အဆင်းခက်တာ..မဟုတ်ရပါဘူး
မဆင်းရဲတာကမှ..တကဲ့ပြဿနာ..
ဟောင်းမြင်းနေတဲ့ကောင်းကင်ပြင်ထု
ပေါက်လုလု..အိုဇုန်းလွှာ..
တဖြေးဖြေး ...ခြလိုလှိုက်စား..
ယိုယွင်းနေတာ အများအသိ..
မြေပြင်ကိုအမှီသဟဲ
ကောင်းကင်လည်း လှမြဲဓမ္မတာ။..
မြေပထ၀ီကျေးဇူးမှ...မသိရင်
ကောင်းကင်လည်း မမြဲပါအစဉ်..
မြေသားကိုနင်းချေ အသွေးစုတ်..
ရာသီတွေလည်းဆုတ်ယုတ်..
တိမ်တောင်တွေလည်းပြုန်းပြုတ်
ကောင်းကင်လည်း တဖြေးဖြေးစုတ်ပြတ်..
အားလုံးငတ်ကုန်ကြတော့မှာ...
ဘယ်သူတွေလဲ..ဒို့နိုင်ငံကိုချစ်တယ်ဆို...ညာ
ဆင်ခြင်တတ်တဲ့ ဦးဏှောက်နဲ့စဉ်းစား
ကြင်နာတတ်တဲ့နှလုံ့းသားလေးနဲ့ခံစား
ကိုယ်ဗိုက်ဆာတတ်ရင်..သူများလဲလေ.ဗိုက်ဆာမှာပေါ့
လူသားပီပီသသစဉ်းစား
မြေကြီးကို..နင်းချေထားရုံလေးနဲ့များ
ကောင်းကင်သားက..တသက်လုံးမြဲမှာမှ မဟုတ်
ရေတပွက်စာ...မျက်တောင်တခတ်
ကွေးသောလက်များ။မဆန့်ကားသေးခင်..အနိစ္စတရားကနှိပ်စက်
ဖုံးမရတဲ့..ပက်လက်အမှန်တရား
မြေကြီးရဲ့ ကျိန်စာများ...မင်းပြန်ခံစား
ကောင်းကင်တောင်....မီးပြာကျသွားမယ်.မှတ်။
မသဒ္ဒါ
၎။၆။၂၀၀၇
Sunday, May 27, 2007
လောင်မီးကျတော့ မဲ့ ... မိုးကောင်းကင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment