Monday, December 17, 2007

အသင်.ဘယ်မှာလဲ? .နိုးထလှဲ့ တော၊့ မင်းကြီးရန်နောင်။

ရာဇ၀င်သမိုင်းအဆက်ဆက်
ထွန်းလင်းလက်တဲ့ ဇာတိမာန်။
သူရဲကောင်းများရဲ့ သရုပ်သဏ္ဍာန်။
မြန်မာ့ အမျိုးကောင်းသား။
တပ်မတော်ထဲမှာ ရှိနေပါတယ်။

သူ့ ကျွန်သဘောက်၊ ဘ၀အောက်မှ၊
ကယ်ဆယ်ပေးတဲ့ တပ်မတော်။

တိုင်းပြည် ရန်စွယ်ကတုတ်၊
တွန်းလှန်ထုတ်တဲ့ တပ်မတော်။

ထိပါးစော်ကား၊ နယ်ချဲများကို
ကာကွယ်ခဲ့တဲ့ တပ်မတော်။

ပြည်သူလေးစား
ပန်းကုံးများနဲ့ ကမ်းလင့်ကြို။

ဦးသန်းရွှေလက်ထက်
ခေတ်မီတဲ့ မြန်မာ့တပ်မတော်
ဘုန်းကြီးသတ်လို့ ကမ္ဘာကျော်
ကျောင်းသားသတ်တဲ့ နာမည်ကျော်
မုဒိန်းကျင့်တဲ့ မသူတော်။
ရွာမီးရှို့ ဖျက်.ဒါးပြသက်သက်
ဘုန်းကြီးကျောင်းဖျက်. ယုတ်မာလျှက်
ထောင်ထဲနှိပ်စက် ဆက်ကြေးမက်။

မကောင်းမှန်သမျှ၊ နံမည်တတ်ပေးကြရုံ
စစ်တပ်က၊ အစွမ်းကုန်ပေါ့။
အဆင့် အဆင့်၊ လက်သရမ်း၊
တပြည်လုံးမှာ၊ ဇာတ်ကြမ်း၊
အလီဘာဘာနဲ့ ခိုးသား၄၀ ဇာတ်လမ်း၊
ဒို့ ဘုန်းကြီးမျိုး၊ မကြာခင်ကန်းတော့မယ်။

မရှိကြတော့ဘူး လား ?
တယောက် တလေများ
မင်းကြီးရန်နောင်ကဲ့သို့ုလူစား
မကြောက်မရွံ့ ၊အသက်စွန့် နွယ်ဘွား။
သတ္တိနဲ့ စစ်အာဇာနည် ယောက်ျား။
ပြည်သူ များအတွက်။ သာသနာတော်အတွက်။

စစ်သား ၅သိန်းကျော်ထဲက
တယောက်ဘဲရှိရှိ၊ ရဲရင့် သောအာဇာနည်.
ရှိရင် ထွက်ခဲ့စေချင်ပါသည်။

ဒီအချိန်ဟာ..စစ်အာဏာရှင်အတွက်
အမှောင် တဖြေးဖြေးသက်၊
ဒါက အချက်။ မင်း အကွက်ဘဲ။
မင်း သာလုပ်ရဲ…မင်းဟာအာဇာနည်ဘဲ။
မင်းသာစွန့် ရဲ..မင်းဟာ သူရဲကောင်းဘဲ။

လုပ်ကြံဖီဆန်၊ အာဏာလုပုန်ကန်၊
အဆိပ်တစ်စက်။ ဒါးတစ်ချက်
ကျည်ဆန်တစ်တောင့် ။ ဗုံးတစ်ပေါက်။
မအောင်မြင်၊ ကျရှုံးတောင်
မင်းဘက်မှာ၊ တပြည်လုံး။
မင်းနံမည်ကျော်၊..တကမ္ဘာလုံး။
မင်းရာဇ၀င်၊ နှစ်တသောင်းတိုင် တွင်၊
မင်းသားမြေး၊ အဆက်ဆက်၊
မင်းအတွက်၊ ဂုဏ်ယူစေလိုလျှင်၊
သတ္တိဘဲ လိုမယ်။ ဗျတ္တိဘဲ လိုတယ်။
သေတနေ့ ။ မွေးတနေ့ 
သားကောင်း ဇာနည်နွယ်။
စွန့် လွှတ်ရဲ ရမယ်။

သေရင်မြေကြီး။ ရှင်ရွှေထီး
မင်းမှာ လက်နက်ရှိ.
မင်းမှာ လူသူ ရှိ။
မင်းမှာ အာဏာရှိ။
ဥပါယ်တမျဉ် သုံး
ဇက်ကိုပိုင်အောင် အစတုံး။
မင်းယုတ်အတွက် နိဂုံး။

လာဘ်ဘဲစားသည့် လူအိုမင်းများ။
တိုင်းပြည်ဖျက် မင်းများ။
ဘာသာဖျက် ဒိဠိများ။
မင်းရှင်းထား၊ အနာဂတ်များလင်းအောင်။
မင်းသာ သာသနာ့အတွက်၊ အမာခံဦးသျှောင်၊

ဘယ်သူ လူစွမ်းကောင်းပါလည်း ?
ဗိုက်ခွဲ အူဆွဲ၊ မိုက်ရူးရဲသူ မလို။
လက်သည်းကြားထဲ၊ အပ်စိုက်မဲ့ လူသာလို၊
မြန်ပြည် ဂုဏ်ဝင့် ။
သာသနာမြင့်စေမဲ့ စစ်သူရဲကောင်း။
မျိုးနွယ်ဂုဏ် တင့်စေမဲ့ စစ်သူရဲကောင်း။
ယိမ်းနွဲ့ ပါးဒါး တစ်ချောင်း နဲ့ 
ခေတ်သမိုင်း ရဲ့ စာမျက်နှာ…
မင်းနံမည် ရေးထိုးထားခဲ့ပါ။

မသဒ္ဓါ ( ၁၂။၁၅။၂၀၀၇)
သတ္တိရှင် မင်းကြီးရန်နောင်များသို့ 

No comments:

 
/* EOT ----------------------------------------- */