Thursday, December 13, 2007

ရေ..ရေ..ဘာကြောင့်ကြီး။


ဘင်္ဂလား ပင်လယ်ပြင် ဆီက
မုတ်သုန်လေ..စခဲ့ပြီ။
ဆော်မြူး သုတ်ဖြူး၊
ဝဿာန် မိုးရာသီ။

ဤသမယ..ကျောင်းသင်္ခန်းက
ဝါဆိုပန်းမြတ်. သင်္ကန်းကပ်
ဘုန်းတော်ကြီးများ၊ ၀ါဆောက်တည်။

မိုးတောင်ညို့ညို့ ၊ မှိုင်းပျို့ပျို့ ရီ။
ထစ်ချုန်းမြည်ချ။ မိုးမည်းကျပြီင်္။
ရှစ်ခွင် မိုးလုံး။ အုံ့ ဆိုင်း ဝေစီ။
မိုးလ ရာသီ။ မြန်မာပြည်။

မြညို ကျွန်းအုပ်။ စိမ်းအုံ့ ဝေသီ
ဂနိုင်ဆီမှ။ ကျွန်းသစ်ပင်က.
နိုင်ငံခြားပို့ ။ ၀င်ငွေစို့ တော့
လောဘမစဲ၊ ခုတ်နေဆဲ။
တောင်ကတုံး သို့ ဖြစ်တော့သည်။

သစ်တော ပြုန်းပျက်။ ရာသီ စက်သည်
ပြောင်းလဲ နှိပ်စက် ပြန်တော့သည်။

မိုးခေါင်ကာလ ပူပြင်းစွ။
တောင်ပေါ် ဆယ်နွေခင်းတော့သည်။

မိုးကျ သော်လည်း။ ရွာမစဲ
ဥတုဖောက်ပြန် ပါတော့သည်။

မိုးရေ စီးကျ၊ မြေပြင်ကလည်း.
ဖုန်းကွယ် မရှိ၊ တိုက်စား၏။

ရေအား နှင့်မျော
ရွံ့ ရည်ကြော။
ဆည်၌၊ အနည်ထိုင်လေ၏။

ချောင်းရေ နောက်ကျိ၊
မြစ်ကြော ထိလည်း
မြစ်ကြောင်းသောင်လည်၊ ထွန်းတော့၏။

မြစ်ကြီးဧရာ။..သောင်ပေါ်ကာ
ရေစီးနှေး၊ လာပါတော့၏။

မြစ်ကြောင်း သောင်တင်၊ ကျဉ်းခဲ့လျှင်။
မိုးသည်းထန်၊ ရေလျှံပါတော့၏။

ရေလျှံ ရေမြုပ်။ ရွာလုံးပြုတ်
သီးနှံ ပျက်ပါလေတော့၏

စည်းစိမ် အိမ်ယာ။ မျောလျှက်ပါ
အသက် များစွာ ဆုံးရ၏။

စပါးမပေါ်၊ ငွေမရှိ
တောင်သူ ၊ ငတ်ဆင်းရဲလေတော့၏။

ဆည်ရေ၊ ပြည့်လျှံ
ရေတိုးပြန်။
စိုးရိမ်ရေမှတ်၊ ရောက်တော့၏။

ဆည်ရေ၊ တိုးရောက်။
ရေ ဖွင့်ဖေါက်၊
အောက်လက်၊ လယ်ယာမြုပ်တော့၏။

သဘာဝဘေးဆိုး၊
အန္တာရာယ်တိုး။
ကြိုးစား ကာကွယ်ကြဖို့ ရှိ။

ကြောင်းကျိုး ဆက်တွေး။
ဝေဖန်ရေး၊ ဒီရေ ဘာကြောင့်လျှံသနည်း။

သစ်တော ပြုန်းတီး၊ မိုက်လုံးကြီး၊
ဒါ တရားခံ၊ ဘယ်သူနည်း။

ကျွန်းသစ် ခိုးထုတ်။ တောလုံးပြုတ်
ဒါ ဘယ်သူက၊ လုပ်သလည်း.

တရားခံ သိလျှက် အပြောခက်။ နီးရာ ဒါးက ထက်နေ၏။

သူခိုးသိ လျှက် ၊ အဖြေခက်။ ဘုရင် သံလျှက် ခိုးလေ၏၊

မသဒ္ဓါ (၁၂။၁၃။၀၇)

No comments:

 
/* EOT ----------------------------------------- */