ဒို့ တတွေ ပြည်သူထဲကမွေး
ဗမာလူမျိုး အစစ်တွေ။
ပြည်ပဘဲနေနေ၊ ပြည်တွင်းဘဲနေနေ
ယနေ့တိုင် နီရဲနေတဲ့ဗမာသွေး
သွေးကြောထဲ စီးနေဆဲ.
နှလုံးသားထဲ ပြည့်နေဆဲ။
မြန်မာပြည်ကို ချစ်
မြန်မာစာကို ချစ်တယ်။
အမိမြေကို၊ တိုးတက်စေချင်တယ်။
၁၉၆၂.. မြန်မာပြည်စစ်ကျွန်ဖြစ်။
စံနစ်တကျ နဲ့ နှိမ်နင်းခဲ့
ကျောင်းသားအရေးအခင်းမှန်သမျှ
ထကြွမယ်ကြံ၊ ထောင်ချပြန်။
ရုံးစုမယ်ကြံ၊ ချေမှုန်းခံထိ
သမဂ္ဂ ဗုံးကွဲ။ မှိုင်းရာပြည့်ပွဲနဲ့ ဦိးသန့် 
၈၈၈၈ နဲ့  ၁၉၉၆။ ၁၉၉၉.
၂၀၀၇၊ ရှိရှိသမျှ.
အုံကြွချင်သမျှ အုံကြွကြစမ်း။
သေနတ်အသစ်၊ လက်တည့်စမ်း
ကျောင်းသားဆို၊ ပစ်ကွင်းမလွဲတမ်း။
ဦးလေးအကိုအမ၊..မောင်ညီမ.
ဘုန်းကြီး တွေက အစ၊ သွေးမြေကျနီနီ။
တော်လှန်ကြဖို့ ၊့ အချိန်တန်ပြီ။
သူတလူ ငါတမင်း။
မစည်းလုံးကြခြင်းကြောင့်
နှစ်အစဉ်ဆက်။ တော်လှန်ရေး။
နောက်ဆုံးအရှုံးနဲ့ အသက်စတေး။
ညီညာ ဖြစ်မယ်။
လေးစားမှ ဖြစ်ကြမယ်။
အတွေ့ အကြုံရ၊
၈၈၈၈ကျောင်းသားက ခေါင်းဆောင်။
နောက်ကလူတွေ၊ လှော်တက်မထောင်ပါနဲ့ ဦး။
ရှုံးခဲ့ဘူးတဲ့အသိ။ သူတို့ မှာတိုက်ကွက်ရှိတယ်။
မှားခဲ့ဘူးတဲ့ရလာဒ်၊ ပရိယာယ်တွေ တတ်တယ်။
"ခေါင်းဆောင်ကို အောက်လူလေးစားမှ
အောက်လူကို ခေါင်းဆောင်အရေးထားမယ်။"
ငါတကောကော. ဘုပြောပြောရင်။
ရန်သူတွေ သဘောကျ၊ လက်ခုတ်တီးကြ။
အိမ်ကြက်ခွပ်ပွဲ..သြဘာသဲသဲ။
တွေးရုံလေးဘဲတွေးကြည့်၊
ဘာတွေ ဖြစ်သင့်သည်။
ရွှေဝါရောင် တော်လှန်ရေး။
မီဒီယာကြောင့် ပိုထက်မြက်။
ပြည်ပ ဘလော့ဂါများစနက်.
အားလုံး ၀ိုင်းကြိုးစားကြ။
ညညမအိပ်ရ။ အိပ်ရေးပျက်.
ထမင်းအစားမမှန်၊ ဆေးဆက်သောက်ရေးလျှက်။
မယားက မကြည်ဖြူ။ အိမ်က ဆင်းမတဲ့ ဟဲ့။
အလုပ်လည်းခွင့်ယူ။
ကွန်ပြူတာ ရှေ့ သတင်းယူ။
ဘော့စ့် ရဲ့၊ မုန်းမျက်စောင်း၊
အလုပ်ပြုတ်လို့ ၊ ဗိုက်ဟောင်းလောင်း၊
ဒီအကြောင်းတွေ မသဒ္ဓါအသိ။
နိုင်ငံချစ်တဲ့မောင်လေး၊ ညီမလေးတွေ။
သူတို့ နိုင်ငံကို ချစ်တာယုံတယ်။
မျက်မြင်ကိုယ်တွေ့  အာမခံတယ်။
လုပ်နိုင်စဉ် ၈၈၈၈၊
သူတို့ လည်း ချီတက်ခဲ့တာဘဲ။
တောတွင်းနေ လက်နက်စွဲ
တော်လှန်ခဲ့ဘူးတာဘဲ။
ဒါတော်လှန်ရေး၊ ရွေးကောက်ပွဲမဟုတ်ဘူး။
စားချင်လို့ ဒီလူတွေ၊ ထွင်နေတာမဟုတ်ဘူး။
နိုင်ငံကိုချစ်၊ တတ်နိုင်ရာဝန်ထမ်းရစ်ချင်တာ.
နောက်လူတွေ၊ နားလည်ပေးပါ။
ဒို့ တွေမှာ လက်နက်။ အပ်တိုတလက်တောင်မရှိ။
စစ်တိုက်ဖို့ အရေး၊ စိတ်အတွေးဘဲရှိတယ်။
ဒါပေမဲ့ ဒို့တွေမာန်မလျှော့ ၊
ဘာဘဲဖြစ်ဖြစ် ဆက်တိုက်ဖို့ တော့၊
မုန်တိုင်းကြမ်းနဲ့ မီးပင်လယ်
ကိုယ့်ဖာသာသူ။ ၀င်ပါတော်လှန်
မျိုးချစ်နာမ၊ ဒို့ အားလုံးရဲ့ဘဝ
မတ်မတ်ထောင်နေတဲ့၊ ဒိုမီနိုပြားများ။
ထိပ်ဆုံးကအပြား၊ လဲမသွားစေနဲ့ ၊
သူလဲရင်..ဒို့ တွေအကုန်လိုက်လဲနိုင်၊
ခေါင်းဆောင်ကို ပံ့ပိုး ။
အားကိုးစောင့်ရှောက်၊ သူ မလဲတဲ့အထိတိုင်။
ဒါမှသာရောက်မဲ့ ။ တော်လှန်ရေးပန်းတိုင်။
မသဒ္ဓါ (၁၂။၁၀.၂၀၀၇).
Monday, December 10, 2007
ထောင်နေသော "ဒိုမီနို" ပြားကလေးများ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment