Tuesday, December 11, 2007

ဆုပေး နဲ့ ဒဏ်ပေး။ မင်းကြိုက်ရာရွေး


ဆပ်ကပ်ထဲက ခွေးကလေး
မီးကွင်းထဲ ဖြတ်ပြေး။
လူတွေ လက်ခုတ်တီးကြ။
ခွေးကလေး..အစာတစ်ခွန့် ရ။
ခွေးထိန်း မိန်းမထံမှ။
နောက်တစ်ခါ ထပ်ခုန်ချင်.
အစာဆု ထပ်ပေးလျှင်။

ရေကန်ထဲက လပိုင်လေး
ရွှီကနဲဆိုဂျွမ်းလှန်ထိုးပေး
လူတွေ သြဘာပေးကြ။
ငါးကလေး.. တစ်ပိုင်းရ။
လပိုင်ထိန်း မိန်းမထံမှ။
ဂျွမ်းနောက်တခါထိုးချင်.
ငါးကလေးတော့ ထပ်စားရရင်။

ဆုပေး နဲ့ ဒဏ်ပေး
လာဘ်မစားကြေး။
ကောင်းတာလုပ်ရင် ဆုရ။
မကောင်းတာလုပ်ရင် ဒုတ်ချက်ကျ။
ယနေ့ တိုင်အမြစ်တွယ်တဲ့ စံနစ်။
မှန်ကန်သေးတာဖြစ်မယ်။

ကောင်းတာ လုပ်ရင်၊ ကောင်းနံမည်ထွက်။
ဆိုးတာလုပ်ရင်၊ ဆိုးနံမည်ထွက်။
အကောင်း အဆိုးဟာ၊
မင်းလုပ်သမျှ အပေါ်
နွားခြေရာ နောက်၊
လှည်းဘီးလိုက်သလို
ထိုပုဂ္ဂိုလ် နောက်သို့ ၊
ပြုပြုဘူးသော၊ အကုသိုလ်ကံ
အမြဲမှန်မှန်၊ လိုက်ပါနေပြန်၏။

ကိုယ်ဖာသာ၊ ကိုယ်အမှတ်ပေး
ဆုရရေးက၊ လူညံ့အလုပ်။
ကိုယ်တော်တယ်၊ ကိုယ်ပြော
နတ်သံနှော တာလည်း။
ကြာကြာလာ၊ ပေါ်တယ်အပုပ်။

လူဆိုတာ ပါးစပ်ပါ။
ကိုယ်မှန်တယ်၊ ပြောကြတာဘဲ။
နှစ်ရှည်လစား။ အမှားနဲ့ အမှန်။
အဖြူနဲ့ အမည်း။ သဲသဲကွဲကွဲ။
ဖွတ်ထွက်ခါမှ၊ သိရ..ဒါ တောင်ပို့ ပါဘဲ။

မြန်မာ့စစ်အစိုးရ..လက်ဖျားခါရ ကမ္ဘာက
ဆုပေးလည်းမရ၊.ချော့ရေးလည်းမလှ။
မျက်ရည်ကလယ်၊…အဟင့် အဟင့်။
ပြောသမျှ သူအပြစ်မဲ့
တခြားလူတွေက၊ လာလာဖဲ့နေတယ်တဲ့။
နောက်တော်ပါးတရုပ်ကြီး..ရွှေသွားဖြီးဖြီး.
“ ၀ လူမှ အမှန်” ။
ဖားတယ်လေ။ သူဆီက gas ဈေးချိုချိုဝယ်ရန်။
နံဘေးကရုရှား။ လက်ထောင်င်္ပြီးပြလိုက်။
“ ကျုပ်လူဘဲ ကောင်းတယ်"
ကျုပ်ဆီကသာ၊ နျူကလီယားပေါင်းဖိုဝယ်
ပျက်ခါနီးမို ၊့ ဈေးလျှော့ရောင်းမယ်။

UN က ချင့်ချိန်တွေး၊
အင်း၊ ချော့ရေးတော့၊ တယ်မလွယ်။
မုန့် ကြွေးလို့ မရမဲ၊့ ဗမာစစ်အစိုးရ။
မကြာခင်..ဒုတ်စာလာရပြီပေါ့
ကြောက်လှပါပြီ..ဗျာ ဗျာ့၊
လာ လာ ကျောမကော့ မပြနဲ့ ။
နောက် အဆစ်တစ်ချက်၊
မင်း အပိုရသွားမယ်။

ဆုယူမလား..ဒဏ်ယူမလား..
အချိန်ရှိတုန်း စဉ်းစား။
မုသားပိုပို..အညုအနွဲ့ တွေနဲ့ ၊
မယားငယ်ချွဲ၊ လာလာ မချွဲမနေနဲ့ ၊
ဒီ အချိုးတွေ၊ ရိုးလှပါရဲ့။
ဟော..နောက်ထပ်ရမယ်။.ဒီ တစ်ချက်လေး အပို။

မသဒ္ဓါ (၁၂။၁၀။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */