အပြစ်မဲ့ လို့ ၊ အပြစ်လိုက်ရှာ
တင်ရမဲ့ ပုဒ်မ၊ သက်သေခံပြ။
မရှိတဲ့သဲလွန်စ။ မရမက အမှုဆင်
တမင်ဖန်တီး၊ ဆင်လုပ်ကြံနည်း။
ဘိန်းပစ်ပြီး ဖမ်းတယ် ခေါ်တယ်။
ဘုန်းကြီးကျောင်းဝင်း
အပြစ်မကင်းတာပြချင်
ပိုင်ရှင် နအဖ ရဲ့
ဆင်ဆာမတင်တဲ့ အပြာCD ပြား
မပေါ့်တပေါ်ဓါတ်ပုံများ
ကျည်ဆန်ထိပ်ဖူးတောင့်များ
အိပ်ရာကြားကဘဲ။ လာသလိုလို
ဘုန်းကြီးတုများဆို၊ ရှာအပြစ်ဖို့ ကို။
ပါတီဝင်ကျောင်သား၊
၈၈၈၈ ကျောင်းသား၊
လက်ဖက်ရည်ဆိုင်များမထိုင်နဲ့ ။
လူုများများနဲ့ စကားမပြောနဲ့ 
လွယ်အိပ်ကြီးကြီး မလွယ်ကြနဲ့ 
စစ်ဆေးစရာရှိ.ခဏစခန်းခေါ်သည့်
သောက်မြင်ကပ် ပုဒ်မ။
အချုပ်ထဲမှာတင် ကြွ။
အိမ်ပြန်ရဖို့ လမ်းမမြင်။
ဘယ်သူ ဘာအပြစ်ရှိရှိ။ မရှိရှိ
ဖမ်းချင်တာဘဲ သိ။
အာဏာသားဆိုး၊ ပါးကွက်သားမျိုးရိုး
ဘုန်းကြီးနဲ့  ကျောင်းသားများ၊
အသေကိုညှိုးထား ။
သေနတ်ကျည်ဆန် ။ ဒေါ်လာနဲ့ ဝယ်ရ.
ဝါးးရင်းတုတ်နဲ့ ဘဲသေအောင်ချ။
ဦးခေါင်းခွံ. ဘဲဥလိုကျေမွစေ။
သခင့်အားရ။ ကျွန်အပါးဝနေ။
ဒီချုပ်ပါတီဝင်၊ မစန္ဒာအိမ်တွင်.
ညအချိန်မတော် သုံးချက်တီး၊
လာပြီး ရှာဖွေဟန်ပြ၊
ဘာမသင်္ကာစရာမှမရ။
နောက်ဆုံး လာစစ်သူအိပ်ထဲက
လုပ်ကြံမဲ့ သက်သေခံစာရွက်၊
တရားခံ၊ အမြင်သွက်လို့ သာ၊
ဆက်မလုပ်ရဲ၊ အကျင့် ယုတ်မဲမဲ
ဘူးလို ပေါ်ခဲ့ လဲ။
လက်ပူးနဲ့ လက်ကျပ် မမိ။
ဒီလို ဘိန်းပစ်ခံရသည့်.
အပြစ်မဲ့သူ.ဘယ်လောက်များများ၊
ဘယ်နှစ်ယောက်.ခံထိထား၊၊
မတွေးရဲ စရာ။
မသမာသူရဲ့ လုပ်ရပ်၊
ကောက်ကျစ် စိတ်ဓါတ်၊
မယုံရင်ပုံပြင်သာ၊ မှတ်ထား
နအဖဘက်တော်သားလက်ထက်
ဗမာပြည်က တရားမျှတ၊ ဥပဒေရှိရှိသမျှ
စာရွက်ထဲမှာဘဲ ဆွေးနေ၊
ကျမ်းထဲမှာဘဲ ပုပ်သိုးနေ။
ပါးစပ်မှာတော့ အမြင်ကပ် ဥပဒေ
နိုင်ငံရေးသမား မှန်က
ကျပါစေတော့၊ ထောင်နှစ်ရှည်။
မသဒ္ဓါ (၁၂။၂၅။၂၀၀၇)
Wednesday, December 26, 2007
အမှုဆင် ဘိန်းပစ်ဖမ်းခြင်း။
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment