ညီညွတ်ရေး..ညီညွတ်ရေး.
ပြောတော့အလွယ်လေး.
တကယ်ကျတော့ ညီညွတ်အောင်..
ဘာများကြိုးကုပ်ဆောင်၊
လူကြီးဆိုတာ ဂါရဝ
လူငယ် သိတတ်မှ..
လူငယ်တို့ ရဲ့တက်ရှိန်ဟုန်
လူကြီးတွေကယုံ
သို့ ပါသော်ငြား
ကလနား.စည်းမျဉ်းလေးတော့ခြား။
အတွေ့ အကြုံ.ပြည့်ကုံလုံ
ကြီးသောလူရဲ့ဂုဏ်
လေ့လာဆွေးနွေး..သင်ထောက်ရှု
အမှားနည်းအောင်ပြု။
မြေအုတ်များတို့ ပြိုခဲ့လျှင်
ကျောက်အုတ် အသုံးဝင်၊
စည်းရုံးညီညာ သာစေကြောင်း၊
ဖယ်ရှင်း အတ္တဟောင်း၊
နားလည်မှုတွေရှိစေချင်.
သင့်မောဟ ကို ပြင်။
ဒေါသအမျက်၊ လောင်မီးစက်။
လိမ်မာလျှင်၊ ပြင်မထွက်။
စည်းရုံးစေချင်၊ ပြသပါ။
ယုံကြည်မဲ့ သစ္စာ။
အများအကျိုး၊သယ်ဆောင်ပြု
ပွင့်လင်းရိုးသားမှု။
ခေါင်းဆောင်ကောင်းရဲ့ကျက်သရေ.
မင်းပြည့်ဝ ကုံလုံစေ။
တဗိုလ်သေက၊ တဗိုလ်တက်၊
တော်လှန်ရေး၊ ခရီးဆက်။
အားလုံး မျှတပါဝင်စေ။
တလှေထည်းစီးတွေ.
ရေဆန်ကို၊ တိုးကာဖေါက်၊
ဒါမှ ပန်းတိုင်ရောက်။
မသဒ္ဓါ (၁၂။၂၀။၂၀၀၇)
No comments:
Post a Comment