Wednesday, August 19, 2009

သစ္စာ မတည်သူ..သစ္စာပေးရန် .မရှိ


သခင်က မုန့် ကြွေးမှ
ပွဲထဲက ခွေးကလည်း မီးကွင်းထဲခုန်ပြမယ်။
သခင်က ငါးကြွေးမှ
ကန်ထဲက လင်းပိုင်ကလည်း ဂျွမ်းထိုးပြမယ်။

ရော့ ပတ္တမြား.ရော့ နဂါး..
ဆန်ပေးရင်.ဆေးရ..အလုပ်လုပ်မှ လုပ်ခ ရ
အနိုမ့်ဆုံးသော လူတန်းစား ပြည့်တန်ဆာမ တောင်
ငွေပေးရင်..တန်ရာ ကာမပြန်ပေးမယ်။
စစ်သား ရိက္ခာပေး..အသက်ပေးတိုက်ဝံ့တယ်။
တန်ရာတန်ရာပေး..အပေးအယူဖြစ်တယ်။
သစ္စာရှိမှ..သစ္စာဆိုတာ ပြန်ပေးဖို့ ရှိတယ်။
ကတိတည်မှ..သိက္ခာ လူလေးစားတယ်။

မင်းမှာ သစ္စာ..လူမှာ ကတိ..
နှုတ်ထွက် စကားကို အလေးထား..
လူမှန်ရင်..စောင့်ထိန်းရမဲ့ဝတ္တရား..
လူဆိုတာ..သစ္စာမြဲ ကတိတည်
ဘယ်အလွှာဖြစ်ဖြစ် ၀င်၍ဖြစ်သည်။

ကတိမတည်..နှုတ်ကောက်ကျစ်..
လူအဆင့်မတည်..အောက်တန်းစားလူညစ်
လူတော ၀င်မဖြစ်။

" ကဲကဲ..ရွေးကောက်ပွဲဝင်.၀င်..
နိုင်သူကို အာဏာလွှဲမယ်.
နိုင်တဲ့ အခါကျ..ရေငုံနှုတ်ပိတ်
တနှစ်ချင်း..တစ်ရစ်တစ်ရစ်.
အနှစ် (၂၀) ကျော်လို့ ..
NLD အနိုင်တွေ အရည်ပျော်ခဲ့ပြီ
ဒီတခါ မဲခိုး..စစ်တပ် တမတ် ထပ်ရွေးမည်။
ငါတို့ နိုင်တဲ့အခါမှ..အစိုးရဖွဲ့ကြမည်။"

မဆလ..နအဖ ဘာကောင်ဘဲဖြစ်ဖြစ်
သူတို့  ကတိကို ယုံ..
ဒို့  နှစ် (၂၀ ) ကျော် ကုန်ခဲ့ပြီ။။

နအဖ တဲ့ အဆိုးရပါတဲ့ဟဲ့
အရှက်မရှိ..မျက်နှာပြောင်လူသား..
လိမ်ညာစားမှ..ဗိုက်ဝတဲ့
သိက္ခာမဲ့ အရှက်မဲ့..
နှလုံးသားမဲ့...နာမည်ပဲ့တွေ..
ဒီအတိုင်းဘဲ ကြည့်နေကြသလား..
ကိုယ်နဲ့  ခု..မဆိုင်ရင်တောင်မှ
ကိုယ့်မြေးကျ ခေါင်းအကိုင်ခံရမယ်။
အရှည်ကိုကြည့်..ပါးနပ်သိပါ။
တစ်ခါ လိမ်ခံရ..လိမ်သူအပြစ်…
နှစ်ခါ အလိမ်ခံရ..ခံချင်သူ..
အပြစ်သာဖြစ်တယ်။

ယမင်းရုပ်လေး တပြပြ..ဘကြီိးအောင်က ညာတယ်..
ရာဇပလ္လင် ပုတ်ပုတ်ပြ..ဘကြီးရွှေက ညာတယ်။
စစ်အတွင်း ထားသစ္စာကို..
အလွယ်တကူယုံကြည်ရရိုးလား..
ဒီတခါ ထပ်အညာခံရ..
တိုင်းပြည်သာ အပေါင်ဆိုင်ပို့ လိုက်ကြပေတော့။
တောင်းဆိုး ပလုံးဆိုးထက် စုတ်ပဲ့ခဲ့ ပြီ..
ဒါ ဒို့ ပြည်။

ဒီမြေ တစ်လက်မ..ဒီမြေ တစ်မှုန်တစ်မွ
အလကား ရထားတာမဟုတ်ဘူး..
ရာဇ၀င်အဆက်ဆက်..ဘိုးဘွားဘီဘင်
ချွေးစက် နဲ့ ဆေးထားရတဲ့ မြေ
သွေးစက်နဲ့ ရင်းထားရတဲ့ မြေ
အသက်နဲ့ ခင်းထားရတဲ့ မြေ
မြေးမြစ်တွေ ကျွန်မဖြစ်စေချင်လို့ 
အာဇာနည်.ဝိညာဉ်တွေ စွန့် ခဲ့ကြတဲ့မြေ

လူမျိုးချင်း စစ်ကျွန်ပြုလို့ ရရိုးလား..
အားမတူ..လက်နက်မတူ..
ဒီလိုဘဲ ငူတူတူ ထိုင်ရကြေးလား..
မြန်မာ ယောက်ျား၏ သတ္တိ..
ဒို့ ခေတ်ကျ မှ ခြစားတာ ရင်မချိဘူး.

ဒို့ ခေတ်ကျမှ ညံ့လားဟေ့မောင်ရို့ 
ကျန်စစ်သား..ဘုရင့်နောင်..
အလောင်းဘုရားလည်း..
မျက်နှာမှာ အိုးမည်း..သန်းရွှေ သုတ်ခဲ့ပြီ။
မြန်မာဆိုသည်..ဆန်မရှိ သောက်စားကြီး..
ကိုယ့်အိမ်.ကိုယ်ကျယ် ဖင်ဂေါင်းကြီး
အာဏာရူးသာသာ ဖြစ်သည်။

ဒို့ လူလေးများ ဆိုသလေး…
ဒို့  ဘိုးဘွားအမွေ..ဒို့ အားလုံးပိုင်ရမည်။
ဒို့ သားမြေးလက်ထက်..မြန်မာဟေ့ မော်ကြွားစေရမည်။
တကယ်..လွတ်လပ်ချင်…သွေးနဲ့ ရင်းရမည်။
သိက္ခာပြန်လိုချင်…အသက်ကိုစွန့် ကြရမည်။.
ရဲရဲ ပြသ…ရဲရဲပါဝင်ကြ..
သမိုင်းပေးတာဝန်တရပ်ရဲ့အစ..
ကတိသစ္စာကို..ခါးဝတ်ပုဆိုးမြဲပြီး
သာသနာကို စောင့်ထိန်း
အမျိုးဂုဏ်ကို..မမှိန်စေချင်က..
ညီညာဖျဖျ သပိတ်စ။

မြန်မာဆိုတာ..သစ္စာတည် တဲ့အမျိုး.
အာဇာနည် အရိုးများ ဒို့ ဆံထိုးထိုး..
မြန်မာအမျိုးဟဲ့..ခွပ်ဒေါင်းဇာနည်..
လူယုတ်တော်လှန်ရန်..အချိန်ကျပြီ။
ရရာ..လက်နက်ဆွဲကိုင်ထွက်ခဲ့..
ပြည်သူ့အင်အားနဲ့သာ..
တိုက်ထုတ်ရာ..
မင်းညစ်ဆိုး၏ အဓမ္မအာဏာ..

မသဒ္ဓါ ( ၈။၁၈။ ၂၀၀၉)
ရဲကြပါမောင်တို့ ..ရဲပါစေ..မယ်တို့ ..ဘိုးဘွား၏ တာဝန် မိမိတို့ ကျေကြပါစို့ ။ မပြီးသေးသော သပိတ်ပွဲ ပြန်စစို့ ။
အားလုံးညီညာ..တွန်းကြပါ..အောင်ပွဲ အရှေ့ ဆီမှာ

No comments:

 
/* EOT ----------------------------------------- */