Sunday, May 16, 2010

ရူးချင်ယောင် ဆောင်မနေနဲ့ ..


နိုင်ငံတော်၏ အကြီးအကဲ.
ဂုဏ်သရေရှိ..လူကြီးမင်းများ ခင်ဗျား..
ကျနော်တို့ သည်..မြေနဲ့ လုပ်စား..
လယ်သမားများ ဖြစ်ကြသည်။

မြန်မာပြည်ရှိ..ဆန်စပါး..
စားသောက် ကုန်စည်..
ကျနော်တို့  စိုက်ပျိုးကုန်ဖြင့်ဖြည့်ပါသည်။

ကျနော်တို့ သည်.. ခန္ဒာကိုယ်ခွန်အားရင်း
မပျင်းသော ကာယ အလုပ်သမားများပါ။
စက်မှုထုတ်ကုန်။ လူသုံးကုန်.
ပို့ ဆောင်ဆက်သွယ်.လုပ်ငန်း
ဆောက်လုပ်ရေးလုပ်ငန်း..
အလုပ်ကြမ်းမှန်သမျှ ထောက်ပို့ ကြရသူ။

ကျနော်တို့ သည်.. ပညာကူ..
ဦးနှောက်နဲ့ သုံးသူ
ပြည်သူဝန်ထမ်း ဥာဏ အလုပ်သမားများပါ။
ပညာရေး ကျန်းမာရေး..၀န်ဆောင်ရေး..
ငွေကြေးဘဏ်. ရုံးလုပ်ငန်းအ၀၀
မလျှော့သော လုံ့ လရှိကြသူတွေပါ။

ကျနော်တို့ သည်.. လက်နက်ကိုင်
လုံခြုံရေး..ကာကွယ်ရေးဝန်ထမ်းများပါ။
နိုင်ငံတော် မြေပုံမပျောက်ဖို့ 
ဘေးအန္တရာယ်မရောက်ဖို့ 
ကာကွယ်တဲ့ ၀န်ထမ်း..အမိန့် နာခံသူ
ရဲ စစ်သား လုံထိန်းများဖြစ်ပါတယ်။

ကျနော်တို့ သည်.. ဥပဒေ၏ ဘက်တော်သား.
တရားဥပဒေ ၀န်ထမ်းများပါ။
လက်နက်ဂုတ်ဝဲ..သေမှာလည်းကြောက်.
မှန်တာလည်း ဖြောင့်ချင်..
လက်တလုံးကြား ဥပဒေ ပုဒ်မ.တွေကြား
ငိုစားရယ်စား ကြိုးတန်းလျှောက်ရသူများ။

ဘာအလုပ်ဘဲလုပ်လုပ်..
ဘာအရည်အချင်းဘဲရှိရှိ.
ပြည်သူ၏ ၀န်ထမ်းများ..
ကျရာတာဝန် အပြည့်အ၀..
ကူညီသူများဖြစ်သည်။

ကျနော်တို့ ၏ ရထိုက်သော ၀င်ငွေ.
ထိုက်သင့်တာရရင်တော်လောက်ပြီ။
ကျနော်တို့ ၏ ပေးရမဲ့အခွန်..
ဝတ္တရားကျေပြွန်သူများပါ.

ဘယ်လောက်ဘဲဖိဖိ..
လူသားတို့ ၏ လိုအပ်ချက်..
လှုပ်ရှားနေသော အစာအိမ်ရှိသည်။
ခုန်လွှားနေသော.နှလုံးသားရှိသည်။
စီးဆင်းနေသော သွေးများရှိသည်။
ပူနွေးသော သွေးသားများရှိသည်။
ရေ အစိုဓါတ် ၆၀% ပါသော ခန္ဓာကိုယ်ရှိသည်။

တမင်းဆီဆမ်း..ရွှေလင်ဘန်းကို မလို
သမီးတော်အား စိန်စီရန် မလို
ငွေကို မလို..
ရွှေကို မလို ..
ရေကို လိုသည်။

လူကြီးမင်း..ပီပီသသ
အကယ်၍သာ သင်သည် မင်းကောင်း
ဘုန်းတန်ခိုး လျှမ်းလျှမ်းထ..
လက်ညှိုးညွှန်ရာ..ရေဖြစ်တယ်ဆိုခဲ့ရင်….
ပေးလှဲ့ပါ မေတ္တာရေ..
ဖြန်းခဲ့ပါ စေတနာရေ..
တမနက်မှ မသောက်..
အသက်ပျောက်ရမဲ့ရေ..
ပြည်သူလိုတာ သောက်သုံးရေ

ဂူတွင်းအောင်း..နအဖ..
နေပြည်တော်က..မင်းတြားဆိုတဲ့.အဘ..
ပြည်သူကို တကယ်ချစ်တယ်ဆို..လက်တွေ့ ပြ။

မသဒ္ဓါ (၅။ ၁၅။ ၂၀၁၀)
ကိုယ်သောက်ဖို့ ရှိရုံ..ကုံလုံပြည့်စုံတယ်ထင်..
သူများအတွက် လုံးဝ မပူတတ်သူ
လူမဟုတ်သော သူများအတွက်..

No comments:

 
/* EOT ----------------------------------------- */