Tuesday, May 29, 2007

ဒို့ အားလုံးချစ်တဲ့..ဒီလက်ဖက်ရည်ဆိုင်

မင်္ဂလာ နွေတမနက်ခင်း ..ကြည်လင်တဲ့နေခြည်
အိပ်မောကျဌက်တသင်း..နိုးထလို့အော်မြည်
ပန်းငုံဖူးများပွင့်ကြတော့မည်.
လေပြေမှာယိမ်းကာက..၀တ်ရည်မြဖူးတံချီ..
ပျားလိပ်ပြာ..ဟိုဒီံဝဲ..မျိုးကြဲခဲ့အနာဂတ်သို့ရည်
ခွပ်ဒေါင်းကလေးတွေ.. တောင်ပန်ဖြန့်
ညင်သာစွာ ကကြိုးစုံညီ..
ပြာမိုးသား..ထက်ဝလ္လာပေါ်ဆီ..
တေးချိုသီတဲ့ ချိုးဖြူဌက်...သံလွင်ခက်ကိုသယ်ဆောင်ချီ.
အမိမြေဆီအပြန်လမ်း. .ငြိမ်းချမ်းရေးအောင်နိမိတ်ကောင်းနဲ့..အမိမြန်မာပြည်.. တနေုနေ့မှာ..ဖြစ်ကိုဖြစ်ရမည်..ဒို့ယုံကြည်..
လှပတဲ့.. မင်္ဂလာနံနက်ခင်းတခုဆီ

ဒို့အားလုံး..မောင်နှမသားချင်းညီညီ
ခိုင်မာစွာ..တူလက်တွဲ
သမိုင်းသစ်ရေးရဲတဲ့.လက်ဖက်ရည်ဆိုင်ဆီ..
နောင်လာမဲ့မျိုးဆက်များ..
နာကြင်မျက်ရည်..ဒို့များလို...မကျရစေဖို့
အသက်သွေးစက်..ဒို့များလို..မြေမသက်ရစေဖို့
ဆာလောင်မွတ်နေ..ဒို့များလို...မငတ်ကြစေဖို့
စာသင်ခန်းတွေနဲ့ဝေး..ဒို့များလို...မျက်ကန်းမဖြစ်ရစေဖို့
အမှောင်ထုတွေ..ဒို့များလို...မကြောက်ရွံ့ ရစေဖို့
တားဆီးကြိုးများ..ဒို့များလို..မချုပ်နှောင်ရစေဖို့
ပြူတင်းပေါက်တွေ..ဒို့များလို...မပိတ်ဆီးစေဖို့
ချစ်သူတွေနဲ့ဝေး.. ဒို့များလို...မကြေကွဲရစေဖို့
ပျော်ရွင်မှုများ...ဒို့များလို..မပျောက်ဆုံးစေရဖို့
တတတ်တအား..ဘယ်လောက်ဘဲနိုင်နိုင်..
ဝတ္တရားပိုင်ပိုင် ..မင်းတာဝန်ယူနိုင်ပါစေ
ယောင်းရင်းသွေးသောက်တို့တတွေ
အားလုံးပျော်ကြရမဲ့..ဒို့တတွေရဲ့အနာဂတ်
တေးနဲ့ဘဲ...ရေးရေး
သွေးနဲ့ဘဲ...ရေးရေး
ချွေးနဲ့ဘဲ...ရေးရေး...
ပြီးဖို့ကသာ..ပဓါန..
လက်ဖက်ရည်..အဖန်သောက်
ဒီနေရာမှာကြံသလောက်ပြီးကြစို့ရဲ့.
ညောင်ပင်ရိပ်..အေးမြညိုညိုအောက်က
ကူညီကာ..ထောက်ပန့်ကြိုဆိုတဲ့..ဒီလက်ဖက်ရည်ဆိုင်ကို
ကျေးဇူးတင်လို့ဂုဏ်ပြု.ဗမာ့သမိုင်းရဲ့မှတ်တိုင်တခုသို့..

မသဒ္ဓါ (၅။၂၁။၂၀၀၇)

အပြည့်အစုံသို့ 

Sunday, May 27, 2007

ဘ၀ရဲ့စစ်တုရင်ကစားပွဲ

ထိုးမဲ့ဆင်ကနောက်ကို…ခြေတလှမ်းဆုတ်ရုံပြ
နောက်ဆုတ်လို့......ပြေးမယ်များထင်မမှားနဲ
အနားယူ….ဟန်ပြတဲ့ ပရိယာယ်
ကျွံဝင်လာမဲ့...မင့်စစ်ဦးကိုမြှားဆွယ်
အကဲခတ်ရခက်ခဲတဲ့…စစ်ဗျူဟာနည်းနိသာယ
ဘ၀စစ်မြေမှာ..အသုံးချ
ဒို့စစ်နိုင်ရဖို့အရေးကြီးတယ်။
လောကရဲ့..အချိန်စည်းချက်. မျက်ခြေမပြတ်ရေတွက်
ရှေ့တိုးသာရင် ရှေ့တိုး..နောက်ဆုတ်သာရင်နောက်ဆုတ်
ဥာဏ်သရုပ်နဲ့တွေးတော..သင့်သောစစ်ဗျူဟာတွေချ....
ဘ၀မှာ..ဒို့စစ်တုရင်ကစားကြနေ။

ရှေ့တိုးမရန်သူများကို.. အရောင်ပြ
မြင်းသည်တော်တွေနဲ့..ပွဲစပေမဲ့
နောက်နားမှာ..အကွက်ခြောင်း..
စစ်ရထားကောင်းတွေကစောင့်နေ။
သတိသာထားကွယ်..မင်းသိပ်လူရည်မလည်ရင်
ခြုံကြားကသူ့စစ်သားငယ်များ..မင်းဘုရင်မကိုဖမ်းစားနိုင်
ဥာဏ်ကို ဥာဏ်နဲ့ကစား
လက်ရုံးရည်ထက်.နှလုံးရည်ဟာ.အမြဲသာနေတဲ့အခါ.
ဘ၀ဟာ..စိတ်ဝင်စားစရာစစ်တုရင်ပွဲ
တချက်ကောင်းဘဲ...မင်းမိဖို့လိုတယ်။

မသဒ္ဓါ

အပြည့်အစုံသို့ 

ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ခြင်း

ကန်ထဲက ရေတပွက်ပမာ
လူ့ဘ၀ဆိုတာ ခဏနေခိုက်
ချမ်းသာလိုက် ဆင်းရဲလိုက်
နိမ့်တုံ မြင့်တုံ ဘယ်ဘုံမှမမြဲ
မျှော်လင့်အားခဲတိုင်းလည်း မဖြစ်
မျှော်လင့်မထားတဲ့ အရာတွေက လာဖြစ်
စိတ်တော့ ညစ်စရာပဲနော်။

လောကဓံ မုန်တိုင်းရဲ့ကြား
ဒေါသလှိုင်းတွေကလည်း…..ဆူ
သောကတံတိုင်းကလည်း …ထူ
မိစ္ဆိယမှိုင်းတွေကလည်း ကလူ..ကလူ
မောဟရိုင်းတွေကလည်း တံခွန်ထူ
အတ္တတွေ ၀ိုင်းရံနေတဲ့လူ
အမှန်ကို သတိမူမိခဲ့လည်း
ဝန်ချပြင်ဆင်ဖို့ကျ ခက်ခဲ
မာန်မာနက သရုပ်သဏ္ဍန်လွဲနေ
ဆိတ်သားရေ ဖုံးထားခဲ့တဲ့ဆင်သေ။

လောဘရဲ့ အမှောင်တွေဖုံး
အပြုံးမပါတဲ့ ဘဝ
စိန် ရွှေ ငွေ တွေအပေါ်ဖြန့်အိပ်နေရပေမယ့်
နှလုံးသားက ဆိတ်သုန်း
အပျော်များလည်း သေဆုံး
သိက္ခာများလည်း ဆုံးရှုံး
အပေါ်ဖုံးရွှေမှင်ရေးများ တစ်ဖြည်းဖြည်းကွာကျလာမှ
အဖြေရှာမိခဲ့ ကိုယ့်ဖာသာ
ရှင်ရက်နဲ့ ဘ၀သေခဲ့ရပြီ ငါ..

မသဒ္ဓါ

အပြည့်အစုံသို့ 

လောင်မီးကျတော့ မဲ့ ... မိုးကောင်းကင်

အဆင်းခက်တာ..မဟုတ်ရပါဘူး
မဆင်းရဲတာကမှ..တကဲ့ပြဿနာ..
ဟောင်းမြင်းနေတဲ့ကောင်းကင်ပြင်ထု
ပေါက်လုလု..အိုဇုန်းလွှာ..
တဖြေးဖြေး ...ခြလိုလှိုက်စား..
ယိုယွင်းနေတာ အများအသိ..

မြေပြင်ကိုအမှီသဟဲ
ကောင်းကင်လည်း လှမြဲဓမ္မတာ။..
မြေပထ၀ီကျေးဇူးမှ...မသိရင်
ကောင်းကင်လည်း မမြဲပါအစဉ်..

မြေသားကိုနင်းချေ အသွေးစုတ်..
ရာသီတွေလည်းဆုတ်ယုတ်..
တိမ်တောင်တွေလည်းပြုန်းပြုတ်
ကောင်းကင်လည်း တဖြေးဖြေးစုတ်ပြတ်..
အားလုံးငတ်ကုန်ကြတော့မှာ...
ဘယ်သူတွေလဲ..ဒို့နိုင်ငံကိုချစ်တယ်ဆို...ညာ

ဆင်ခြင်တတ်တဲ့ ဦးဏှောက်နဲ့စဉ်းစား
ကြင်နာတတ်တဲ့နှလုံ့းသားလေးနဲ့ခံစား
ကိုယ်ဗိုက်ဆာတတ်ရင်..သူများလဲလေ.ဗိုက်ဆာမှာပေါ့
လူသားပီပီသသစဉ်းစား
မြေကြီးကို..နင်းချေထားရုံလေးနဲ့များ
ကောင်းကင်သားက..တသက်လုံးမြဲမှာမှ မဟုတ်
ရေတပွက်စာ...မျက်တောင်တခတ်
ကွေးသောလက်များ။မဆန့်ကားသေးခင်..အနိစ္စတရားကနှိပ်စက်
ဖုံးမရတဲ့..ပက်လက်အမှန်တရား
မြေကြီးရဲ့ ကျိန်စာများ...မင်းပြန်ခံစား
ကောင်းကင်တောင်....မီးပြာကျသွားမယ်.မှတ်။

မသဒ္ဒါ
၎။၆။၂၀၀၇

အပြည့်အစုံသို့ 

စည်းလုံးလို့ စွမ်းအားဆောင်.. ပြည်သစ်သို့ရောက်အောင်

ရှေးနှစ်ပေါင်းများစွာကည်းက
ဒီမြေပေါ်နေ..ဒီရေကိုအတူသောက်
ဒို့တတွေဟာ..တမိထည်းပေါက်သားချင်းများ
အားလုံးဟာ ဗမာပြည်သားတွေ..

ဗမာ ရှမ်း မွန် ရခိုင် ကယား
ချင်း ကချင် ကရင် အစပြုထား
၁၃၅ သော မျိုးနွယ်လူမျိုးစု..
အဖေါ်ပြုအချင်းချင်း ..သွေးချင်နီးတဲ့ဒီနယ်မြေ
အမိရယ်တဲ့ မြန်မာပြည်။

စာစကားတွေကွဲပြား..၀တ်ဆင်ပုံတွေခြားနား
ဓလေ့များအထွေထွေ..ကိုးကွယ်ရာဘာသာတွေအဖုံဖုံ
တောင်ပေါ်မြေပြန့်..နေရာအနှံ့စုံပေမဲ့..
အသည်းနှလုံးမှာ..နိုင်ငံကိုချစ်တတ်.
စည်းရုံးခြင်းစိတ်ဓါတ်နဲ့.အတူတူလက်တွဲကာ
လွတ်လပ်ရေးပန်းပွင့်ကို....ဆွတ်ခြူလို..
ငြိမ်းချမ်းသောလောကသစ် ကိုကြိုဆိုလို။

နယ်ကျူးလာတဲ့စစ်ဘီလူး
ရေစက်ခွက်ကလေးအရောင်ပြ..ဘုန်းကြီးကိုဦးကလေးချရုံနဲ့
ဗုဒ္ဒ ဘာသာနွယ်ဘွား...ဒါကိုဗမာများလို့အမြင်မလွဲစေချင်
မယ်သီတာကိုဖျားယောင်း.ဘုန်းကြီးခေါင်းဆောင်းထားခဲ့တဲ့ ဒဿဂီရိ
အမှန်ကိုမြင်ကြည့်လှဲ့ပါ..မောင်နှမများတို့

ယုတ်ညစ်ပတ်တဲ့ အာဏာရှင်တွေက
တို့အားအင်တွေကိုဖြိုခွဲ..တို့ဘာသာလူမျိုးကိုနှိမ်နေခဲ့လည်း
တို့များတွေ...သွေးမကွဲစေချင်
အစည်းမပြေသင့်တဲ့ ထင်းချောင်းကလေးများ
အတိုအရှည်မတူလည်း စုစည်းခိုင်မာတဲ့လက်ချောင်းကလေးများ
အားအင်ကို တဖန်စုစည်း..
တို့ပြည်တောင်စုကြီးလွတ်လပ်ရေး
ပါဝင်နွဲဖို့အရေး...ဒို့အရေး...ဒို့အရေး

မသဒ္ဓါ ၂။၁၁။၂၀၀၇

အပြည့်အစုံသို့ 

အမည်မသိ..အာဇာနည်အမေသို့ လွမ်းချင်းတပုဒ်

မိုးမည်းတွေကြွေနေတဲ့ည
ဦးချလို့ ကိုယ်နှုတ်ဆက်
အမေ့မျက်နှာထက်က..ကျလုလုမျက်ရည်
အံခဲကာထိန်းချုပ်..မပူပုံလုပ်ခဲ့ပေမဲ့
ဘယ်တော့ပြန်တွေ့ ရမယ်မှန်းမသိ
အနာဂတ်မရှိတဲ့..အမိမြေ..
အနာဂတ်ရှိအောင်လုပ်ပေးရေး
သားမောင်ကို အားပေးခဲ့တဲ့အမေ..
လူမသိ..သူမသိ အာဇာနည်မြန်မာလုံမေ

၈၈ ရဲ့သားကောင်း.အမေ့သား.
လိမ်ညာမှုကိုအမှန်တရားနဲ့တွန်းလှန်တိုက်
ခွပ်ဒေါင်းရဲ့ရဲရင့်တဲ့စိတ်ဓါတ်..နီရဲတဲ့မြန်မာသွေး
သားသွေးကြောထဲမှာစီးနေ
အမေချစ်တဲ့အဖေတူသား..
ကျွန်တော်စစ်ထွက်သွားရတော့မယ်..
မငိုလိုက်ပါနဲ့ .. အမေရယ်

အိမ်ဆိုတဲ့အရာနဲ့ ဝေး..တောတောင်ထဲမှာဆွေး
အချစ်ရေးထက်ဦးစားပေးခဲ့တဲ့.တော်လှန်ရေး
ဝိဥာဉ်နဲ့ အသက်ပေး လက်နက်ကိုင်တပ်သား
ရင်မှာဘယ်လောက်ဘဲတင်းထားတင်းထား
စိတ်ထဲမှာ..အမေ့ရဲ့ရင်ခွင်..
တိုးဝင်အိပ်စက်..လွမ်းအိမ်မက်များစွာ

ညည.လမ်းထဲမှာခွေးဟောင်သံကြား
သားပြန်လာသလားလို့ အမေလန့်ကာနိုး
ကပြင်ဝကချွတ်နင်းဝင်လာမဲ့ သားခြေသံများကြားရနိုးနိုး
မျှော်ကိုးကာ အိပ်ရေးပျက်..
အမေ့ရဲ့ငရဲရက်များ..ရေမတွက်နိုင်အောင်..

သားကြိုက်ရာဟင်းကိုချက်
ထမင်းစားပွဲမှာထိုင်ကာစောင့်ငေး
ပြန်လာရေး..မရေရာတဲ့သား
ဘယ်အရပ်များမှာပါလိမ့်
သေသည်ရှင်သည်မသိရ
အပူစရင်မှာနွေ..မျက်လုံးရီဝေ
အမှောင်တိမ်သလ္လာဖုံးချေ
အသက်နဲ့ ဝိဥာဉ်ပျက်ကြေ
ပန်းပွင့်ခြောက်သို့ မြေခကြွေ..

