ဒီမှာ..ဘဘကြီး
သေခါနီးတောင် အချိန် မစီး၊
မိုက်အလံထူ..ကြိမ်ခါခါမိုက်
လူမပီသ..မိစ္ဆာစရိုက်။
ကဲ ပြောပါ. ဘယ်အရာမင်း သိက္ခာ။
ပြစရာ..တပြားသားမရှိပါ။
ဒီမှာ..ဘဘကြီး
မဂ္ဂင်ကျောင်းက ရှင်အိုက
သင့်ကို ဘာဒုက္ခပေးနိုင်ပါလိမ့် ။
ဗမာမင်း အဆက်ဆက်..
မင်းကြောင့် သိက္ခာပျက်တယ်။
မင်းမိန့် နဲ့ သိမ်းတဲ့ ၀တ္တကမြေ..
ဘယ်ရာဇ၀င်မှ မရှိချေ။
မင်းမျက်စောင်းတချက်
ဒေါသ အမျက်ကြောင့်
အပြစ်မဲ့ သူများ
ဒုက္ခများစေ. ဇီဝိန်ကြေ။
မျက်ရည်များစွေ။ သောကပင်လယ်ဝေ။
အားလုံးအစ..
မင်းကတရားခံပါပေ။
မသေခင်ကတည်းက ခြောက်တစ္ဆေ
ကိုယ့်အရိပ်တွေ ကိုယ်ကြောက်။
အဖေသတ်ပြီးမှ။
သူများသတ်မှာပြန်ကြောက်တဲ့ အဇာတသတ်။
လုပ်ကြံသူတွေကို မျက်ခြေဖြတ်.
မောင်းမမိတ်ဿံ ကြားထဲနေ။
စိတ်ချရပြီလေ မထင်နှင့်။
မြေပြင် ခြေချစဉ် ပထ၀ီမြေကွဲ
ငရဲသို့ တိုင်စေ။
မင်းပြုတားတဲ့ ကုသိုလ်
မင်းပြုတားတဲ့ အကုသိုလ်၊
ဘယ်သူမပြု မိမိမှု
ပထ၀ီထုစောင့် ၀သုန္ဓရေ.
သက်သေရှိတယ်။
သူတော်စင်၏ သွေးစက်ပင်လယ်
မြေပြင်က သိတယ်။
မင်းခြေမြေချရဲရင်..ချကြည့်။
ကျွံ့ ဝင် စေမည့် ၀သုန်မြေပြို
မင်းလည်း မြေမျိုပြီသာမှတ်။
မသဒ္ဓါ (၁၂။၇။၂၀၀၇)
Saturday, December 8, 2007
ဝသုန်ဤမြေ..သိသက်သေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment