Sunday, December 9, 2007

မီဒီယာ တိုက်ပွဲ ဆိုတာ..ဘာတဲ့လည်း


မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ 
နအဖကြော်ငြာပြော
အကြိမ်ပေါင်း၊ မနည်းမနောများခဲ့လှပြီ။
တကယ်ဘဲ..စစ်ဗျူဟာချ၊
လာလာ တိုက်စစ်ဆင်။
စက်တင်ဘာအရေးအခင်းအတွင်းတွင်။

နအဖ၏ သူလျှိုများ.
ဘလော့ တကာ
မှနှ်မှန်သာ လိုက်ကြည့်၊
ပစ်ကွင်း ဘယ်မှာရှိ။
ခတ်ကွင်း ဘယ်မှာရှိ။

ဘယ်သူလည်းဟဲ့၊
မျိုးချစ်ဘက်တော်သား?
ဘယ်သူ ဘလော့၊ လူအလာများ?
ဘယ်သူဆီမှာ၊ ဘာသတင်းမှန်တွေတင်။
ဘယ်ဘလော့ဂါ ဒို့ ရန်သူပင်။

ပြည်သူတွေ ယုံကြည်သမျှ.
ဘလော့ဂါ..မှန်က..
ပုဂံနက်က၊ ဘန်းလိမ့်မည်သာမှတ်။
Email ထဲက တဆင့်
Virus လွှင့် ပြီသာမှတ်။
မျိုးချစ်ဘလော့ဂါ မောင်များဆီ
အဆဲသန်..ယုတ်ယုတ်မာမာပြော။
မျိုးချစ်ဘလော့ဂါ မမများဆီ
သားပြော မယားပြော.
cBox ထဲမှာ..အလေနတော။

ပရိယာယ်ကြွယ်၊ ခြုံခိုတိုက်မယ်။
ပို့ နေကျ၊ သတင်းထောက်ကို လှည့်စား။
သတင်းမှန်ကြားထဲမှာ၊ သတင်းမှားညှပ်ထည့်။
မှန်ပြီဟဲ့လို့ ဖေါ်ပြမှ၊ .အမှားလာထောက်ပြ။
ဆိုမယ်လေ။ မိုးလုံးပြည့် မုသာဝါဒတဲ့ ၊
အော်..တရားကျစရာ။ ကိုအ၀ှါ ရယ်။
ကြေးမုံသတင်း..အမှန်တွေချည်း ရှင်းတယ်လား၊
မိုးလုံးပြည့် ရီစရာဟာသများ။
ဟား ဟား..ဟား

မသိသူကျော်သွား။ သိသူဖေါ်စား၊
သတင်း မှားမှန် ၏ လှို့ ဝှက်ချက်များ။
အမှန် တစ်ရာထဲက အမှားတစ်ခု။
ဘယ်လို ရွေးချယ်မှုပြုရပါ့။
မျိုးချစ် ဘလော့ဂါများ
အချိန်စား ဦးဏှောက်စား
ချွေးနည်းစာများ၊ ဖုံးခပွန်းပဲ့သွား။
မအားတဲ့ကြားက၊ နိုင်ငံကိုချစ်စိတ်ထား၊
အချိန်ပေး သတင်းထုတ်
သတင်းဌာန အစစ်မဟုတ်။
စာနယ်ဇင်းဘွဲ့ ရသူမဟုတ်။

တော်လှန်ရေးအတွက်။
သာသနာရေးအတွက်။
နောင်အနာဂတ်အတွက်။
ရံပုံငွေစု..ဈေးပွဲရောင်းလိုက်။
ကိုယ့်ရေ ကိုယ်ဝယ်သောက်။ အော်ဆန္ဒပြလိုက်၊
ကိုယ့်ကားကိုယ်မောင်း၊ ခရီးရှည် ဆန္ဒပြလိုက်၊
စာတစောင်ဝေကာဖြန့် 
တောင်းဆိုချက်တွေ၊ လက်မှတ်ထိုး။
တတ်အားသမျှ မာန်ဇွဲမချ၊ ကြိုးပမ်းနေကြ။
ခြံစည်းရိုးပေါ်က ခွဒေါင်းတွေ
မင်းမလုပ်ချင်နေ၊ လာမနှောက်ယှက်နဲ့ ၊

ကားတိုက်သေတဲ့မသာ
ဒါးခုတ်ခံရတဲ့ဘုန်းကြီး။
ဓါတ်ပုံအမှားသတင်း။ လှည့်လည်စာပို့ ခြင်း၊
မြန်မာတွေအချင်းချင်း။ နအဖ စနက်မကင်း။
ဂန်ဘာရီလာခိုက်..ဆန္ဒတွေမပြနဲ လေ
အိမ်ထဲနေ ဆုတောင်းစေ။
နအဖရဲ့ စာရွှေပေ။

ဗျူဟာ အမျိုးမျိုးနဲ့တိုက်။
ဆဲရေးဟိန်းဟောက်၊ ခြိမ်းခြောက်ခြင်း။
အချိုသပ် အလံရှူး၊ သူတော်စင်လုပ်ပြခြင်း၊
အတွင်းအောင်းတဲ့ပွေး။ သစ္စာဖေါက်များမွေး၊
ဖွတ်ထွက်တဲ့အချိန်ကြ။ ဒို့တတွေ နောက်ကျ
ယုံကြည်ရင်..ကုန်ပြီသာမှတ်..သိက္ခာ။
ပျော့နေရင်..ခံလိုက်ရတတ်..ဝေဒနာ။
မခွဲတတ်ရင်..အသဲကွဲမတတ်..ထောင်ကျဝေဒနာ။

ဘုန်းကြီးတရား၊ သတင်းကောင်းနေခိုက်။
နားအာရုံ၊ လမ်းလွှဲလိုက်အောင်
နန္ဒာလှိုင့် ရဲ့ အတင်း
ပရိဿတ်ကြိုက်မဲ့ အညှီသတင်း
ဒါ…မီဒီယာရဲ့တိုက်ကွင်း။

ရုရှကစစ်ဗိုလ်နဲ့ ကောင်မလေး။
နအဖ..ထောင်ချောက်ထဲက၊ ကြွက်ကလေး၂ကောင်
ယောင်တောင်ပေါင်တောင်၊ ဘလော့ပေါ်ရောက်
ဒါ မီဒီယာထောင်ချောက်။

တော်လှန်ရေးကာလ..မသေမချင်းချ
အနိုင်နဲ့ အရှုံး၊
အသက်အဆုံး၊ လောင်းကြေးထပ်။
ကြိုးစား အားထုတ်ရမဲ့ အနိုင်။
တနိုင်ငံလုံးရဲ့ ၊ လွတ်မြောက်ရေးပန်းတိုင်။
အသေးအဖွဲကိစ္စထိုင်။
တွေးတွေး ငိုင်မနေနဲ့ ။
မမှားသောရှေ့ နေ။ မသေတဲ့ ဆေးသမား
မှားသွားလည်း။ ဘာဖြစ်လည်း။
စေတနာသာ ပဓါနပါဘဲ။
အမှားမရင်းသမျှ. အမှန်မသိရ
အချစ်နဲ့ စစ်ပွဲ၊
ဘာဘဲလုပ်လုပ်၊ တရားတယ်။

မလုပ်ဘဲ တိုင်လေကန်။
ဟိုယောင်ယောင်။ ဒီယောင်ယောင်ဝေဖန်
ဒါ အဆန်မရှိတဲ့ လူတွေအလုပ်။
မီဒီယာလုပ်ရင် မီဒီယာသိက္ခာရှိရှိ။
မျှတ နားလည်မှု ရှိရမယ်။
စာနာ အားပေးမှု ရှိရမယ်။
တော်သူအပေါ် မုဒိတာပွါးတတ်ရတယ်။

ကျော်ကြားချင်ရင်..ကျော်ကြားအောင်လုပ်။
သမ္ဘာတွေလုပ် နေတဲ့ မီဒီယာတိုက်ပွဲ
မတတ်တတတ်တော့၊
လာ ဆရာမလုပ်နဲ့ သူငယ်ချင်း။
အားလုံး နားကြားပျင်းကပ်ကုန်မယ်။
ညောင်မြစ်လာတူးခါမှ..
မင်း ဖုံးထားတဲ့ ပုတ်သင်ဥ၊ မပေါ့တပေါ်ဖွေးဥဥ။
ဝမရှိဘဲ..မင်းဝိလာလုပ်ရင်။

မသဒ္ဓါ ( ၁၂။၁၀။၂၀၀ရ)

စာလာဖတ်သူသိစေချင်တာလေးတွေ..
( မီဒီယာတိုက်ပွဲ နှင့် မြန်မာဘလော့ဂ်များ ဘာလဲ ဘယ်လဲ)

No comments:

 
/* EOT ----------------------------------------- */