Wednesday, August 12, 2009

အနိုင်ပိုင်းကာမှ ခွက်ခွက်လန်ရှုံးသွားသူများ.

ဇာတ်ပွဲထဲ..ပုဏ္ဍား ရိုက်တဲ့အခါ.
မင်းသမီးက နာတယ်။
မျက်ရည် လည်
ပုဏ္ဍားက သူသာတယ် ထင်တယ်..
သူ နိုင်တယ် ထင်တယ်။
ပြုံးပြတယ်။


အမှန်က…
ပွဲကြည့် ပရိသာတ်တွေ အမြင်မှာ..
မင်းသမီး ရတာက..ဂရုဏာ..
ပုဏ္ဍားရတာ..အမျက် အာဃာတ..
ဒီပွဲမှာ ဘယ်သူနိုင်တယ် ထင်သလည်း။..
မင်းသမီးဘဲ နိုင်တယ်။
ပုဏ္ဍား၊ လူယုတ်နံမည် ၀ယ်။

အမေ..
အမေ..နာကြင်ပေမဲ့…
အမေ မရှုံးဖူး နိုင်တယ်။
အမေ့ ရဲ ဂရုဏာ..
ကမ္ဘာ့ မှတ်ကျောက်အပေါ်မှာ
အမေ့ ရဲ မေတ္တာ..
တနိုင်ငံသားလုံး အပေါ်မှာ
အကျဉ်းအကြပ်ထဲ အမေရောက်ခါမှ..
ဝမ်းမြောက်စွာ သိလိုက်ရတာ..
အမေ့ အပေါ်ထားကြတဲ့
လူသားများရဲ့ အကြင်နာ...မေတ္တာ။
အမေရဲ့ အကျဉ်းခံဘ၀အချိန်ကာလ
နိုင်ငံတိုင်းမှာ ပြောနေကြတာ..Free Aung San Suu Kyi
ပါလီမန်များမှာတောင်းဆိုခဲ့သည်။..Free Aung San Suu Kyi
ဂီတပွဲများမှာ..လေးစားဂုဏ်ပြုကြသည်.။ Free Aung San Suu Kyi
အမေ့မျက်နှာဖုံးတတ်ကြသူများ..အမေ့ဝိညာဉ် ၀င်စားခဲ့ပြီ်။.
Free Aung San Suu Kyi

ကလေးက အစ ဘုန်းကြီးအဆုံး.
တောင်းဆိုခဲ့ သည်။
လွှတ်ပေးပါ။ ဒေါ်အောင်ဆန်းစုကြည်။

အမေ့  အမည်၏ ဂုဏ်ကြက်သရေ...
နှင်းဆီဖြူနှယ် ရှင်းသန့် စိုပြေသည်
ကမ္ဘာလုံးက လေးစားတဲ့ အောင်ဆန်းစုကြည်။

အာဏာရူး လူကြီးမင်း
အာဏာခင်း လက်နက်နဲ့နင်း..
အကြမ်းကိုင် အကျဉ်းချုပ်..
အတ္တနဲ့  နိုင်ဟန်လုပ်ပေမဲ့..
မဲ့ပြုံးဆင် အကြံထုတ်နေပေတဲ့
တကယ်တမ်း ၀က်ဝက်ကွဲတာ..
လူသားတဦး ရဲ့ တန်ဘိုး
ပြန်ဝယ် မရတဲ့ သမာဓိနဲ့ သိက္ခာ..
အပြုံးနဲ့ ရင်ဆိုင် အမေ…
ဒီတပွဲ မှာ အမေနိုင်တယ်။

ကျမတို့  မြန်မာ အမျိုးသမီး
အမေ့အတွက် ဂုဏ်ယူတယ်။
အောင်လံကိုစွင့် ဂုဏ်ရည်တင့်။
နိုင်ငံရဲ့ အမြင့်ဆုံးသောမိခင်
မျက်နှာမော့ဝင့်။ ပန်းနှယ်စွင့်။

မသဒ္ဓါ (၈။ ၁၁။ ၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */