Monday, December 24, 2007

ဘဘနဲ့ နှင့် အင်တာဗျုးခြင်း၊


ကျုပ်လေ..ဘာမထီ သတ္တိခဲ။
ရူးသွပ်သွပ် မိုက်မဲ
ကုလသမဂ္ဂတောင် ခြေကန်ရဲမှ
ဘယ်သူဘဲလာလာ
မကြောက်ပါဘူး။
တရုပ်ပြေးမင်းဘဲဆိုဆို
ဘယ်သူဘဲ ငိုငို
တိုင်းပြည်ဘဲ ပြိုပြို
လူမျိုးဘဲ.တရုပ်မျိုမျို
ကျုပ်ကအနေသာကြီး။

ရှင်ဘုရင်ဘ၀ရှိလှတဲ့အရသာ
ဖြစ်နိုင်ရင်..နောက်အနှစ် (၂၀) ကြာကြာ
ဆက်နန်းစံချင်ပါရဲ့၊
ဦးနေ၀င်းတောင် (၉၀) ကျော်နေသေးတာ
ကျုပ်ထန်းဖူး ဇာတာထဲမှာရေးထား။
အသက် (၁၂၀)ရှည်စေသော်ဝ်တဲ့ဗျား.
အခုမှ ကျုပ်အသက် (ရ၀) ကျော်ကျော်လေး
ဆံပင်တောင် မဖြူသေးပေါင်လေ။
ဟုတ်ပါပေ။..ကျုပ်မင်းကြီး သက်တော်ရှည်။

ယတြာကောင်းကောင်း၊
မင်းလောင်းတောင်ပျောက်။
ကျုပ်မှာအဆောင်ကောင်းများရှိ။
ဗေဒင်ဆရာကောင်းများရှိ။
မယုံမရှိ။
ဦးနေ၀င်းနဲ့ခင်ညွန့် ကိုအပြုတ်ထိနှံ
ကျုပ် ကဘုန်းကံကြီး၊ ဘုရားအလောင်းတော်ကြီး
ဘယ်နိုင်ငံဘာတပ်ကြီးလာလာ၊ အရေးမဟုတ်ပါဗျာ။
ကျုပ်စစ်သားက (၅) သိန်း။
ထပ်လိုချင်ရင်.လမ်းပေါ်ကခလေးတွေပြန်ပေးဆွဲ
ဟော ..မနက်ဖြန်ဆို ကျုပ်တပ်သားဘဲ။
ကျုပ်ကိုထောက်ခံမှာ၊ ရုရှနဲ့  အိန္ဒိယ။ တရုပ်။
အာစီယံဟာ ကျုပ်အတွက်အရုပ်။
ဒေါ်လာသာပေး။..ထောက်ခံပေးမှာ။
ရေသာ လိုပါတယ်ဗျာ၊

ကျုပ်မလှုပ် မပြုတ်။ မဟုတ်တရုပ်လုပ်
နအဖရှင်ဘုရင်လုပ်တာ နှစ် (၂၀)ပြည့်၊
ရွေးကောက်ပွဲခံသမတဘ၀၊ သနားစရာလေး
တကြိမ်ရွေးမှ (၄) နှစ်ခံတာ။
ကျုပ်ဆို နောက်အနှစ် (၂၀)တောင်မဖယ်။
ဘယ်သူနှင်နှင်..ဒီထိုင်ခုံဘဲမင်တယ်။
ဘယ်သူဘဲ ညိုညင်ညင်..မဆင်းချင်။
ဘယ်သူပြောပြော ငါ့သဘောနဲ့ ငါ။
ဘယ်သူ့ ကြောက်ရမလဲ။

မြေကြီးက သယံဇာတ
သဘာဝဓါတ်ငွေ့ က၀င်ငွေရ။
စစ်စရိတ် အပြည့်အ၀သုံးမယ်။
ပြည်သူတွေ၊ ကျန်းမာရေး၊
အော်…ဗိန္ဓောဆေး တော်ဘီပေါ့
ခလေးတွေ၊ ပညာရေးတွေး၊
လျှောက် ရင်လေးမနေပါနဲ့ ဗျာ
သေစာရှင်စာရေး တတ်တော်ရောပေါ့
ဘုန်းကြီးတွေ.စာသင်ပေး..
ဒီပညာရေးကဘဲ ကောင်းတယ်။
ကျုပ်လည်း..ဒီလိုကျောင်းထွက်
ရှင်ဘုရင်ထိတောင် လာတက်ဖြစ်ခဲ့တာ၊
ယုံပါဗျာ။ ဖူလုံပါတယ်။
ငထွားရယ်၊ လာခါးနာမနေစမ်းပါနဲ့ ။

သဘာဝ ပတ်ဝန်းကျင်..
သိပ် ဆင်ခြင်စရာမလိုပါဘူး။
ရှေးမင်း အစဉ်အဆက်။
ဒီလိုဘဲ သစ်ခုတ်ရောင်းလာ.
ဒီလိုဘဲ မီးသွေးဖုတ်လာ
ဘယ့်နှယ်..ကျုပ်လက်ထက်ကျမှ
မိုးရေကြီးတာ ကျုပ်ကြောင့်လို့ ရယ်။
ယုတ္တိကို မရှိ၊
မင်းကောင်းလို့  မိုးမှန်သည့်။
မိုးသဲ ရပ်မရနိုင်အောင်၊ တကယ်တရားရှိ။
ကျုပ်လေ။ ဘုရားဖြစ်မဲ့ အုတ်နီခဲ။
သံဃာတော်ကို၊ ဒုတ်ရိုက် သန့် စင်ရဲတာ။
ကျုပ်တစ်ယောက်ဘဲရှိ၊ ဂုဏ်ယူစမ်းပါဘိ။

ကျုပ်ရှင်ဘုရင်ဘဲ၊
ပုလ္လင်ပေါ်ထိုင်..XXတလွဲ။
ကျုပ်ကြိုက်ရာလုပ်။
ဘယ်သူလာမရှုပ်နဲ့ ။ ဇက်ပြုတ်သွားမယ်။
အမိန့် တော် မှတ်တယ်။

ဘုန်းကြီးတွေ ပါးစပ်ပိတ်။
လမ်းမပေါ် ပရိတ်မရွတ်နဲ ။
လမ်းလျှောက်ခါ ဆန္ဒမပြနဲ့ 
ကျုပ်ပြောတာ ခေါင်းညိမ့်။
ကျောင်းတိုက်ထဲ တခြားစာမသင်နဲ့ 
ရောဂါသည်တွေ ပြုစုစရာမလို။
နိုင်ငံရေးသမားသေ၊ ပရိတ်ရွတ်ပေးဖို့မလို။
၈၈၈၈ကျောင်းသားတွေ အမျှပေးဖို့မလို။
အောင်ဆန်းစုကြည်မွေးနေ့ ၊ ဆုတောင်းပေးဖို့ မလို။
မနက်ဖက် ဆွမ်းခံကြဖို့ မလို။
တံခါးမှာအစောင့်ချ။ အပြင်မထွက်ရ။
ဘယ်တကာမှမ၀င်ရ.မလှူကြရ။
ငတ်ဘဲသေကြပစေ။

ရှိတာတွေ ဘုန်းပေးကြ။
မရှိရင် ရေသောက်ဗိုက်မှောက်ကြ။
နောက်နောင်..သပိတ်မှောက်ချင်ဦး။
ငတ်ရင် ကျုပ်ခြေထောက်လာဖက်မှ.
စစ်သား အကြောင်း၊ ကောင်းကောင်းပြလိုက်မကို
မဂ္ဂင်ကျောင်းဘုန်းကြီးအို လို..
ကံဆိုးသွားလေရာ၊ မိုးလိုက်စိုသွားမယ်။
ကျုပ်..အမျက်ကြီး ယုတ်မာတယ်။
သတိထားကြလဟယ်။

ဘုန်းကြီးထက်တောင်..စာချတတ်။
ခေါင်းခေါက်လဲ တောင်းပန်မယ်မထင်နဲ့ 
မွေးကတည်းက လူမိုက်။
သေသည်အထိမိုက်
ငရဲတောင် သွားမိုက်မဲ့ တစ္ဆေ
ကျုပ်နံမည်မှတ်ထား..ငသန်းရွှေ။
နေပြည်တော် မှာနေတယ်။

မသဒ္ဓါ (၁၂။၂၃။၂၀၀၇)
အင်တာဗျုးခွင့်ပေးပြီး.ယုတ်မာသမျှ အိပ်သွန်ဖာမှောက် မချွင်းမချန် ပြောကြားပေး သော ဦိးXX ရွှေအား မသဒ္ဓါမှ ကျေးဇူး အထူးတင်ရှိပါသည်။

No comments:

 
/* EOT ----------------------------------------- */