ဒို့ အားလုံး၊
စစ်အာဏာရှင်စံနစ်အောက်
ပြားပြား မှောက်ခဲ့ ။ ရာစုဝက်နီးနီး၊
မျက်လုံးများပိတ်။
ပါးစပ်များ ပိတ်။
အသံများ တိတ်။
အသိဥာဏ် ဗိန်းပိတ်။
ကြိုးနှောင်လက်ထိပ်။
အလင်းရောင် မှောင်ပိတ်။
နာကြင် ခန္ဓာ ခံစားကျိတ်မှိတ်။
လွတ်မြောက်ရာမဲ၊့ စစ်ဖနောင့်လောင်းရိပ်။
လွတ်လပ်တဲ့၊
ငြိမ်းချမ်းရေးတွေ ဆိတ်သုန်းနေ။
သာယာဝပြော၊
လွတ်လပ်ရေးတွေ အဓိပ္ပါယ်မဲ့နေ။
ဘယ်မလဲ။ လူ့ ဘ၀ရဲ့ အခွင့်အရေးတွေ။
ပါးလျှားလျှား၊ စက္ကူစုတ်လိုပြဲ
ကွေးသောလက် မဆန့် ခင်
ကွယ်ပျောက် သေပွဲ
နအဖစစ်၊ အကျဉ်းစခန်းထဲ
စတေးခဲ့ အသက်သွေးချွေး
ကြွေခဲ့တဲ့ ဇာနည်ပန်းကလေးများ..
မနည်း မနော၊ တိတ်တဆိတ် လွင့်မျှော
သွေးနဲ့ ခေတ်သမိုင်းကို ပြောနေ။
ဒီလိုဘဲ ငုံခံသွားကြမလား၊
အနာဂတ်အတွက် ပြင်ဆင်၊
မြေးမြစ်မျိုးဆက်သစ်တွေ
ဒို့ လို မခံစားစေချင်လျှင်။
တစ်ယောက် တစ်လက်၊ နှမ်းတစ်လုံး
ဆီတစ်ပုံးဖြစ်နိုင်။
တစ်ဦး တစ်မှုန်၊ သဲတစ်ပွင့်
အုတ်တံတိုင်းတွေ၊ ပိုခိုင် မြင့်စေ။
ညီညွတ် စွမ်းအား၊ စိတ်တန်ခိုးများ
တစ်ယောက်အားနှင့် ယူသော်မရ။
တစ်သောင်းအားဖြင့် ချူသော်ရ၏။
စည်းလုံးခြင်း၏ ၀ိသေသ..
အောင်မြင်မှုရဲ့အစ။
သမဂ္ဂါနံ။ တပေါသုခေါတည်း။
အားမာန် တင်းတင်း
ဒေါင်း ခွပ်ဟန်ပြင်း
မနိုင်မချင်း တော်လှန်
စစ်မှန်မဲ့၊ နိုင်ငံတော်သစ်တည်ရန်။
မိမိ အသိ။ မိမိသတိ။
မိမိသစ္စာ၊ မိမိသမာဓိ
မိမိသိရှိ ကြိုးစားနိုင်ကြစေ။
အသင့်ပြင်စေ၊ ရဲဘော်များ။
အဆင်သင့်၊ အချိန်ကောင်းရောက်ရင်.
ပြည်သူနဲ့ တွဲ၊ အထွေထွေသပိတ်ပွဲနွဲ။
ကိုယ်ဖို့ ကြုံလျှင်၊ သက်လုံကောင်းစေရစမြဲ။
“အပ္ပမာဒေန သမ္ဗာဒေထ”
မမေ့မလျော့သော သတိနဲ့
နအဖရဲ့လုပ်ရပ်တွေကို၊ ဆန်းစစ်သိရှိ
ပါဝင် တော်လှန်ကြဖို့ ၊ တာဝန်ရှိသည်။
ကောင်းမှု ကောင်းကျိုးတည်
စုရုံးညီညာ..တိုင်းပြည်သာရမည်။
မသဒ္ဓါ (၁၂။ ၂၂။၂၀၀၇)
Saturday, December 22, 2007
“အပ္ပမာဒေန သမ္ဗာဒေထ”
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment