Wednesday, May 5, 2010

အဖြေမရှိသော ပုစ္ဆာဆိုသည်မရှိ..ကြိုးစားစိတ်ရှိ အဖြေရှိတယ်.

လောကရဲ့နိယာမ..
အဓမ္မ.. ဓမ္မ.. မှန်တာက နိုင်တယ်ဆိုပေမဲ့..
ဒီဖော်မြူလာ..ပုစ္ဆာတိုင်းမှာအဖြေ မမှန်ဘူး..
ဒီလိုဖြေရခက် ပုစ္ဆာ ဘယ်လိုအဖြေညှိရမလည်း


မှန်ကန်ခြင်းသာ..လိမ်ညာမုသားကိုအနိုင်..
လူကောင်းတွေ..ဖြေသိမ့်နေလည်း..
လာမယ်..ကြာမယ်..တခါတလေ..
ဘယ်အခွင့်ကမှ..မသာပြန်ဖူး..
ဒါ ဘယ်သူညံ့တာလည်း

ငြိမ်းချမ်းရေးနဲ့  စစ်..အခုထိ ရန်ဖြစ်ဆဲ..
မေတ္တာ တရားရဲ့ ပရိတ်သံ ဓမ္မ..
ယမ်းငွေ့ အောက်မှ ပျောက်ဆုံးနေဆဲ..
သောကကင်းတဲ့ မျက်နှာများ..
လောဘအတွင်းမှာပျောက်နေခဲ့..
တောရဲ့တရားသာ ကြီးစိုးနေ..
ဘယ်သူ့ မှာ အပြစ်ရှိသလည်း

လက်နက်ရှိသူ..အနိုင်ဘဲလား.
ဟောက်စားသူသာ နိုင်ဖဲလား..
မောဟကြီးသူသာ…ကြမ်းတမ်းဆဲ..
လောဘရမက်မဲ..ရှုံးသူကို ယစ်ပူဇော်ဆဲ…
သွေးနဲ့ရေးသမျှ သမိုင်း..
မှန်သော်လည်းရာဇ၀င်ရိုင်းတယ်..
ငါးပျံဘဲ ရေအပေါ်..ဗုံလုံက..ရေအောက်…

သည်းခံခြင်းတရားက ကျောက်တုံးလိုဖိ..
နာကြင်ခြင်းတရားအသိ..လွတ်ရာလမ်းနတ္တိ..
ဆူးကြားထဲက ဗူးသီးတွေ..
လှုပ်လေ ဆူးလေ..
ကြာလေ..နာလေဘဲ..
လွတ်မြောက်လမ်းက ဒီလောက်တောင်ဝေးနေတုန်လား.
ဒီလိုဘဲ ငြိမ်ခံ..အနာဂတ်ကို ဆက်ရေးကြမလား..

လူစွမ်းကောင်းတွေရဲ့ လည်ပင်းများ
ကြိုးတန်းမှာ ဒန်းစီးဆဲ
လူယုတ်မာတွေ ကတော့
ဘောင်းဘီ ချွတ်ပွဲ..
မတရားတာ ငုံ့ ခံနေသမျှ..
ဒူးထောက် ကြိတ်မှိတ်..
ပါးစပ်ပေါက်တွေ လေသင်ဓုန်းဖြတ်နေသ၍
ဒို့ တတွေ..
ဘယ်တော့ မှ လွတ်လပ်ကြမယ်မဟုတ်ဖူး..

ဗိုက်ကြီးသည် ကလေးမျက်နှာ မြင်ချင်..
မိမိ ကိုယ်တိုင် သာအားထုတ်ညှစ်..
ဝမ်းဆွဲသည် ကို အပြစ်မတင်ပါလှင့်..
တိုက်ပွဲခေါ် ဆန္ဒပြ
ကိုယ့်နိုင်ငံကို ကိုယ်ချစ်ကြရင်..

မသဒ္ဓါ (၅။၅။၂၀၁၀)

No comments:

 
/* EOT ----------------------------------------- */