Saturday, December 8, 2007

နိုင်ငံတော်ပုန်ကန်မှု တဲ့လား။ ဟာ ဟာ့၊ ရီရတယ်။ ဗြဲ

ဘာတဲ့လည်း၊ နိုင်ငံတော်ပုန်ကန်မှု။
ဘာတဲ့လည်း၊ နိုင်ငံတော်အာဏာဖီဆန်မှု။

လူနေခြုံကြား..စိတ်ဘုံဖျား
ခွေးပါးစပ်ရဲ့ နတ်စကား..
ဘယ်သူက ပြည်သူ..
ဘယ်သူက လူုလည်လူ
မရွေးကောက်ရဘဲ။ အာဏာယူသူ၊
အိမ်စောင့်် အစိုးရ။
တော်လှန်ရေးအစိုးရ၊
နအဖ အစိုးရ
ဆိုသော သူ
သူတို့ လည်း၊ အမှန်တော့
နိုင်ငံတော်လုပ်ကြံ ပုန်ကန်။
အနိုင်ရ ပန်းပန်တော့မှ။
ပုလ္လင်ပေါ်ထိုင် ဘ၀င်ကိုင်ဟန်ပန်၊
နှုတ်ခမ်းတလန်၊ ပန်းတလန်နဲ့ ဆဲရေး၊
သူက လွဲခဲ့ရင်၊ သူပုန်တဲ့ ဆိုသေး။
အနူလက်နဲ့ ၊ ဒင်းတို့ မို့ရွှေခွက်ကိုင်။
ဗမာပြည်။ ကမ္ဘာ့အောက်ဆုံးတန်းမှာ ဖင်ချထိုင်။
ဒင်းတို့ မို့ မျက်နှာပြောင်.ခေါင်းမာနိုင်ကြ။
ကြည့်နေပါ။ တူသောအကျိုးပေးရ
မကြာခင်.ဒင်းတို့ ခွေးလိုကျ။

တရားမမျှတ..ကိုယ့်ဖာသာကိုယ်လိမ်။
စစ်တပ်အုပ်မှ တိုင်းပြည်ငြိမ်၊
စစ်တပ်ပွါးမှ ပြည့်အင်အား၊
စစ်တပ်ကသာ အခရာ၊
အရာရာ..ပါလေရာ၊ ငပိချက်စစ်တပ်၊
ပြည်သူလူထု၊ အသက်ရှူကျပ်၊
ထမင်း ပိုပို ငတ်။
စစ်တပ်လူ လက်ညှိုးဘဲကွေးတတ်။
တတ်ယောင်ကား၊ လာ.လာမကြွားအပ်။
ကဲ ဒီ ဇာတ်လမ်း..
ဒီမှာဘဲဖြတ်ရင် ဖြတ်။
ကြာကြာလေ..ဒို့ တိုင်းပြည်စုတ်ပြတ်သတ်။

ခေတ်သမိုင်းအဆက်ဆက်။
ရာဇပုလ္လင် လုစစ်ပွဲများ။
နိုင်ရင်..ဘုရင်ဖြစ်။
မနိုင်ရင်.. နိုင်ငံတော်ပုန်ကန်မှု။
ဘာမထူးဆန်းဘူး။
နိုင်တဲ့ သူ တိုင်ဦးစတမ်း။

မင်းယုတ် ကိုမကြိုက်လို့ ဖီဆန်။
မင်း အမိန့် အာဏာစက်ကိုအာခံ။
စံနစ်ဆိုး အမြစ်ပြုတ် တော်လှန်။
သူလူကိုယ်ဘက်သား တန်ပြန်.
သဘာဝတရားအမှန်ပေါ့။

သူပုန်နဲ့ ၊ အုပ်ချုပ်သူ နိုင်ဖို့ အလားအလာ။
ရာခိုင်နှုန်း ၅၀၊ ၅၀ စီပါဘဲ။
မကြောက်ရဲရဲ..အလံလုပွဲ ဆက်နွဲကြစို့ ။
မသေမချင်း သွေးနဲ့ ရင်း
မင်းယုတ်အာဏာကျစေဖို့ 
ဒို့ တမျိုးသားလုံး လွတ်မြောက်ရေးသို့ ၊

မသဒ္ဓါ (၁၂။၁၁။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */