Friday, December 14, 2007

အညတြရဲ့စစ်သည်ငယ် ၏ မျှော်လင့်မှု။


နှင်းမှုန် ဖွဖွ။ ဖြူ လွလွသည်
ကောင်းကင် ဆီက၊ေ၀၀ဲ့ကျနေ။
ရှစ်ခွင်ကြည့်တိုင်း။ အုံ့ မှိုင်းမှောင်မဲ
နှင်းမုန်တိုင်းစ။ မော်စကိုရဲ့ ဆောင်းတည။

မီးလင်းဖိုနား။ ရှေုတိုးထားလည်း
အသဲ ခိုက်ထိ။ ချမ်း၏ မရွှင်။
အိမ်ပြန်ချင်သည်။
အမေ့ အိမ်လွမ်း။ ချစ်သူ့ ကိုနမ်းချင်။
မောင် အဝေးမှာ ပညာသင်။

အများအမြင်။ ငွေကရွှင်။
ပုခုံးထက်က ငွေကြယ်စင်။
ရုရှစစ်ပညာသင် ကျောင်းသား။
အမှန်က
ကျနော် လည်း၊ လူငယ်တစ်ဦးပါ။
ချစ်တတ်၊ ခင်တတ်။ ကြင်နာတတ်။
လူမှ မသတ်ချင်ဘဲ။
ဝမ်းတထွာအတွက် စစ်ထဲရောက်။
ကျနော်လည်း၊ သေမှာကြောက်တာဘဲ။
အသည်းနှလုံးလည်း၊ ခင်ဗျားတို့ လိုပါဘဲဗျာ။

ဆယ်ကျော်သက်ဘ၀။
လူတိုင်းဟာ၊ မြောက်ကြွကြွ။
သဘာဝပါဘဲ။
ကိုယ်သာဘဲ အကုန်သိ၊
မိဘကို ငါတကော ကောကြည့်၊
ခြေစုန်ကန်သည့်၊
လေဟုန် ပျံချင်သည့် လူငယ်။
စစ်တက္ကသိုလ် ရောက်ခဲ့တယ်။

ယောက်ျားဘာဝ၊
ကောင်မလေးတွေ ကျရင်၊ သဘောခွေ့ ရ
လောကီသားဘဲဗျာ။
အာဏာနဲ့ မိန်းမ၊
ဘယ်သူသဘောမကျ ရှိမလည်း။
ကျနော့ မှာ ရာထူး။
တနေ့ နေ့ တော့ တပ်မှုးတော့၊ အနည်းဆုံးဖြစ်မှာ။

တသွေး၊ တသံတမိန့် ၊
ကြောက်ရွံ့ တုန်၊ ဖိန့် ဖိန့် 
စည်းကျပ်တဲ့ စစ်ဥပဒေများ။
အထက်ပေးတဲ့ အမိန့် က မတရား။
ဒီလောက်တောင် ကျနော်စာသင်ထားမှ။
မှားနေတာ ကျနော်သိတာဘဲ။
လုပ်က လည်း မလုပ်ချင်။
ဖြစ်နိုင်ရင်လေ။
(၃) နှစ်သားလို ၊ ကျနော်လေခေါင်းခါငြင်း၊
ဟင့်အင်းမှ၊.ဟင့်အင်း။

မလိုက်နာချင်လည်း။
အောင့်အီးသည်းခံ၊
မျက်နှာကအီးမှန်ချင်လည်း။
မချိသွားဖြဲ။ ပြုံးရတဲ့ ဒုက္ခ။
ကျနော်.ရင်မနာဘူး၊ မထင်ကြပါနဲ့ ။

ကျနော်လည်း၊ ပြည်သူကြားကပြည်သူ။
အသည်း နှလုံး ဖြူတဲ့သူ ။
ဒါပေမဲ့ 
နီးရာဒါးတော့ကြောက်ရတယ်..ကိုယ့်လူ။

ကျနော့ တပ်ထဲ။
မွဲလိုက်တဲ့ ရဲဘော်လေးတွေ.
ကျောင်းမသွားနိုင်တဲ့၊
ခလေးလေး တွေ။
ဘ၀အထွေထွေရှိ။ တွေးရင်ဆွေးမချိ။

အထက်ကို ကြည့်တော့
ပန်းမွေ့ ယာနဲ့ ၊ ရွှေကော်ဇော။
စိန်ရွှေလင်းလက် သော။
ဖလံတွေ မီးထက်ပျော်နေသော။
လောက်စားပုပ်ပွ။ အရာရှိကြီးများဘဲ
ကောင်းစားကြ။ ဖြုန်းကြ သုံးကြ။
ကျနော်နေရာ ရမလား၊ မရလား တောင်မသေချာ။
ရာနှုန်းနည်းနည်း ကလေးသာ။
ဆန်ကာတင်၊ ဟိုး အထက်ဖက်မှာ။

မတူညီဘ၀ ။ စိတ်ဆင်းရဲရပေမဲ့။
ကျနော် ဘာလုပ်နိုင်မလည်း။
ပေါက်ကွဲဗုံး ခန္ဓာ မှာချီ ။
အာရပ်တွေလိုလည်း မမိုက်ရဲ။
မကြိုက် လည်းပြုံး၊ ကြိုက် လည်းပြုံး။
မလုပ်ချင်လည်း..ဟုတ်။ လုပ်ချင်လည်း ..ဟုတ်။
ကျနော် ရုပ်သေး ဗိုလ်ရုပ်ပါ။

စိတ်အနာတွေ ခ၀ါချ။
အင်တာနက်မှာ၊ ရှောက်လည်မှ။
မျိုးချစ်ဘလော့ဂါ၊ စာတွေဖတ်ရ။.

ကျနော်မသိရတဲ့၊ လှို့ ဝှက်ချက်နဲ့ ဗမာပြည်။
ကျနော်မမြင်ဘူးတဲ့၊ အမှောင်ထဲက ဗမာပြည်။
ကျနော်မသင်ဘူးတဲ၊့ ဒီမိုကရေစီဆို သောအရာသည်။
တကယ်ပါဗျာ ။
ကျနော်မြေးမြစ်များ..ခံစား၊ စံစား စေချင်သည်။.

သို့ ပါသော်ငြား ကျနော်စစ်သား။
ဒီလူများ က၊ ယုံကြည်မည် မဟုတ်။
ဒီက၊ စစ်သား အချင်းချင်း၊ ကျနော့ယုံကြည်ခြင်း။
ထုတ်ဖေါ်ရှင်းလို့ ပြောရမည် မဟုတ်။

တိတ်တဆိတ် သူတို့ CBOX တွေ ထည်း။
တမ်းတမိ ဆန္ဒလေး တွေ ရေးခဲ့တယ်။
ကျနော် ခံစားချက်တွေ ခြွေ။
ကျနော် မျက်ရည်တွေ ဝေ။
ကျနော့စိတ်နှလုံး။
ဒီမိုကရေစီနဲ့ အတူနေ။
မကြာခင်။ လွတ်လပ်ပါစေ အမိမြန်မာပြည်။

မသဒ္ဓါ (၁၂။၁၃။၂၀၀၇)
အမှန်သိသော ခလေးများအတွက်ရည်ရွယ်ပါသည်။ စိတ်သာ ပဓါနပါ၊ သားတို့ လည်း နိုင်ငံခြားမှာပညာသင်နေတာ။ တခြားနိုင်ငံတွေ တိုးတက်နေတာ မြင်ပါသည်၊ ဒို့ တွေတိုက်နေ တာ စစ်တပ် ကိုမဟုတ်၊ လူနည်းစု လက်တဆုတ်စာ အာဏာရှင်နှင့် စံနစ်ဆိုးကိုဖြစ်သည်။ ဒီလူတွေ ပြုတ်ကျလျှင်.သားတို့  လည်းတနေ့နေ့ စစ်တပ်ရဲ့ သမာသမတ် အရာရှိကောင်းကြီး တွေဖြစ်လာမည် ယုံကြည်ပါသည်။ please! Hang in There!

No comments:

 
/* EOT ----------------------------------------- */