Friday, August 21, 2009

အင်္ဂါဆယ်ပါး ပြည့်စုံခြင်းတော့ အတူတူ..သို့ သော်


ပါရမီ ဟူသည်
မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်၊
ဘုရားလောင်းတို့ ၏ ကျင့်စဉ်။
ဖြည့်ကျင့်ရမည့် ၀တ္တရား
သူ ကျင့်ခဲ့တာ သူတော်ကောင်းတရား

ပါရမီတရား (၁၀)ပါး၁။ ရက်ရော ကူညီစောင့်ရှောက်
ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုအရာမြောက်
ဒါန ဆိုသောပါရမီ
၂။ စည်းကမ်းရှိသူ၊ ယဉ်ကျေးသိမ်မွေ့သူ
သန့် ရှင်းစင်ကြယ်သော အကြံအစည်၊
အပြုအမူ၊အပြောအဆို
စောင့်ထိန်းမှု ၏ သီလ ပါရမီ
၃။ တစ်ကိုယ်ကောင်း မဆန်သူ၊
ကိုယ်ကျိုးမရှာသူ၊
အများပြည်သူအတွက်
မိမိပျော်ရွှင်မှု၊ ကိုယ်ကျိုးကို စွန့်လွှတ်နိုင်သူ၏
နိက္ခမ ပါရမီ
၎။ ပညာရှိသူ ၊ အမှန်တိုင်းသိမြင်နိုင်သူပီပီ
အမှန်တရားကို တိကျမှန်ကန်စွာ
အခြားသူများအား
အလင်းဉာဏ်ပေးနိုင်စွမ်းရှိသော
ပညာ ၏ ပါရမီ
၅။ အင်အားနှင့် ဇွဲကောင်းသူ
ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်း
လုံ့လ ၀ီရိယ နှင့် ကြိုးစားအားထုတ်နိုင်သူ
ဘေးအန္တရာယ် ရင်ဆိုင်ရစေမူ
သတ္တိရှိစွာ ကြောက်ရွံ့ခြင်းကင်းလျှက်
အခက်အခဲ အရာရာကျော်လွှားနိုင်သူ၏
ဝီရိယ ဆိုသော ပါရမီ။
၆။ စိတ်ရှည် သည်းခံခွင့်လွှတ်နိုင်သူ
ဖြစ်တည်ရာအားလုံး
လောကဓံ လှိုင်းလုံးများ၏
ကောင်းကွက်ကိုသာ ရှုမြင်တတ်သော ခန္တီစ ပါရမီ
၇။ အမြဲမှန်ကန်ရိုးသားသူ
ရိုးသားဖြောင့် မတ် နှုတ်မြွက်တည်သူ
အမှန်တရားလမ်းကြောင်းကို ဘယ်သောအခါမှ
သွေဖည် ခြင်းမပြုခြင်းဆိုသော သစ္စာ ပါရမီ။
၈။ သံမဏိစိတ်ဓါတ်ဖြင့် ခိုင်မာပြတ်သားသူ
ပန်းပွင့်လို နူးညံ့သော်ညား
စိတ်ထား ကျောက်ဆောင်အလား ခိုင်မာသူ
ကေသရာဇာ မြက်မစား
အမြဲတမ်းမြင့်မားသည့် အကျင့်စာဂရှိသူ ၏
အဓိဋ္ဌာန် ပါရမီ
၉။ လူသား အားလုံးအပေါ်
ရင်ဝယ်သားသို့ သနားကြင်နာ
ဖေါ်ရွေ ဂရုဏာထားသူ၏
မေတ္တာ ဆိုသော ပါရမီ။
၁၀။ စိတ်လှုပ်ရှားမှုမဲ့ နှလုံးသား
အေးချမ်း တည်ငြိမ်သူ
ညီမျှသော စိတ်ထားနဲ့ လောကဓံကို မတုန်လှုပ်သူ
ကဲ့ရဲ့ခြင်းများ အားအလေးမထား
စေတနာ အရင်းခံဖြင့်
စစ်မှန်သော မိမိ၏ လားရာကို စောင့်ရှောက်အပ်သော
ဥပေက္ခာ ဟူသော ပါရမီ။

ပါရမီ ၁၀ ပါး.ကျင့်ကုတ်ကြိုးစားသူက..
ပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်။အော်..
တဖက်ထည်း အမွှန်းတင်နေ..တရားမမျှပါဘူး။
ကိုယ့်ဘက်ဘဲ ကောင်းတာပြော..ရှက်စရာကြီးနော..

မွှန်းသင့်လို့  သာ..ဆက်မွှန်းပါရစေတော့။
အာဏာရှင် တို့ ရဲ့
ကောင်းမှုတော်ကလေးတွေလည်း
မသဒ္ဓါ မျက်နှာချိုသွေး ရင်ဖွင့်ပါရစေဦး။

ဘဘ ဆိုသော လူကြီးမင်းတို့ခမြာများလည်း
(၁၀ ) ပါး သော အခြားပါရမီ
သူတပါးထက် ထူးကဲ..တော်တော် ပြည့်စုံရှာပါသည်။

ကိလေသာတရား၏ (၁၀) ပါး
(၁) လောဘ-လိုချင်တပ်မက်ခြင်း။
(၂) ဒေါသ-အမျက်ထွက်ခြင်း။
(၃) မောဟ-တွေဝေညံ့ဖျင်းခြင်း။
(၄) မာန-မောက်မာထောင်လွှားခြင်း။
(၅) ဒိဋ္ဌိ-အယူဝါဒ ယွင်းမှားခြင်း။
(၆) ၀ိစိကိ စ္ဆာ-သံသယ ရှိခြင်း။
(၇) ထိနမိဒ္ဓ-ပျင်းရိငိုက်မည်းခြင်း။
(၈) ဥဒ္ဓစ္စ-စိတ်ပျံ့ လွင့်ခြင်း။
(၉) အဟိရိက-မကောင်းမှုလုပ်ရန် မရှက်ခြင်း။
(၁၀) အနောတ္တပ္ပ-မကောင်းမှူလုပ်ရန် မကြောက်ခြင်း။

ကျန်ပါသေးတယ်ရှင့်
ဟော ဒီမှာ
ဒုစရိုက်တရား၏ ဆယ်ပါး

ကာယဒုစရိုက်သုံးပါး
၁- ပါဏာတိပါတာ-
သတ္တ၀ါတို့ အသက်ကိုသတ်ခြင်း၊
၂- အဒိန္နာဒါန-
သူတပါးပစ္စည်းကိုမပေးဘဲယူခြင်း၊လုယက်ခြင်း
၃-ကာမေသုမိစ္စာစာရ-
မလွန်ကျူးအပ်သော
မိန်းမယောင်္ကျားတို့ ၌လွန်ကျူးခြင်း၊ မုဒိမ်းကျင့်ခြင်း

ဝစီဒုစရိုက်လေးပါး၁-မုသာဝါဒ-မမှန်စကားပြောကြားခြင်း၊
၂-ပိသုဏ၀ါစာ-ကုန်းချောခြင်း၊
၃-ဖရုသ၀ါစာ-ကြမ်းတမ်းစွာပြောဆိုခြင်း၊
၎-သပ္ဖပ္ပလာပ-အတင်းအဖျင်းပြောခြင်း၊

မနောဒုစရိုက်သုံးပါး၁-အဘိဇ္ဇာ-သူ့ ဥစ္စာကို ကိုယ်ဥစ္စာဖြစ်စေလို၍ကြံစည်ခြင်း၊
၂-ဗျာပါဒ- သူတပါးကိုပျက်စီးလိုခြင်း၊
၃-မိစ္စာဒိဋ္ဌိ အယူအမြင်မှားခြင်း၊

သူ့ ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံး
(၁၀) ပါးတော့ (၁၀) ပါး ပြည့်စုံပါတယ်။

သို့ ပါသော်ငြား
သူတော်ကောင်းနဲ့ သူယုတ် ဆိုသော..
အင်္ဂါရပ်တော့ အကွာကြီးကွာပါတယ်။

ဘယ်သူသာတယ်။
ဘယ်သူ မှန်တယ်။
စာဖတ်သူများ တွေးချင့်…
ဘယ်ဘက်ကို ပန်းကုံးစွပ်သင့်တယ်။
ဘယ်ဘက်ကို သပိတ်မှောက်သင့်တယ်။

မသဒ္ဓါ ( ၈။၂၀။၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */