြီးတတ်ပြ။
တကယ် ဘာမှမတတ်။
ဆန္ဒပြ ကျောင်းပိတ်ခံရ ပညာရပ်။
ကျောင်းမသင်၊ သက်မွေးအတတ် ။
လင်ဖမ်းတဲ့ ပညာရပ်။
ဒါတော့ ကျမတတ်တယ်။
နဖါး ကြိုးတတ်၊ လင်စံရွေး
ဗိုလ်ကလေးတယောက်တော့၊
မိခဲ့ ပါ့ ၊ ကွိကနဲ လေ။
ဗိုလ်ကတော်ပေါက်စ။
ကျမ လှလှပပ။
တနေ့ မှာယောက်ျားက၊ ဘုရင်ရာထူးရ
ကျမက မိဘုရားခေါင်မ။
အတွေးနဲ့ ကြည်နူး
ကျမတို့ အိမ်ထောင်ဦးကာလ။
အပျော်တွေနဲ့ စတယ်။
တဖြည်းဖြည်း အရွယ်ရ.
အမလေး..ရာထူးတက်ဖို့ ရာမလွယ်လှ။
စည်းကမ်းကြီး တယ်ဟန်ပြ။
လာဘ်လာဘ ကပဓါန။
ဗိုလ်မှုးကတော်မမ တွေနဲ့ လဲတည့် မှ။
ဒါမှ အမှတ်တွေ တိုးတိုးရ။
အရုပ်ဆိုး ဗိုလ်များ၊
မမ.. မမ လို့ မညုတတ်သူများ။
ရာတူး တက်ရပ်ထား။
အဖေ အမေက ဘာကောင်လည်း။
ဘယ်လောက် ပေးနိုင်သလည်း။
ဘယ်လောက် ဖားနိုင်သလည်း။
ဘယ်လောက် အသုံးကျနိုင်သလည်း။
ခပ်တော်တော် အတွေးအမြင်ရှိ။ အာဂ ရှိမဲ့လူ..
ဒီလူကို ပင်စင်ပေး ။ တပ်ထဲ မနေရေး။
ခပ်တုံးတုံး ခပ်ဖျင်းဖျင်း၊ ခေါင်းခါ တခါမှမညင်းသူ
ရော့ အင့် ရာထူးယူ၊ နိုင်ငံခြားသွား၊
ပညာသင်ထား။
အိမ်ပြန်ရင် သမီးနဲ့ ပေးစား။
ရှေးဗမာ အစဉ်အဆက်၊
တော်ဝင်ဘဲ သဇင်ဦးတဲ့လက်
အရာရှိအချင်းချင်း။ သားလှယ်သမီးပေး
ယောက္ခမချင်း ပုန်မကန်ရေး၊
ဘေးရန်အေးအောင်။
တော်ဝင်မိသားစု မ၀င်၊
ဘယ်နေရာမှ ဆန့် မ၀င်။
သူတို့ အိမ်ဖော် နားကပ်လောက်ပင်။
ကျမနားကပ်ကမပြောင်ချင်။
မောင် လည်းလေ စိတ်ဓါတ်ကျ၊
ဗိုလ်ကလေးကတော်ဘ၀၊ ဘာမှသုံးမရ။
လခက စားမလောက်၊
စားပေါက်ရတာ ဗိုလ်တိုင်းမဟုတ်၊
ခလေး ၃ ယောက်နဲ့  ဗိုလ်လခ၊ ကြားပေါက်ကမရ။
ဗိုလ်ကတော်ရာထူးနဲ့  ဈေးထွက်ရောင်း။
ဆီပြန်ဟင်းလေးကောင်းကောင်းစားနိုင်အောင်။
တပတ် မှ ၃ရက်၊ ကျမ ဈေးဘဲထွက်နိုင်။
တပ်မှုးကတော်မမက၊ ကျမဆို ကျမမှ သဘောကျ။
အိမ်အခေါ်လွှတ်တဖွဖွ၊ မအားဘူးငြင်းလည်းမရ။
လက်ဖက်သုတ်စား၊ ဆံပင်ဖြူ နှုတ်၊
အတင်းပြော၊ သန်းတုတ်ရအောင်။
ခလေးတွေ အိမ်မှာနေကြ။ ရှိတာ ရှာစားကြ။
အခစား မ၀င်သမျှ ၊ နင့် အဖေရာထူးကမရဘူး၊
ကိုယ်အိမ်မှာသာ ကတော်။
သူများအိမ်မှာ သွားဘုရားအော်။
ဗမာရှင်ဘုရင် စစ်တပ်စံနစ်။
အခုထိစစ်တပ် ထဲကျင့်။
တည့်အောင်ပေါင်းမှ။ မောင်ရှေ့ တန်းမသွားရမှာ။
ခလေးတို့ ရယ်၊
အမေမုဆိုးမမဖြစ်ချင်၊ နားလည်ပေးပါ။
အမျိုးသမီးရေးရာထဲလည်း ဝေလေလေ။
ကြံ့ဖွတ်ယောင်ယောင်၊
ဘာညာဘာညာ ကလေကချေ။
ထောက်ခံပွဲတွေ မတက်မနေရ။
တပ်က အ၀တ်အစားဝယ်ပေး၊ ပုဝါ စုံချ
ဓါတ်ပုံထဲတော့လှမှလှ ။
နေတွေလောင်ပြီး အသားမဲရ။
အားလုံးမစားရ ညှော်ခံတွေ။
အော်..ဗိုလ်ကတော် ဖြစ်ချင်ဦးလေ။
အမလေးလေး၊
စိတ်ကူးထဲ တနေ့ နေ့  ဒေါ်ကြိုင်ကြိုင်လို
သူတပါးလက်အုပ်ချီ ရှိခိုး။
နန်းမတော်ကြီးများ ဖြစ်နိုးနိုး။
ရွှေဘုံစံရမလားတွေး။
အခုတော့ အထင်နဲ့ အမြင်လွဲ။
တပ်မှူးအိမ်..ပန်းကန်ဆေးနေရတဲ့ ဗိုလ်ကတော်။
တပ်မှူးအိမ်..အိမ်သာဆေးနေရတဲ့ ဗိုလ်ကတော်။
တပ်ထဲမှာ။ လုပ်အားပေးအမှိုက်ကောက်၊
အမလေး..ဒီတောင်ကမကျော်ပဲမကျော်။
မောင့် ရာထူး တန်းစီထား။ နံပါတ် ၀မ်းရောက်ဖို့ 
အရှေ့ မှာအယောက်သောင်းဂဏ္ဍန်းကျော်
ဗေဒင်မေး ။ စာချ. ဘယ်ဟာမှ မရတဲ့ခဏ။
နောက်ဆုံးမှာ တပ်သက်ပြည့်၊
မောင် သာအငြိမ်းစားယူဖြစ်၊
ရှင်ဘုရင်အိမ်မက်။ တရေးနိုးပျက်ခဲ့ပြီ။
နံပါတ်ဝမ်း ကတော့၊
ဘယ်တော့မှ ပင်စင်မယူပြီ။
ရှင်ဘုရင်သက်။ သူဘဲသက်တော်ရှည်။
မသဒ္ဓါ (၁၂။၁၃။၂၀၀၇)
Thursday, December 13, 2007
ဗိုလ်ကတော်တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်
Subscribe to:
Post Comments (Atom)
1 comment:
i love this poem so much.
Aunty yay copy yuu thwar pee...
Post a Comment