Friday, August 7, 2009

လောကဓံတရား (၈) ပါးနဲ့ ကျမ။


လာဘော , အလာဘော
ပစ္စည်းဥစ္စာပေါများခြင်းနဲ့ နည်းပါးခြင်း ။
ယသော , အယသော
အခြွေအရံများခြင်း၊ နည်းခြင်း ။
နိန္ဒာ , ပသံသ
ချီးမြှောက်ခံရခြင်း နဲ့  ကဲ့ရဲ့ခံရခြင်း ။
သုခံ , ဒုက္ခံ
ချမ်းသာခြင်း နဲ့  ဆင်းရဲခြင်း ။
ရှစ်ပါးသော လောကဓံ..
ကြံ့ကြံ့ ခံနိုင်မှ သင်ဟာ လူ..

ကျောင်းသားတွေ ဒုတ်နဲ့ရိုက်ဖမ်း.
အယ်ဒီတာတွေ စာရွက်စာတမ်းပစ်ဖမ်း
ရှေ့ နေတွေ အပြစ်တင်ဖမ်း.
ဘုန်းကြီးကျောင်းတွေပေါ် ထမီပစ်ဖမ်း
ဒေါ်အောင်ဆန်းစုကြည် ကို..အမှုဆင်ဖမ်း..
ပေးစားတတ်တဲ့ မြန်မာ့ပါးစပ်
အယုတ်တ အနတ္တ ထွက်ရဲတဲ့ပါးစပ်
ယုတ်မာကြမ်းတမ်း.လူသရမ်း.
အမိယုတ်သား..သဘောက်မသားများ။
ပြောမယုံစရာ ဒို့ တွေဟဲ့ မြန်မာပြည်သား။

online တွေပေါ် လိုက်ဆဲ
မဆီမဆိုင် အချောင်စွပ်စွဲ
သူများ ငါ့ မမြင်ဘူးထင်လည်း..
သူများ ငါ့မသိဘူး ထင်လည်း..
မင်း ကိုယ်စောင့်နတ်ကို လိမ်မရ
ကိုယ် လိပ်ပြာကို ညာမရ..
ကိုယ်လုပ်သောကံ..ကိုယ်ပစ်သောကျည်ဆံ
ကိုယ့် ဆီပြန်မှန်မဲ့ အဖြစ်
သေရင် ခွေးနက်ကြီးအူတော့မယ်။
အပြစ်မရှိသူ စွပ်စွဲ..ငရဲမှာ တလည်လည်။

ဘုရားရှင်တောင် စိဉ္စမာဏနဲ့ 
စွပ်စွဲကြသေးတာမို့ ..
မသဒ္ဓါလို သာမန်လူသား
တွေ့ ကရာလူတွေ
လာပေးစားတာ ကြောက်မယ်ထင်လား
ဒါ..အရေးများ လုပ်စရာလားဟဲ့

ချီးမွမ်း ခုနှစ်ရက်..ကဲ့ရဲ့ခုနှစ်ရက်..
ဖြေရှင်းစရာမလို..ရန်ဖြစ်နေဖို့ မလို..
ကိုယ်ဘာကောင်လည်း သူဘာကောင်လည်း..
တနေ့ သမိုင်းက စကားပြောမယ်။
သူများ ဘယ်သူ ဘယ်ဝါဆိုတာထက်..
ကိုယ် ဘယ်သူဘယ်ဝါဆိုတာ
မှတ်ကျောက်ဘဲအရေးကြီးတယ်။
ပြန်သုံးသပ်ပါ..သင်ဘယ်သူလည်း..
ရှက်တတ်ပါ… သင်ဘယ်သူလည်း..

လောကဓံ တရား ရှစ်ပါး
ကျမ နှလုံးသားထဲ ရှိတယ်။
မိမိ ပြုသော ကံအကျိုး..
ပြောသူသာပြန် ခံစားရမယ်။
တပြည်လုံး လောင်နေတဲ့မီး..
ဆီမီးခွက်တစ်စက အရေးမကြီး..
ပြောစမ်းပစေ..ဆဲရဲရင်ဆဲပစေ။
အလှည့်ကျမှ မနွဲ့ ကြေး
မင်းရာဇ၀င် မင်းရေးတယ် မောင်ငယ်။

မသဒ္ဓါ ( ၈။၇။၂၀၀၉)
cbox တကာလည်..မဆီမဆိုင် ကျမနာမည်ဖော်..တခြားသူကို ဆဲနေသူများအတွက်.။ လက်မမကောင်း လက်မ. ခြေမမကောင်း ခြေမ ပြောကြပေါ့။ တခြားသောအရာ..ကျမနဲ့ ဘာမှမပတ်သက်ပါဖူး။ ကျမ ဘယ်နေရာရပ်နေတာ ကျမဖာသာသိပါတယ်။ ကျမ ဘာလုပ်နေတာ ကျမ သိပါတယ်။ ပေးစားလည်း ကျမက..ဘာမှမဖြစ်ပါဘူး။ ပြောသူရဲ့ လူသိက္ခာ..ပြောသူရဲ့ အကျင့်စာဂသာ ပိုညစ်ညမ်းစေလာတာပါ။ အံမယ်မင်း မသေလို့ တွေ့ ရ မေ့မရပါဖူး. ကျမချစ်သော မောင်နှမများအတွက် တုံးကျော်မက မသေပါဖူး..မသဒ္ဓါ ကတော့.ပန်းပန်လျှက်ပါဘဲ။ စိတ်ရွှင်လမ်းဖြာ..ကျမ်းမာလျှက်ပါရှင့်..

No comments:

 
/* EOT ----------------------------------------- */