Monday, May 3, 2010

ရင်ကွဲနာကျခဲ့တဲ့ ည


အိမ်ခေါင်မိုးပေါ်ကျတဲ့ ပြင်းထန်မိုးရေစက်..
လေအလာမှာ ယိမ်းနေတဲ့ အုန်းလက်…
ညက အိမ်မက်ဆိုးတွေ မက်တယ်…
ကျမလေ..
မုတ်သုန်ညရောက်တိုင်း အအိပ် ပျောက်ခဲ့ရသူ

ပေ ၂၀ကျော် အမြင့် နံရံလှိုင်းလုံး
အဆက်မပြတ်ရွာတဲ့ မုတ်သုန်မိုးချုန်း
ကျိုးနေတဲ့ သစ်ပင်တွေ..
ဝါးလုံးထိုးစီးနေတဲ့ ဆင်းရေ..
ပေါလောမြောနေတဲ့ ကျွဲနွား.လူသား.
အမှိုက်ပြွမ်း.၀ါးသစ် အိမ်တိုင်လုံးများ.
ပင်လယ် ဒီရေပွါး..ဆွဲစားတဲ့အခါ..
မြစ်ကမ်းစပ်က ရွာကလေးတရွာရဲ့ အလှ
မိုးရေထဲမှာ ပျောက်ဆုံးခဲ့တယ်..
ရွာသားများရဲ့ မိသားစုဘ၀..
နေ့ မြင်ပြီး..ညပျောက်သွားတယ်။
ပင်လယ်ပျော်တွေ. အလောင်းကျခဲ့တာ
သူတို့ ချစ်သော..ပင်လယ်မှာ

အဖေ အမေ အဘ အမ..
ကျီးပြိုသံတွေ ကျနေတဲ့ ည..
မိုးရေတက်ရေ..တဖွေးဖွေး..
လှိုင်းခေါင်း ဖြူစွေးစွေး.
မြေသားတောင်ရေးရေး မမြင်ရ..
ရွာလုံးကျွတ် ခ၀ါကျတဲ့ ဘ၀..

"ကြီးတော်ရေ ကယ်ပါ..ကယ်ပါ.."
ရေလှိုင်းအလယ်က ကလေးမလေး..
မျက်လုံးဝိုင်းကလေး အငယ်သား..
ပါးစပ်အဟောင်းသား ကြောက်လန့် တကြား..
အိမ်မက်ထဲမှာ.. အာစေးမိ..ကျမ
သူ့ ကို..ကယ်ဖို့ ကြိုးစားရင်း
လက်ကမ်းပေးတာ မမှီ.့တမှီ.
ဖမ်းမမိလွတ် ရေမှာမြော
ဒီတညလည်း...ရင်ထုမနာ လန့် နိုးခဲ့ပြန်ပြီ..

လန့် အနိုး သတိတရ..
လွန်ခဲ့တဲ့ နှစ်နှစ်ကပေါ့..
ဧပြီ ၃၀ ။ ၂၀၀၈၊
မသဒ္ဓါ ရဲ့ CBox မှာ
"ကယ်ကြပါအုံး" အမည်ရသူက..
စေတနာ မေတ္တာများစွာနဲ့ ..သတင်းပေး
"တနာရီ မိုင်တရာကျော်
Nargis လို့ခေါ်တဲ့မုန်တိုင်း
ရန်ကုန်တိုင်းကို ဖြတ်မယ်..
အပျက်အစီး အထိအခိုက်များမယ်
အားလုံးကိုအကြောင်းကြားပေးကြပါ
မသဒ္ဓါ ကိုအားကိုးပါတယ်.."

ပြာပြာသလဲ..သွားကြည့်တဲ့အခါ..
တိမ်တိုက်အပြည့်ဖုံး..
သေမင်းတမာန်..မုန်တိုင်းလုံးကြီးလေ..
ကျမ မွေးရပ်မြေကို..ချာချာလည်..
တဖြေးဖြေး..ချည်းကပ်နေတယ်…

မသဒ္ဓါ တတ်နိုင်သမျှ နီးစပ်ရာ..
ဘလော့များမှာ သတင်းပေးခဲ့ပါရဲ့
ဆွေမျိုးသားချင်း သူငယ်ချင်း..
ဖုံး မချတမ်း ဆက်ခဲ့ပါရဲ့..

တာဝန်ကျေတယ်..မကျေတယ်..
အပြစ်တင်ရင်လည်း ခံရဖွယ်..
မသဒ္ဓါ ဆိုတဲ့ သာမာန်ကဗျာရေးသူဟာ
မိုးလေ၀သ သတင်းဌာန၀န်ထမ်း မဟုတ်ရပါ။.
နိုင်ငံတော် အကြီးအကဲလို အကုန်သိ."ဦးတပ်ပါ့".
လိုအပ်တာများ မှာကြားတတ်သူ မဟုတ်ရပါ။.
မိုးလေ၀သ မှန်မှန်ဟော..
တောက်တဲ့ ကိုလူပေါ ဦးထွန်းလွင် လည်းမဟုတ်ပါ။
MRTV 1,2,3,4..မြန်မာ့အသံမှ
သတင်းဖတ်သူလည်း မဟုတ်ရပါ..
မြန်မာ့ အလင်းကြေးမုံ..အာဖျံရျွှီး..
မီဒီယာသမားကြီး လည်း မဟုတ်ရပါ.
RFA, VOA, SBS, BBC, DVB
အစီအစဉ်ကြေညာသူလည်း မဟုတ်တဲ့အခါ..
အာဇာနည် နဲ့  ကိုမိုးသီး..
လူလာ အဖတ်များတဲ့ ဘလော့တွေပေါ်..
မေတ္တာနဲ့ နိဗ္ဗါန်ဆော်ခဲ့ပေမဲ့
ကြားသမျှ သတင်းတင်ပေးခဲ့ပေမဲ့..
ဧရာဝတီ အစွန်အဖျား ဆားချက်တဲ့ရွာသား
မီးမရှိ..ကွန်ပြူတာ မသိ..
အင်တာနက်မသိ..မသဒ္ဓါ ကို မသိ..
မိုးအခါ မိုးရွာ..လယ်စိုက်ရန်
ဖားအုံအင်အော်..ရိုက်ရန်သာသိတဲ့ လယ်သမား
ကြီးပါပေ့ မုန်တိုင်းလာတာ..
မသိခဲ့ ရှာပါ။

သတင်းဌာနများကလည်း မှောင်ချထားတဲ့အခါ..
လုံခြုံပြီ..ထင်ပြီး အိပ်တဲ့ တဲမိုးအိမ်ထဲ
ပုရွက်ဆိတ်အုံ..ရေလောင်းခံသလို..
ကယ်ပါယူပါ.တစာစာ..
ရေမှာမျော..ပင်လယ်ဝမှာ လူသေကောင်ပေါလော..
ခန့် မှန်းခြေ သေသူဦးရေ ၁၄၀,၀၀၀
ဘုရား ဘုရား..ဖြစ်မှဖြစ်ရလေ.
နှလုံးသားတစုံ..ဖျတ်ကနဲ ကွဲကြေသွားခဲ့..
နိုင်ငံတော်အကြီးအကဲ..
ဂရုဏာ အရေကြဲ..လုပ်ရက်တယ်..
ရွှေဘဘ တို့  ရဲ့ အစိတ်သား အခြေခံဥပဒေ..
နအဖ မသေဖို့ ဘဲ ဒီအတ္တ
လူသိန်းကျော်အလောင်းနဲ့ လဲ ..ငါမလဲဖို့ သာအရေကြီးတယ်..
ရှင်ရက်သေနေခဲ့ နှလုံးသားမဲ့သူ..
ဘဘ ရယ်..ရှင်…လူမဟုတ်ဘူး..

အခုဆို..နှစ်နှစ်ရှိပြီပေါ့..
အခုထိတော့ အိမ်မက်ဆိုး မက်နေဆဲ..
ဘဘ ရေ..ပျော်အောင် အိပ်ပါလေ..
အလှည့်ကျတဲ့အခါ..ပြန်ပေးဆပ်ပေါ့..
သေငယ်ဇော..ခွေးနက်ကြီးလိုက်တဲ့ အခိုက်..
ဖ၀ါးတင်ပါးကျ သင်သာ ပြေးလိုက်ပေတော့။

မသဒ္ဓါ (၅။၂။၂၀၁၀)

မုန်တိုင်းတွင်း သေဆုံးသွားသော ၀ိညာဉ်များအား ပြုခဲ့သမျှ ကုသိုလ်တို့ အားအမျှ ပေးဝေပါသည်။
မသဒ္ဓါ အနေဖြင့်..မုန်တိုင်းသတင်းကို သိပြီး ပေးရန် အချိန်မီ ကြိုးစားခဲ့သော်လည်း..အားလုံးသိမှီအောင် စွမ်းဆောင်နိုင်မှု ညံ့ဖျင်းသောကြောင့် တစုံတရာ..မကာကွယ်ပေးနိုင်ခဲ့သည့် သင်တို့ ၏ အသက်အိုးအိမ် စည်းစိမ် များအတွက်..အလွန်တရာ ကြေကွဲဝမ်းနည်းရပါသည်။

သင်တို့ ၏ ၀ိညာဉ်များ အားအမှုးထား၍ တိုင်တည်ပါသည်။
ဤ မုန်တိုင်းသတင်းကို..သူအမှန်တကယ် သိပါရက်နဲ့ ..
နိုင်ငံတော် အကြီးအကဲအမည် မတန်မရာ ခံယူထားပါလျှက်နဲ့ ..
အချိန်မှီ ပြည်သူများအား ၄၈ နာရီအတွင်း ကယ်ဆယ်ရေးလုပ်ငန်း ရွှေ့ပြောင်းနေရာချထားရေး လုပ်ငန်း များကို လုပ်ပေးနိုင်ပါရက်နဲ့ 
သွေးအေးစွာ..မဆိုင်သလိုနေ..မလုပ်ပေးဘဲ စေ တနာအလျှဉ်းမျှ မကြင်နာဘဲ သင်တို့ ၏ အသက်များ စွာ ရင်း၍ အတည်ပြု အနိုင်ရယူ..လိမ်ညာခဲ့သော နိုင်ငံတော် အကြီးမားဆုံး လျှစ်လျှုရှု မှု ကို စံနစ်တကျ ကျူးလွန်ခဲ့သော အကြီးအကဲများ အား အပြစ်ပေးကြပါလော့.. သွားလေရာဘေး.. လာလေရာဘေး.. ရန်သူမျိုး ငါးပါး. .၀ိုင်းရံ ဘေးခရအောင် ပြစ်ဒဏ်ခတ် ချောက်လှန့် ပေးကြပါလော့။

အိုဘဲ့....နာဂစ် တစ္ဆေ ၀ိညာဉ်များစွာတို့ 
နေစိမ့် သော..မိမိ အဖို့ သာသိတတ်..မြင်အပ်သော လူယုတ်မာများအား. အိပ်ကောင်းခြင်း.. စားကောင်းခြင်း.. လုံးဝ ကင်းစင်စေရန်.. ညအခါမလပ်.. ခြောက်လှန့် ကြပါလော့..
သင်တို့ ၏ သေဆုံးသော ဘ၀များစွာသည်..ဤ အကြီးအကဲများ၏ တာဝန်ဝတ္တရား ပေါ့လျှော့မှူသာဖြစ်၏။ သို့  ဖြစ်ပါ၍ သေဆုံးသူတို့ ၏ တွန်မည့် အရိုးပေါင်း..များစွာ.. ရှင်သန် ထမြောက်. . တာဝန်မဲ့သူများအား ခြိမ်းခြောက်ကြပါကုန်။..