ခုနှစ်လီမိုး..ဆောင်းခုနှစ်ကြိမ်..
ပြောင်းခဲ့ပြန်သော်ငြား
တရက်မှ..မမေ့ရက်အားအောင်.
မောင်…သတိရနေ
ကောင်းရာသုဂတိလားပါစေ..အမေ

မသဒ္ဓါ (၅။၁၂။၂၀၀၇)
သားကောင်းအာဇာနည် အမေများသို့..ဂုဏ်ပြုလျက်

အပြည့်အစုံသို့ 

Sunday, May 20, 2007

အမေ့ရင်ခွင်သို့မျှော်မှန်း...ချစ်သမီးအလွမ်းပြေ

မြူတံတိုင်းရစ်ဆိုင်း..တောနဲ့တောင်ခြေ
ဟေ၀န်နန်းဘွေ..စိမ်းလန်းမြရွက်တွေ
ပုရစ်ဖူးဝေေ၀..ကျေးသာရကာပျော်မြူး
ရိုးမအလှ..အမိမြန်မာပြေ

ကြည်လင်တဲ့နေခြည်အောက် ..
တေးသီနေ...ဌက်ကလေးတို့တတွေ
ငွေနားကွပ်..ဂွမ်းတိမ်တောင်အခြေ
ပြာလဲ့လဲ့ ကြည်လင်အေးတဲ့နဒီမြစ်ရေ
ဒီဧရာဝတီမြေ..အလှပန်းဝေေ၀

မြကတ္တီပါ..စိမ်းကော်ဇောလို.
ယိမ်းကတဲ့ ကောက်ပင် လယ်မြေ
ဆွမ်းတော်ဗျို့.လို့.အော်.. ကြေးစည်သံနားဝင်ချိုစေ
အလှူ ဒီရေစက် ရိုးရာမပျက် ဗျောစည်သံဝေ
သာသနာရောင်ဝါထွန်းနေ
မြန်မာပြည်...လွမ်းမိပါသည်..အမေ

ရိုးသားလို့ ကြည်လင်..ဂရုဏာနဲ့ယှဉ်
အေးဆေးလို့ တည်ငြီမ် .. မေတ္တာရိပ်တွင်
သတိတရပျော်ရွှင်..လုံခြုံဘူးတဲ့ရင်ခွင်
အဝေးရောက်နေစဉ်..မမေ့ဘူး..ကျေးဇူးအစဉ်..
တနေ့နေ့တွင်..
ပြန်လာချင်တယ်..အမေ့ရဲ့ရင်ခွင်.

မသဒ္ဓါ

အပြည့်အစုံသို့ 

ပြေးလမ်းပေါ်က....လူ...

ဘ၀ဟာ ပြေးလမ်းများနဲ့တူ...
ကိုယ်ဟာ..လေ...ပြေးလမ်းပေါ်ကလူ..
ထာဝစဉ် ပြေးလို့သွားမဲ့သူ...
မညူမစူ...ဇွဲ လည်းမလျှော့ မဲ့သူ..
ခိုင်မာတဲ့..စိတ် ဓါတ်များနဲ့..အတူ...
ဟေ့....ပြေးကြစို့တူတူ..

တာ၇ှည်မှာ သက်လုံကောင်းဖို့ လို..
မှန်မှန်သာ.... ပြေးလို့သွားဖို့ ဆို
ပန်းတိုင်ဟာ လက်တကမ်းအကွေ့မှာ ကြို
အသာစံချင် အနာခံဇွဲမလျှော့ လို

ခ၇ီးလမ်းပေါ်...အတွေ့အကြုံများ ...အဖုံဖုံ
ဘေးတီးကြ မဲ့..စကားတွေလဲ....ဆုံ
အပြုံးနဲ့သာ....ဖြတ်ကျော်လာစေ....ယုံ...
ဘ၀ ဆိုတာ.... အနိမ့်အမြင့်များနဲ့ ....ကြုံ

ဘာမဆို....မင်း၇င်ဆိုင်စေချင်
ဘ၀ မှာ.... အဆိုးတွေကြူံ လာ၇င်..
ဇွဲမာန်သာ..မင်းပိုင်ဆိုင်စေအစဉ်
၇ဲဝံ့ စွာ... ဖြတ်ကျော် လာနိုင်၇င်..
လမ်းဆုံးမှာ...မင်းနိုင်..နိုင်ပြီပင်....

သဒ္ဓါ

အပြည့်အစုံသို့ 

နောက်ကားကျော်မယ်... ဘေးဖယ်...

လောက၇ဲ့.နိယာမ...ဘယ် အ၇ာကမှမမြဲ
ခဏကလေးပဲ နေ၇တဲ့.ဘဝ
ပြေးလမိးပေါ်ကားတွေလို
အားအင်၇ှိတဲ့.တဒင်္ဂ..
အေ၇ှ့.ကနေ ပြေး..
ဘယ်လောက် ဝေးဝေး
မင်း ပြေး..
နိုင်သလဲဆိုတာ မင်း သက်လုံပေါ်မူတည်နေ။

သန်စွမ်းဆဲ.. အခုနေဘ၀..
မင်းအသုံးချသူငယ်ချင်း..
မြန်ဆန်ဆဲ.. တခဏ..
မင်းမ၇ှုံး ၇စေ နဲ့.သူငယ်ချင်း..
အချိန် နဲ. ဒီေ၇...လူတွေ ကို မစောင့်..
စိတ် ဓါတ် ကို ၇ှင်အောင်မွေး....
မသေပေးနဲ့ သူငယ်ချင်း..

မင်းဘယ် လောက်ပဲ သန်စွမ်း သန်စွမ်း
မင်းဘယ် လောက်ပဲ မျှော်မှန်း မျှော်မှန်း
အချိန်တန်တဲ့အချိန်ကျ
သန် မြန်တဲ့ အနောက် နားက..
နောက်ကား..ကျော် မယ်..
မင်း ဘေးဖယ်တော့.......

သဒွါ

အပြည့်အစုံသို့ 

မချန်အပ်တဲ့ဆ၇ာစား.ချန်ထားခဲ့ပါသူငယ်ချင်း။


အရင်လူထက်စာ..နောက်လူထွင်တာပိုကောင်း..
စာဆိုဟောင်းထဲမှာရှိတယ်
ရှေ့လူများချန်ထားမဲ့ပညာ..
လိုတာတွေနောက်လူကဆက်ဖြည့်
လူ့ဘောင်သစ်ကို…ကောင်းကျိုးဖြစ်စေ
မချန်ထားအပ်တဲ့ဆရာစား..မင်းမသေခင်ချန်ရစ်သွား
မင်းတော်ခဲ့တာ..မင်းအသိ..အများလည်းအသိ။
ဖွက်ခဲ့ရင်..ဘာအဓိပ္ပါယ်မှမရှိ
မင်းရဲ့ပညာ..နောက်လူများကပြည့်စုံအောင်ဆက်ဖြည့်
မင်းလဲလေသဲတပွင့် ပါဝင်ရစ်ပါဦး။
လျှော်ဖွတ်သင့်..မာန်မာန..အတ္တ ကိုအသာချ။
အမှန်ပြူတင်းပေါက် များကိုဖွင့်ကြစို့ရဲ့။

ဒို့ဘိုးဘွားစိုက်ခဲ့တဲ့သရက်သီး. ဒို့မြီးခဲ့ကြ
ဒို့စိုက်မဲ့သရက်ပင်.မြေးမြစ်များအသုံးဝင်စေချင်။..
မင်း..သာဓုခေါ်နိုင်စေ။

အနာဂတ်ရဲ့ရင်သွေးများ. ဒို့အနောက်နားမှာလာနေ
ဒို့များတွေလိုစမ်းတ၀ါးဝါး..သူတို့ဗျာမများစေချင်
ပေးခဲ့လေ..ဘယ်နေရာမှာ..အလင်းရောင်တွေရှိ..
ပြောခဲ့ပါ..ဘယ်ဆီမှာ..အစာရေစာတွေရှိ.
ရေးခဲ့လေ..ဘယ်အကွေ့..မှာ..ဆုလာဘ်တွေရှိ.
သတိပေးခဲ့လေ..ဘယ်နားမှာ..ထောင်ချောက်တွေရှိ.
ဒို့လာခဲ့တဲ့လမ်းအကြောင်း.. ဒို့တတွေကောင်းကောင်းသိနှင့်ပြီးသား
နောင်မျိုးဆက်များအတွက် ခြေရာတွေချန်ရစ်ခဲ့ထား
မင်းနဲ့ ဒို့တတွေ.. ရာဇ၀င်ထည်းမသွားခင်။

မသဒ္ဓါ
၁။၂။၂၀၀၇

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */