Sunday, December 30, 2007

"ယမမင်း ရဲ့ တံခါးခေါက်သံ။ စစ်ဆေးရန် ငရဲသို့ ကြွခဲ့ပါရန်"


ဒေါက်..ဒေါက်...ဒေါက်..
အိမ်ရှေ့  အရောက်..လာတံခါးခေါက်
ဆင့်ခေါ်လာတဲ့ ငရဲက တမာန်တော်..
ယမမင်းရဲ့ ရှေ့ ပြေး ဆက်သား။
အချိန်ကျနေပြီ ဦးXXရွှေ့။
မင်းသက်တမ်းကုန်၊ ဇီဝိန်ကြွေ။
လာ လာ လေ လိုက်ခဲ့ပေရော့။
ယမမင်းစံရာ ၊ အပါယ်ဘုံမြေသာ။


မင်းသေတဲ့ အခါ။
ခိုးရာပါ ဥစ္စာ နတ္တိ
ငွေတမတ်တောင် ကူးတို့ ခမပါရှိ၊
ချစ်ရသည် ဆိုသော ခင်မ
မီးပုံထဲခုန်ချ၊ သင့်နှင့် မလိုက်နိုင်။
သူခိုးတာ ငါနဲ့ မဆိုင်တဲ့။
စားတုန်းကအတူတူစားခဲ့ 
ပြစ်ဒဏ်ကျ..တမင်းရည်ပူလျှာနဲ့ လွှဲချ။
စိန်တွေသီးနေတဲ့ သင့်သမီး
တခြားသမီးတွေနဲ့ အမွေလုပြီး စကားများ။
သင့်မြေးမြစ်များ.သင့်အသုဘ ဖဲကစား။
ဘင်ဘယ်ဘုံရောက်၊ သူတို့ မသိ။
အဖိုးသေ၊ မြေးတွေ ၀မ်းသာ၏။

သက်ပျောက်ဆွမ်းစားမဲ့ သံဃာကမရှိ။
မြေဆင်းသပိတ်။ သရဏဂုံတင်မဲ့ သူမရှိ။
သင့်ခန္ဓာပုပ်၊ ကိုင်တွယ်လိုသူမရှိ။
သင့်မျက်နှာမြင်၊ တံတွေးထွေးချင်သူဘဲရှိ။
မလှမပ သင့် ဈာပန၊ အသုဘကမ္မဌာန်းရှုသူမရှိ။
ရက်လည်ဆွမ်း၊ ပရိတ်ရွတ်ပေးမဲ့ သူမရှိ။

သင်သေလို့  အောင်ပွဲခံ။
ပျော်ပါးသူများ တမ္ဘာလုံးအလျှံ
သတင်းဌာနရဲ့ခေါင်းစီး။
သင့်မလှမပ ဓါတ်ပုံကြီး
စာလုံးမည်းကြီးနဲ့ ရေးနေ
“ ခွေးဘီလူး အာဏာရှင်ရူးကြီးသေ။
အားလုံးရေ ၀မ်းသာပေတော့။”


အာဏာရဲ့ ရလာဘ်။ အဓမ္မရဲ့လုပ်ရပ်။
မင်းသေတော့ မင်းနားမှာ ဘယ်သူမရပ်။
မင်း အကုသိုလ်ရဲ့ ၊
အမဲရိပ်ကနောက်မှာမါးမါးမတ်။
ယမမင်း က အမိန့် တော်မှတ်ပြီ။
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်
အပါယ် လေးဘုံ နေရာဝယ်။
ထိုက်ရာလားမဲ့ သူ့ ဘုံအရပ်
လိုက်ခဲ့တော့ ငရဲကြီး ရှစ်ထပ်။

အပြစ်ဝေဖန်၊ အမှုသွားအမှုမှန်။
ဘယ်အထပ်နဲ့ မင်းထိုက်တန်။
ယမမင်း ဝေဖန် ပိုင်းရှူမယ်။
သာသနာကိုညစ်နွမ်းမွဲ။
သံဃာကို ပြစ်မှားရဲ
သံဃာကို နှိပ်စက်. သတ်ရဲတဲ့ အမျက်
ကျောင်းတွေကိုဖျက်။
သံဃာပိုင် ၀တ္တုပစ္စည်းလုယက်။
သံဃာ ဂုဏ်ရည်ဖျက်။
သံဃာမြေကို အပိုင်စီးလျှက်။

ဘုရားဌာပနာ ဖေါက်။
ရတနာတွေ ခြေပေါက်။
ပျောက်ကုန်တာ သူ့ လက်ချက်
စိန်ဖူးတော်က စိန်၊
သူ့ သမီး ကိုယ်ပေါ် ၀င်းထိန်ထိန်။
ဘုရားလှူရွှေပြားအရေပျော်ကျ၊
သူမ ခြေကျင်း ဖြစ်သွားရ။

တပြည်လုံး မွဲတေပြာကျ.
ငိုထားရတဲ့ မျက်ရည်၊
ပြည်လုံးကျွတ် အေးဓမြ။
ကျိန်စာကျနေတဲ့ ငွေ။
သတ်ခဲ့သော အသက်များ။
သွေးပြန်ပေးရမဲ့ အပြစ်တွေ။

တရားမဖက် အာဏာစက်။
နှုတ်ပိတ် တိတ်ဆိတ် အဂတိတွေ။
သူလူများဘက်သား၊ သူများသားသမီးစော်ကား။
မသိ မျက်ကွယ် ပြုထားတာတွေ။

အဂတိလေးပါးနဲ့ မင်း
လိမ်ညာမုသား၊ ပြည်သူကို စော်ကား။
စာနာမထား။ အကြင်နာမဲ့တရား။
ဂရုဏာမရှိ ၊ မုဒိတာ မသိ
ခြေလက်ကားယား ကားကားယား၊
ပြည်သူကိုစော်ကား၏

ဘုရား .ဘုရား...ဘုရား
အမှုသွား အမှုလာ။
များလွန်းလှတဲ့ ပုဒ်မ။
တခုမှ ပေါ့တာမပါ။
နောက်ဆုံးပေါင်းလိုက်တဲ့အခါကျ။
ရှေ့ နေမလို။ အယူခံမလို။
သံဃာဂိုဏ်းခွဲ တဲ့ မင်းမိုက်
ပဉ္စာနန္တိယ ကံကြီးထိုက်
ယမမင်း ဘက်မလိုက်နိုင်ဘူးမောင်မင်း။
" အ၀ီစိငရဲ" သာ။ မင်းဆင်းပေတော့၊
ဒေ၀ဒတ် နဲ့ သာ တူတူ နေရော့၊
ဘယ်အခါမှ လူပြန်မဖြစ်တော့။
အလှည့်ကျရင်..မနွဲ့ ကြစတမ်းပေါ့။

မသဒ္ဓါ (၁၂။၂၉။၂၀၀ရ)

2 comments:

Anonymous said...

စစ်အာဏာရှင်တွေက အဲဒီလမ်းကို မုချမလွဲသွားရမှာပါ မမရေ :)

Anonymous said...

အရမ်းအရမ်းကို ကောင်တဲ့ကဗျာပါဘဲ မသဒ္ဒါရယ်

 
/* EOT ----------------------------------------- */