ကဗျာရေးရသော အကြောင်းရင်းမှာ....
မောင်လေး KO သို့ စာပြန်ခြင်း
( http://www.platonicloveaugust4.blogspot.com/ ) မှ
မသဒ္ဒါရဲ့ စီဘောက်ထဲက တာဝန်သိ ၊ အမြော်အမြင်ရှိတဲ့ လူတွေ ရဲ့ ကြိုတင်သတိပေးချက်

မြန်မာပြည်မှာ မုန်တိုင်းပြင်းထန်မယ်ကို ပြည်ပ က လူတွေက သိပေမယ့် ပြည်တွင်းက လူတွေ မသိခဲ့ရရှာပါဘူး၊
http://thadar.blogspot.com/ ဘလော့တစ်ခုက စီဘောက်ထဲမှာ မြန်မာတစ်ချို့က ဧပြီ(၃၀)၊ မေ(၁)ရက်နေ့က စပြီး စိုးရိမ်တကြီး (၂) ရက် ကျော်ကြိုတင် သတိပေးခဲ့တာပါ ။ သတိပေးတာကလဲ အတိအကျ ပေးတာပါ။ သူတို့ သတိပေးတဲ့ အတိုင်းလဲ အတိအကျဖြစ်ပျက်သွားခဲ့တယ်။

ဒါပေမယ့် လူတိုင်းနီးပါးဟာ အမှတ်မဲ့ နေထိုင်ခဲ့ကြပါတယ်။ ဒီလို ဖြစ်သွားတာဟာ ပြည်ပ ရောက်နေတဲ့ မြန်မာတွေဟာ ပြည်တွင်းကလူတွေကို ကြိုတင် သတိပေးဖို့ ပျက်ကွက်ခဲ့တာလဲပါပါတယ်။ ဘလော့တွေ ကနေတဆင့်၊ ဂျီတော့တွေကနေ တဆင့် ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် တိတိကျကျ ပြည်တွင်းက သူငယ်ချင်းဆွေမျိုးတွေကို သတိမပေးနိုင်ခဲ့ပါဘူး။ ဧရာဝတီတိုင်းက လူတွေ မပြောနဲ့ ရန်ကုန်က သူငယ်ချင်းတွေတောင် ကျွန်တော်တို့ မုန်တိုင်းရှိတယ်လို့ ပဲရိုးရိုးတန်းတန်း သတိပေးခဲ့မိတာပါ။ မုန်တိုင်းပြင်းမယ်လို့ သတိပေးနိုင်ခဲ့ရင်တောင် မုန်တိုင်းအပြီးမှာ ရန်ကုန်လူထု ကြိုတင်ပြင်ဆင်ချိန်ရလို့ ဒီလောက်ဒုက္ခရောက်နေမှာ မဟုတ်ပါဘူး။

ခန့်မောင်: မုန်တိုင်းနောက်ဆုံးသတင်းတွေကို 01667766 မှာမေးနိုင်ပါတယ် သတင်းရရင်လက်ဆင့်ကမ်း ပေးကြပါအုံး
1 May 08, 17:53
ခန့်မောင်: မုန်တိုင်အကြာင်မယုံကြပါ မုန်းတိုင်းအရေးပေါ်ကြေငြာချက်များထွက်ဟန် မတူသေးပါ အဲဒီမုန်တိုင်း လမ်းတလျှောက်မှာရှိတဲ့ မြို့တွေကို ၀ိုင်းကူဖုန်းဆက်ပေးကြပါအုံး
1 May 08, 17:52
ခန့်မောင်: မုန်တိုင်းကြီးဘယ်လောက်ကြောက်စရာကောင်းသလဲ ဂူဂယ်အတ်ကနေ ၀ဲသာကို ကလစ်ဖွင့်ပြီး ကြည့်ရင်တွေ့နိုင်ပါတယ် လောလောဆယ် ဖျာပုံ ပုသိမ် ကလူတွေက
1 May 08, 17:26
ခန့်မောင်: မုန်တိုင်းဗဟိုနှင့်အနီးမိုင်၂၀အတွင်းတွင် တနာရီမိုင်၁၂၀အထက်လေတိုက်မည် မုန်တိုင်းဒီရေ ၁၅ပေခန့်မြင့်မည်
1 May 08, 17:26
ခန့်မောင်: နာရီအနည်းငယ်အတွင်း ဧရာဝတီတောင်ပိုင်းကို ဟိုင်ကြီးကျွန်းအနီးမှဖြတ်မည် လေတိုက်နှုန်း တနာရီမိုင်၆၀ကျော်မည်
1 May 08, 17:26
ခန့်မောင်: မုန်တိုင်းသည် မိန်းမလှကျွန်းနောက်ဖက်မိုင် ၉၀ခန့်တွင်ရောက်ရှိနေပါပြီ ပိုပြီးအားကောင်းလာ နေပါ သည် အရှေ့ဘက်သို့ လျှင်မြန်စွာရွေ့နေသည်
1 May 08, 16:53
ခန့်မောင်: ရန်ကုန်တွင်လေးပြင်တိုက်က ဆိုင်ဘုတ်ကြီများ တုံးလုံးလဲသွားနိုင်သည် မုန်တိုင်သတင်းကိုဒီနေ့ တောက်လျှောက် စောင့်ကြည့် ပေးကြပါ လက်ဆင့်ကမ်းပေးကြပါ
1 May 08, 16:53
ခန့်မောင်: မော်တင်စွန်းသို့ စတင်ဝင်ရောက်မည် ရန်ကုန်အနီးသို့ ဒီညတွင်ဖြတ်လိမ့်မည် ဧရာဝတီတိုင်း၏ ပင်လယ်နှင့်ထိစပ်နေသော အပိုင်းများ စိစိညက်ညက်ကြေသွားနိုင်သည်
1 May 08, 16:53
ခန့်မောင်: မုန်တိုင်အထူးသတင်း နာဂစ်မုန်တိုင်းသည် လောလောဆယ်တွင် လတ်15.8 နှင့် လောင် 91.2 မထင်မှတ်ပဲ အရှေ့သို့ဆက် ရွေ့နေသည် ခန့်မှန်ချက်အရ ဒီနေ့မနက် ၇နာရီတွင်
1 May 08, 12:19
okokok: မော်တင်စွန်းနဲ့ဆို မိုင်နှစ်ရာပဲဝေးပါတော့တယ် လပွတ္တာမြို့ကတောအိပ်ပျော်နေဆဲပါ သူတို့အပေါ် မုန်တိုင်းကြီး ကျော်တော့မယ်ဆိုတာ သိပုံမရရှာပါဘူး အားလုံးလက်ဆင့်ကမ်းသတိပေးကြပါ
1 May 08, 12:19
ညီညီ: မော်တင်စွန်းနဲ့ဆို မိုင်နှစ်ရာပဲဝေးပါတော့တယ် လပွတ္တာမြို့ကတောအိပ်ပျော်နေဆဲပါ သူတို့အပေါ် မုန်တိုင်းကြီး ကျော်တော့မယ်ဆိုတာ သိပုံမရရှာပါဘူး အားလုံးလက်ဆင့်ကမ်းသတိပေးကြပါ
1 May 08, 12:19
ညီညီ: မုန်တိုင်းလမ်းကြောင်းပြောင်းပါတယ် လောလောဆယ် လတ် 15.5 နဲ့ လောင် 92.1 မှာရှိနေပါတယ် ဒီပုံစံအတိုင်းဆို ဧရာဝတီတိုင်း အောက်ပိုင်းကတော့ စိစိညက်ညက် ကြေမယ့်ပုံပါပဲ
1 May 08, 12:19
ညီညီ: မုန်တိုင်းလမ်းကြောင်းပြောင်းပါတယ် လောလောဆယ် လတ် 15.5 နဲ့ လောင် 92.1 မှာရှိနေပါတယ် ဒီပုံစံအတိုင်းဆို ဧရာဝတီတိုင်း အောက်ပိုင်းကတော့ စိစိညက်ညက် ကြေမယ့်ပုံပါပဲ
1 May 08, 08:02
ခန့်မောင်: သိချင်တာတွေ မိုးလေ၀သ ဖုန်း 01 665944 သို့ဖုန်းဆက်မေးနိုင်ပါသည်
1 May 08, 08:02
ခန့်မောင်: မုန်တိုင်းစင်တာလမ်းကြောင်းဦးတည်ရာ၏ ညာဘက်တွင် လေမှတွန်းတင်ထားသော လှိုင်းလုံးကြီး များက ကမ်းခြေသို့ဝင် ဆောင့်တတ်သည် ယခု လှိုင်းများ ၂၇ပေထိမြင့်မည်ဟု ခန့်မှန်းနေသည်
1 May 08, 07:56
ခန့်မောင်: အချင်းဝက်မိုင်၂၀အတွင်း လေတိုက်နှုန်း မိုင်တရာကျော်သည် အချင်းဝက်မိုင် ၂၀မှ ၁၂၀ အတွင်း မိုင်၅၀မှမိုင် ၈၀အတွင်းရှိသည် တတိယ လှိုင်းလုံကြီးများ မုန်တိုင်းသည် လက်ယာရစ် လည်သည်
1 May 08, 07:56
ခန့်မောင်: မုန်တိုင်းတွင် အဖျက်စွမ်းအား ၃မျိုးရှိသည် ပထမ မိုးသည်းထန်စွာရွာခြင်းဖြစ်သည် ရေကြီးခြင်း တမံကျိုးခြင်း တောင်ပြိုခြင်းများဖြစ်နိုင်သည် ဒုတိယ လေပြင်းထန်ခြင်း မုန်တိုင်းစင်တာနှင့်
1 May 08, 07:56
ခန့်မောင်: မုန်တိုင်းစင်တာလမ်းကြောင်းဦးတည်ရာ၏ ညာဘက်တွင် လေမှတွန်းတင်ထားသော လှိုင်းလုံးကြီး များက ကမ်းခြေသို့ဝင် ဆောင့်တတ်သည် ယခု လှိုင်းများ ၂၇ပေထိမြင့်မည်ဟု ခန့်မှန်းနေသည်
1 May 08, 07:24
ခန့်မောင်: ၃ရက်နေ့ နေ့လည်တွင် ကယားနှင့်ရှမ်းတောင်ကြားသို့ရောက်မည်ဟု ခန့်မှန်းကြသည်။ ဖျက်ဆီးအား ကြီးမားမည်ဖြစ်သောကြောင့် လမ်းကြောင်းကျနေသော မြို့ရွာများသို့ လက်လှမ်းမီသလောက် ကြောင်းကြားသတိပေးကြပါ
1 May 08, 07:24
ခန့်မောင်: ဂွမြို့နှင့်သံတွဲမြို့သည် အနီရောင်စိုးရိမ်မှတ်တွင်ရှိနေသည်။ ရန်းဗြဲ မန်အောင်နှင့် ပုသိမ်တို့သည် အ၀ါရောင်စိုးရိမ်အမှတ်တွင်ရှိနေသည်။ အဆိုပါနေရာမှ ရှေ့မြောက်ယွန်းယွန်းသို့ တစ်နာရီ ရေ(၇)မိုင်နှုန်းဖြင့်ရွေ့နေသည်။
1 May 08, 07:23
ခန့်မောင်: မုန်တိုင်းဗဟိုတွင်လေတိုက်နှုန်းတနာရီ မိုင်တရာကျော်လာပြီဖြစ်သည် ရန်ကုန်မြို့၏ အနောက်ဘက် မိုင် ၃၇၀တွင်ရောက်ရှိနေပါပြီ။ မူလခန့်မှန်းထားသော ၂ရက်နေ့သန်းခေါင်ယံထက်စော မည်ဖြစ်သည်။
1 May 08, 07:23
ခန့်မောင်: နာဂစ် ခေါ် ဆိုင်ကလုန်းမုန်တိုင်သည် ယနေ့တွင် အဆင့်နှစ်မှ အဆင့်တစ်သို့ ပိုမိုပြင်းထန်လာသည် မုန်တိုင်း၏အချင်းဝက်သည် မိုင်တရာကျော် အမြင့်သည် ဆယ်မိုင်ကျော်အထိ ကြီးမားကျယ်ပြန့်လာသည်
ကယ်ကြပါအုံး: https://metocph.nmci.navy.mil/jtwc/warnings/io0108.gif
30 Apr 08, 13:03
ကယ်ကြပါအုံး: မသဒ္ဓါ ကိုအားကိုးပါတယ်
30 Apr 08, 13:03
ကယ်ကြပါအုံး: http://www.alertnet.org/thefacts/reliefresources/TSR/200801B_01B.htm
30 Apr 08, 13:03
ကယ်ကြပါအုံး: တနာရီ မိုင်တရာကျော်နှုန်းလေတိုက်မယ်လို့ ပြောပါတယ် ဒီမှာအသေးစိပ်ကြည့်ပါ
30 Apr 08, 13:02
ကယ်ကြပါအုံး: Nargis လို့ခေါ်တဲ့မုန်တိုင်း ဗမာပြေကိုဝင်မယ် ရန်ကုန်နားကဖြတ်မယ် အပျက်အစီး အထိအ ခိုက်များမယ် လို့ သိရတယ် အားလုံးကိုအကြောင်းကြားပေးကြပါ
http://www.platonicloveaugust4.blogspot.com/

Ma Thadar ( မသဒ္ဓါ ) said...
ဟုတ်ကဲ့ ko ရှင့်
မသဒ္ဓါ တာဝန်သိ တာဝန်ကျေ ပြည်သူပါ..သတင်းရလျှင်ရချင်းဘဲ..အာဇာနည်နဲ့  ကိုမိုးသီး ဘလောက်များ ပေါ်သို့ မုန်တိုင်း သတင်း ကို တိုက်ရိုက်ပို့ ပြီး တင်ပေးပါတယ်..ဘာလိုလည်း ဆိုတော့ မသဒ္ဓါ ဘလော့ ဆီထက် စာရင် ဟိုဘက်ကို သွားတဲ့  လူတွေက များလို့ ပါ. ဘလော့ဂါတွေထဲမှာ မသဒ္ဓါ ဟာ မုန်တိုင်း ကိစ္စ သတင်း update တွေ ရော..ရသမျှ အချိန်မီ ရသမျှ တင်ပေးပါတယ်.။

ဒီလောက်ထိ ဖြစ်ပျက်သွားခဲ့တာ တကယ်ဘဲ ကြေကွဲ ၀မ်း နည်းရပါတယ်မောင်ငယ်..ဒီလောက် ထိခိုက် တဲ့ကိစ္စကြောင့် စိတ်ထိခိုက်င်္ပြီးကဗျာ မရေး နိုင်တဲ့အတွက် ခုတလော မသဒ္ဓါ ကဗျာထွက်ကြဲတာပါ. လေမွန်း ကြပ်ရှူမရ သေသူနဲ့ ရေမွန်းကြပ် သေတဲ့လူတွေအတွက် မသဒ္ဓါရဲ့ နှလုံးသား လည်းမွန်းကြပ်ခဲ့ပါတယ်.

အပြစ်တင်လိုက တင်ပါ မောင်ငယ်။။ တကယ်လို့  မသဒ္ဓ့ါ တာဝန်မကျေတာ ရှိခဲ့ရင်။

ခလေးတယောက်လာရေးတဲ့..အမကြီးကို အားကိုးပါတယ် မသဒ္ဓါ ဆိုတဲ့ စကားလုံးလေးကြောင့် မသဒ္ဓါ..ဘာဘဲဖြစ်ဖြစ် ဘယ်သူဘဲ ပုတ်ထုတ် ပုတ်ထုတ်။ဘယ်သူဘဲ ကဲ့ရဲ့ ဆိုဆို၊ ချစ်ရတဲ့ မောင်ငယ်ညီမငယ် အားလုံး ကို လစ်လျှုရှူ ထွက်မပြေး နိုင်ခဲ့ပါဘူး.မသဒ္ဓါက နိုင်ငံရေးသမားလည်း မဟုတ်။ ကျောင်းသား ခေါင်းဆောင် လည်းမဟုတ်။ ခံစားပြီးသာ ကဗျာရေးသူ သာဖြစ်တဲ့အတွက်..မသဒ္ဓ့ါရဲ့  ပြည်သူများအတွက် လုပ်ဆောင်ပေးနိုင်မှု အတိုင်းအတာ.စိတ်ကျေနပ်စရာ မလုံလောက်ခဲ့ဘူုး ဆိုခဲ့ရင် အားလုံးကို တောင်းပန်ပါတယ်။

ခွင့်လွတ်ပါ။
လာရောက်ပြီး မုန်တိုင်း သတင်းပေးသူများ ကို ကျေးဇူးတင်ရှိပါတယ်။
မသဒ္ဓါ (၅။၇။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */