မင်္ဂလာ နွေတမနက်ခင်း ..ကြည်လင်တဲ့နေခြည်
အိပ်မောကျဌက်တသင်း..နိုးထလို့အော်မြည်
ပန်းငုံဖူးများပွင့်ကြတော့မည်.
လေပြေမှာယိမ်းကာက..၀တ်ရည်မြဖူးတံချီ..
ပျားလိပ်ပြာ..ဟိုဒီံဝဲ..မျိုးကြဲခဲ့အနာဂတ်သို့ရည်
ခွပ်ဒေါင်းကလေးတွေ.. တောင်ပန်ဖြန့်
ညင်သာစွာ ကကြိုးစုံညီ..
ပြာမိုးသား..ထက်ဝလ္လာပေါ်ဆီ..
တေးချိုသီတဲ့ ချိုးဖြူဌက်...သံလွင်ခက်ကိုသယ်ဆောင်ချီ.
အမိမြေဆီအပြန်လမ်း. .ငြိမ်းချမ်းရေးအောင်နိမိတ်ကောင်းနဲ့..အမိမြန်မာပြည်.. တနေုနေ့မှာ..ဖြစ်ကိုဖြစ်ရမည်..ဒို့ယုံကြည်..
လှပတဲ့.. မင်္ဂလာနံနက်ခင်းတခုဆီ
ဒို့အားလုံး..မောင်နှမသားချင်းညီညီ
ခိုင်မာစွာ..တူလက်တွဲ
သမိုင်းသစ်ရေးရဲတဲ့.လက်ဖက်ရည်ဆိုင်ဆီ..
နောင်လာမဲ့မျိုးဆက်များ..
နာကြင်မျက်ရည်..ဒို့များလို...မကျရစေဖို့
အသက်သွေးစက်..ဒို့များလို..မြေမသက်ရစေဖို့
ဆာလောင်မွတ်နေ..ဒို့များလို...မငတ်ကြစေဖို့
စာသင်ခန်းတွေနဲ့ဝေး..ဒို့များလို...မျက်ကန်းမဖြစ်ရစေဖို့
အမှောင်ထုတွေ..ဒို့များလို...မကြောက်ရွံ့ ရစေဖို့
တားဆီးကြိုးများ..ဒို့များလို..မချုပ်နှောင်ရစေဖို့
ပြူတင်းပေါက်တွေ..ဒို့များလို...မပိတ်ဆီးစေဖို့
ချစ်သူတွေနဲ့ဝေး.. ဒို့များလို...မကြေကွဲရစေဖို့
ပျော်ရွင်မှုများ...ဒို့များလို..မပျောက်ဆုံးစေရဖို့
တတတ်တအား..ဘယ်လောက်ဘဲနိုင်နိုင်..
ဝတ္တရားပိုင်ပိုင် ..မင်းတာဝန်ယူနိုင်ပါစေ
ယောင်းရင်းသွေးသောက်တို့တတွေ
အားလုံးပျော်ကြရမဲ့..ဒို့တတွေရဲ့အနာဂတ်
တေးနဲ့ဘဲ...ရေးရေး
သွေးနဲ့ဘဲ...ရေးရေး
ချွေးနဲ့ဘဲ...ရေးရေး...
ပြီးဖို့ကသာ..ပဓါန..
လက်ဖက်ရည်..အဖန်သောက်
ဒီနေရာမှာကြံသလောက်ပြီးကြစို့ရဲ့.
ညောင်ပင်ရိပ်..အေးမြညိုညိုအောက်က
ကူညီကာ..ထောက်ပန့်ကြိုဆိုတဲ့..ဒီလက်ဖက်ရည်ဆိုင်ကို
ကျေးဇူးတင်လို့ဂုဏ်ပြု.ဗမာ့သမိုင်းရဲ့မှတ်တိုင်တခုသို့..
မသဒ္ဓါ (၅။၂၁။၂၀၀၇)

1 comment:
ကဗျာလေး အရမ်းကောင်းတယ်ဗျာ။ ဆက်ရေးပါ .. အားပေးနေပါတယ်။
Post a Comment