Monday, May 17, 2010

စိမ်ခေါ်ကြမယ်...ကိုယ်ထူကိုယ်ထ

ယနေ့ .တကယ်ရေပန်းစား..
နအဖသုံးနှုံး ဝေါဟာရစကား
ကြားဖူးတယ် မဟုတ်လား…
“ ကိုယ့်အား ကိုယ်ကိုး..
ကိုယ်ထူ ကိုယ်ထ..”


ကိုယ်ထူကိုယ်ထ မူကြိုကျောင်း
ကိုယ်ထူကိုယ်ထ ဘုန်းကြီးကျောင်း
ကိုယ်ထူကိုယ်ထ..ဈေး
ကိုယ်ထူကိုယ်ထ..ပညာရေး

ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း
ကိုယ်ထူကိုယ်ထ ခင်းကတ္တရာလမ်း
ကိုယ်ထူကိုယ်ထ နာရေးအသင်း
ကိုယ်ထူကိုယ်ထ အမှိုက်ရှင်း

ကိုယ်ထူကိုယ်ထ လုံခြုံရေးအဖွဲ့
ကိုယ်ထူကိုယ်ထ မီးသတ် တဲ့
ကိုယ်ထူကိုယ်ထ..မုန်တိုင်းဘေးကူ
ကိုယ်ထူကိုယ်ထ..အလောင်းကောက်ကြသူ

ကိုယ်ထူကိုယ်ထ ကျန်းမာရေး.
ကိုယ်ထူကိုယ်ထ..ဆေးပေး
ကိုယ်ထူကိုယ်ထ..စာကြည့်တိုက်
ကိုယ်ထူကိုယ်ထ မီးကင်းလိုက်

ကိုယ်ထူကိုယ်ထ..လမ်းတံတား
ကိုယ်ထူကိုယ်ထ..အဆောက်အဦးများ.
ကိုယ်ထူကိုယ်ထ မြူနီစပယ်.
ကိုယ်ထူကိုယ်ထ..အိမ်သာဆောက်ရတယ်။

ဒို့ မြေက ထွက်သော ၀င်ငွေ..
သစ်တောထွက် ကျွန်းသစ်ဝင်ငွေ..
မြေပေါ်အောက် သယံဇာတ..ရောင်းချသမျှ..
ကျောက်တွင်းလည်းကုန်. မြစ်လည်းကုန်
ရေနံလည်းပြုန်း တောလည်း တုံး
ကျောင်းများလေလံ မီးရထားလေလံ
ဆိပ်ကမ်းများလေလံ ပန်းခြံများလေလံ
ရှိသမျှ လေလံ..ခိုးစရာ ရှိသမျှ ကြံ
ပြည်သူ ကဘဲ ကျောမွဲခံ
ဖွတ်သထက် ညစ်..လူမဆန်
ပြည်သူပိုင်ပစ္စည်းဆုံး ဓါးမြသာ ဇိမ်ခံပစ္စည်းသုံး.
ဘိုးဘွားရဲ့ အမွေ..ပြည်သူကမပိုင်ချေ။

ဒို့ ပေးနေရသော အခွန်..
ဘယ်သို့ ရောက်..ဘယ်သို့ ပေါက်..
သမင် ထွက်ရင်..တမင်တကာ
အကာရံမဲ့ ဖောက်ထားတာ..
မင်းကြီးစောင့်သော စည်းရိုးတာ

''မည်သူမဆို ကူညီသည် ဖြစ်စေ၊
မည်သူမဆို မကူညီသည်ဖြစ်စေ
ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ
ကိုယ် အားကိုယ်ကိုးမှသာ
ကိုယ်သာ သခင်ဖြစ် မလေ ''
တဲ့
လုလင်ငယ်သွေး ဆိုသော သီချင်း
သခင် ဖြစ်ချင်..ကျွန်မခံကြနဲ့ .
ဒူးမထောက် လက်မမြှောက်
ခေါင်းငုံ့ မခံကြနဲ့ 
တရားယူချင်..အားကူထူချ.
ကိုယ်ထူမှ ကိုယ်ထရမယ်။

ကိုယ်ထူ ကိုယ်ထ..
ဘာမဆို လုပ်ကြရတမ်း ဆှို
စစ်အစိုးရမလို..နအဖ မလို..
စစ်သား တပြားသားမှ မလို
ရွေးကောက်ပွဲကို ဘွိုင်းကောက်
သခင်ဖြစ်လိုသူ..ရဲစိတ်ပေါက်
ဖောက်ထွက်မှ ရမယ်..
မကြောက်တတ်မှ ရမယ်

ဒီတခါ လည်း..ခေတ်စားဝေါဟာရ
ဖွဲ့ စည်းကြ..ဒိုြ့ပည်သူ့  အစိုးရ ..
လုပ်ကြရအောင်..
ကိုယ်ထူ ကိုယ်ထ..

မသဒ္ဓါ (5/17/2010)

1 comment:

သောင်ရင်း said...

ကိုယ်ထူကိုယ်ထ သပုန်ထ ခဲ့ သည်။ ၁၉၈၈ တုန်းက ပေါ့။

 
/* EOT ----------------------------------------- */