Monday, December 10, 2007

“ပျော်ရွှင်မွေးနေ့တို့..သက်ဆုံးတိုင်”


သူ..(သို့ မဟုတ်) အရိပ်ကောင်းသော သစ်တစ်ပင်။
သိုက်မြုံပျက်၊ လေပြင်းထဲက
တောင်ပန်ကျိုးဌက်များရဲ့
အရိပ်ခိုစရာ..သစ်တစ်ပင်။

သူ ..(သို့ မဟုတ်) တုနှိုင်းမဲ့ ဂရုဏာမြစ်တစ်စင်း။
တရွာမပြောင်း၊ သူကောင်းမဖြစ်။
ကျွန်ဖြစ်ရသူများ။ အကြင်နာပွားမဲ့
အေးငြိမ်းသာယာ။ ရိပ်ဆာရှင်။

သူ ..(သို့ မဟုတ်) ဒေါက်တာစင်သီယာမောင်။
စစ်စံနစ်ဆိုးထဲ၊ မျက်နှာမွဲပြည်သူ၊
ကယ်ဆယ်လိုသူ။ ကျမ်းမာပျော်ရွှင်စေလိုသူ၊
ကြည်လင်အပြုံး၊ မေတ္တာနှလုံး၊
ဗမာပြည်ကို တိုးတက်စေလိုသူု၊
အမိမဲ့ သား၊ ရေနည်းတဲ့ များ၊
နာကျင်မှုတွေ ပျောက်စေ။
ငိုကြွေးမှု ကို. ဖြေဖြောက်စေ။

အာရောဂျံ ပရမံ လာဘံ
အရေးကြီးတဲ့  လာဘ်တပါး၊
ဆင်းရဲနွမ်းပါး၊ ဒုက္ခသည်များ
သက်ဆိုးရှည်စေရေး၊
ဇီဝကနှလုံး မူလျှက်။
ဆေးပေးတဲ့ လက်
နွေးထွေးတဲ့ လက်
ပြုစုတဲ့ လက်
ကြင်နာမဲ့လက်.
အဖြူသက်သက်မေတ္တာရှင်
မွေးနေ့ ပင်ရောက်ခဲ့ပေါ့။

(၄၈) ပြည့်မြောက် ဤမွေးနေ့ မှသည်။
အနှစ်တစ်ရာ တိုင်စေဖို့ 
ဆုတောင်းမေတ္တာပို့ 
“ပျော်ရွှင်မွေးနေ့တို့..သက်ဆုံးတိုင်”

မသဒ္ဓါ (၁၂။၉။၂၀၀၇)
မမစင်သီယာမောင်၏ (၄၈) ပြည့်မြောက် မင်္ဂလာအတွက်

No comments:

 
/* EOT ----------------------------------------- */