Wednesday, December 12, 2007

လော်ရာဘုရှ် ၏ သတိပေးချက်။


အမလေးလေး၊ တကတည်းတော်..
ရှင်ဘဲ လူပေါ်လူဇော်လုပ်.
သေနတ်ပြ၊ တိုင်းပြည်အုပ်ချုပ်။
မလှုပ် မပြုတ်။
ကုတ်နဲ့ ကော်မထုတ်သ၍
အမေ့ခံနေ၊ သူမဆင်းဘူးတဲ့ 
ပင်စင်မဲ့ ဒီ စစ်တပ်။
မှတ်သားအပ်စရာဘဲ။

ငယ်သူတွေ..တိုးနိုးနိုး၊
ရာထူးထိုင်ခုံမျှော်ဆဲ။
အိမ်မက်တွေအရည်ကြဲ။
အဖတ်ဆည်တောင်မရဘဲ။
အိုကြီးအိုမတွေက၊ ဆံပင်တွေဆေးဆိုး၊
နက်ပြောင်ယင်ချော်လဲနဲ့ ၊
ပါတီတက်၊ နုပျိုနေမြဲ။
အင်း။...ဒင်းတို့ သေတော့မှဘဲ ကိစ္စပြီးမယ်။

ဒီလောက် စီးကြောတဲ့ ဗမာစစ်အုပ်စု။
မမာတာ..သူ့စရိတ်နဲ့  သူမကု၊
တိုင်းပြည်ဘဏ္ဍာထဲက၊ နှလုံးတုစက်ထဲ့ကြ။
ကတော်ကြီးများ၊ မျက်နှာအရေပြားဖြတ်ကြ။
စင်္ကာပူလာ၊ ရင်တုဖင်တု ဘု တွေထည့်ကြ။
ဘဘကြီးများဗိုက်ပူပူ၊ စက်နဲ့ ကူ အဆီစုတ်ကြ။
သေတော့လည်း၊ တိုင်းပြည်စရိတ်နဲ့ မသာချ။
သပိတ်ထဲဝင်၊ အိပ်လည်းဝင်။
ဒီတိုင်းပြည်တခွင်က၊ ပြည်သူမှ မငတ်။
ဘယ်တိုင်းပြည် ငတ်မလည်း။
မြေဇာပင်ပြည်သူများ၊ ညက်ညက်ကြေနေဆဲ။
အင်း….ကျုပ် ကူမှဘဲရတော့မယ်။

အောင်ဆန်းစုကြည်ဘ၀.
အိမ်ထဲထောင်ကျ။
အလှပြင်အပြင်ထွက်မရ နှစ် ၂၀။
သူငယ်ချင်းတွေနဲ့  စကားမပြောရ။
ဈေးကလေးမှ ထွက်မ၀ယ်ရ။
သနားစရာ့။ ဒီနိုင်ငံ ဘယ်လိုမိန်းမဘ၀။

မေးပါရစေအုံး။ လူကြီးမင်းရယ်
ဘာတွေ ဒီလောက်၊ ရှင်ကြောက်ရသတုန်း။.
လက်နက်ဆို ဘာမှ မရှိရ။
ရှင့်ခါးပတ်ပေါ်မှာက၊ ဗျောက်စုတ်ကြီးကမချ။
သူက ဗမာမ မို့ သာ၊ ရှင် ဗိုလ်ကျသမျှသူခံ
ကျမသာဆို ဆတ်ဆတ်ထိမခံ။
ကျမတို့ဆီ သေနတ်တွေ ပေါမှပေါ။
Taxes က Cowgirl လော်ရာ ကျမ၊
မိုက်ရင် သေနတ်ချင်း ယှဉ်ပစ်မလား။
ရှင်တခါထည်း ဦီးဏှောက်ပွင့် ပွဲပြီးသွားမယ်။
ကျမက သိပ်လက်တည့်တယ်။

ကဲ ကဲ ဘိုးတော်..ကျုပ်ပြောနေတယ်။
တကယ် စိတ်လေတယ်။
ဘေးဖယ် ဘေးဖယ်၊ ရှင့် လူသတ် စစ်တပ်။
ဒီမိုကရေစီ၊ ဗမာပြည်ကိုအပ်။
ထပ်ခါတလဲလဲ..သိပ်မပြောချင်ဘူးနော်။
ရှင့်လူတွေ ငတ်ပြတ်။ ထိုင်းနယ်စပ်မှာ။
ခလေးတွေလက်ဖြန့် တောင်းစား။
ရွာလည်သူတောင်းစားဖြစ်နေ။
ဗမာများ ကမ္ဘာပေါ်အနှံ့ ၊ ဆင်းရဲပင်ပန်းစွာ
လှည်လည်နေထိုင်ရနေ။
ရှင်မို့  နေနိုင်ပလေ။ တယောက်ထဲ၊
မညှာမတာဖြဲကားစားနေ။
နေစမ်းပါဦး ။ နေမဲ့ လူမရှိဘဲ။
ရှင်တယောက်ထဲ ဗိုလ်စွဲနေတဲ့ နိုင်ငံ။
ကျုပ်ဝင်စွက်ရင်..ရှင်ခံနိုင်မလား။

မြန်မြန်ဆင်းသွား.. ဆင်းသွား။
သတိပေးထားတယ်။
ကျုပ်ယောက်ျားမကြမ်းခင်။
မြန်မြန်လေး၊ အထုတ်ပြေးပြင်။
သူကြမ်းခဲ့ရင်..အဆိုးမဆိုနဲ့ 
ရှင့်အသက်ဖက်နဲ့ ထုပ်ဖို့ သာပြင်။
လည်ပင်းကြိုးကြီးကြီးနဲ့၊
တွဲလောင်းခို လေဒန်းမစီးချင်ရင်။

မသဒ္ဓါ (၁၂။ ၁၂။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */