Tuesday, August 11, 2009

မွေခံထိုက်သော သမီးဆိုသည်..

အဖေ..
အဖေ့ သမီးဖြစ်ရတာ..
ဘ၀မှာ သမီး ဂုဏ်အယူဆုံး..ဤအရာ..
အဖေရယ်
ဂုဏ်ယူပါ..သမီးအတွက်..
အဖေ့ အမွေဆက်ခံထိုက်သော
သမီးတယောက်၏ နေရာ

အဖေ ပေးတဲ့
လွတ်လပ်ရေးနဲ့ တိုင်းပြည်အတွက်
အဖေ မမြင်လိုတဲ့ ဖာနိုင်ငံမဖြစ်ဖို့  အတွက်
ညီမျှ အေးချမ်း စည်းလုံးရမဲ့အစား
အပြစ်မဲ့ ပြည်သူတွေ ကို
လက်နက်ပြရမ်းကား အဖေ့ စစ်တပ်အတွက်
တရား ဥပဒေ မျှတမှု ရစေဖို့ 
သမီးရဲ့..စိတ်အင်အားလူအင်အား
အချိန်နဲ့ သတ္တိဗျတ္တိ
မပြီးတဲ့အဖေ့တာဝန်..
သမီးလေ ပုခုံးထမ်း..ကျေပြွန်ခဲ့ပါတယ်။

သမီးရဲ့ နုပျိုတဲ့ အနှစ် (၂၀) ကျော်..
လှောင်အိမ်ထဲ..ရင့်ကျက်ခဲ့ရတယ်။
သမီးရဲ့ ဂုဏ်သိက္ခာကို စတေးရင်း
စစ်တပ်၏ မတရားဥပဒေ
ဘယ်လို ဘယ်ဝါ ကမ္ဘာကို
မှတ်ကျောက်ပြခဲ့ပါတယ်။

အဖေ လို ၀ရမ်းငွေ အထုတ်မခံရပေမဲ့
အိမ်ထဲနေရင်း အလိုလို အမှုရှာ စွပ်စွဲ
ထညက်ခဲ လို ပုရွက်မည်းတွေ ခဲနေတဲ့ဇာတ်လမ်း
ပုဏ္ဍားတွေ ကြမ်းနေတဲ့လမ်း.
သမီး ပြည်သူတွေ အတွက်ဆို..
မနွမ်းပါဘူးအဖေ..
ကန္တာလမ်းမှာ ပိုလန်းတဲ့ပန်း..
ပန်းကောင်း တပွင့် ငွားစွင့်တယ်အဖေ။

စွန့် ရဲသူသာ..အောင်မြင်တဲ့ပွဲ.
အကျဉ်းခံဘ၀ပေမဲ့
သမီးဝိညာဉ်က..လွတ်လပ်တယ်။
အညှင်းခံဘ၀ပေမဲ့
သမီး အမည်က ရှင်းသန့် တယ်။

လူယုတ်မျက်မုန်းကျိုးတာ အရေးမဟုတ်
ပြည်သူ့ မေတ္တာသာ..
ကျမ အတွက် ပီတိတစ်ရပ်
အဖေ့  လို လုပ်ကြံခံရတောင်..
လူထုအရှေ့ ရပ်..
ကျမ အဖေ့ လိုဘဲ မားမားမတ်မတ်ပါ

ကောင်းမွန်သော ဂုဏ်အိနြေ္ဒ..
လူ၏ ကြက်သရေ
ငွေပေးဝယ်မရ..ချိမ်းခြောက် လုမရ..
လူရဲ့ ကောင်းခြင်း ဆိုးခြင်း..
လူအချင်းချင်းဘဲ တန်ဖိုးဖြတ်တယ်။
အဖေ ရယ် ၀မ်းမြောက်ပါ
သမီးတာဝန်ကျေပါစေ့မယ်.

သားဆိုးတစ်ရာ..မလိုပါဘူး…
သမီးကောင်းတစ်ယောက်..
အဖေ့ ဂုဏ်သိမ် ချီးမြောက်ရန်.
ထောင် မကြောက်..
ကျည် မကြောက်..
သွေးနီရောင် မပျောက်တဲ့သမီး..
အဖေ ပေးခဲ့တဲ့ ဘ၀..
အမေ ပေးခဲ့တဲ့ ခန္ဓာ..
အဖေ ချန်ထားတဲ့ စိတ်အမွေ.
အမေ ချန်ထားခဲ့တဲ့ မိန်းမ အိနြေ္ဒ
ကျမ ချစ်တဲ့ အမိမြေ…
သမီးတာဝန်ကျေပါတယ် အဖေ..
ရောက်ရာ အရပ်က သာဓုခေါ်..
အဖေရယ်… ၀မ်းမြောက်စေသော်ဝ်။

မသဒ္ဓါ ( ၈။ ၁၁။၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */