Saturday, February 6, 2010

မောင်လူအေး၏ တုတ်ကွေးနဲ့  မသဒ္ဓါ၏ တုတ်ကွေး..

ကြက်တုတ်ကွေး..၀က်တုတ်ကွေး..
တရုတ်တုတ်ကွေး ဂျပန်တုတ်ကွေး
ဘာတုတ်ကွေးလည်း တော့ မသိ..
ထိချက်က အတော်တော့နာတယ်..

နယ်ပိုင် မောင်လူအေးရဲ့ တုတ်ကွေး..
ဂေါက်သီးလေးနဲ့  ဇိမ်ကျပေမဲ့
မယ်သဒ္ဓါ ရဲ့တုတ်ကွေး.
ချောင်းဆိုးပျောက်ဆေးသောက် မှေး..
အလုပ်မတက်နိုင်..ရက်တွေ ပျက်..
ချောင်းတဟွတ်ဟွတ် ရင်တွေ နာလျှက်.
အမေချက်တဲ့ ကြက်သားဆန်ပြုတ်…
စောင် ခေါင်းမြီးခြုံ ချွေးထုတ်တယ်။

ဟဲ့ နင်တို့  အင်္ဂလိပ်ဆေးက မပျောက်
ချင်း ထညက်.ကျို သုံးခွက်တခွက်တင် ဆေးမြီးတိုသောက်”

အမေ့ အာဏာကြောက်ခါ မညင်းရဲ..
ချင်းပြုတ်ရည် ပူပူ ချိုချိုရဲရဲ..
တုတ်ကွေး မပျောက်..
လူတော့ ကျော်သူဆီ အလောင်းအပ်ရမယ် သေချာတယ်…
ရ၀ကျော် အမေ ကျမထက် သူ သန်မာသေးတယ်။

သမီးရေ ပျော်အောင် အိပ် အိပ်..အမေသိပ်တဲ့အခါ..
မှေးကနဲပျော်တဲ့ခဏ..
အတိတ်ဘ၀ထဲရောက်သွားတယ်။

ဒို့ အရေးအော်နေတဲ့ ည..
ဇောက်တိုးချည်ထားတဲ့အလံတစ..
တရွေ့ရွေ့ နဲ့  လူတန်းထဲကကျမ
ရဟန်းရှင်လူ..အုန်းအုန်းကြွက်ကြွက်
ကြားလိုက်တာ..သေနတ်သံချက်
ပစ်ပြီ..ပစ်ပြီ…ကျည်ကပ်.အတွဲလိုက်…
အလဲအပြို လူသားတွေ အထပ်လိုက်..
သွေးနံ့ ညှီ..ယမ်းငွေ့ မပီ..
မြင်ယောင်သည် ၈.၈.၈၈ ၏ ပန်းချီ..

အိပ်လို့ တောင် မပျော်…
စားတောင်မရ…တုတ်ကွေးထက်ဆိုးတာ..
၈၈ ရဲ့ ဆောင်းအိမ်မက်..
ဦးဏှောက်ထဲ အခုထိ ထင်မြင်ဆဲ..
ဘယ်တော့များ ဒို့ တွေ ၀ဋ်ကျွတ်ပါ့မလည်း..

မျိုးဆက်တွေ တဆက်ပြီးတဆက်..
ကျွန်သက်တွေ ဘဲ ရှည်..
အာဏာ ရှင်က လက်ခမောင်းခတ်နေဆဲ..

ထိုးမဲ့ ဆင်ဟန်ပြင်..နောက်တလှမ်းချင်းဆုတ်..
ကွဲပြဲ ပြန့် ကြဲနေတဲ့ ၈၈ ကျောင်းသားတသုတ်ပေါ့
တချို့  ကထောင်ထဲ..
တချို့  က မြေကြီး ထဲ..
တချို့ က မျက်နှာမွဲ
တချို့  က လက်မထောင်ဆဲ..
တချို့ က အာဏာနောက်လိုက်ဆဲ
တချို့ က ပါတီထောင်မယ် ရွေးကောက်ပွဲ
တချို့  က လေသေနတ်ထောင်ဆဲ..
တချို့ လည်း ၈၈၈၈ power online ပေါ် ကော်ဆဲ..

တော်ကြာပါတော့ မောင်ငယ်များ..
နိုင်ငံက ချောက်ထဲမှာ..
၈၈၈၈ night mare ဆိုတာ
ကြုံဖူးသူ.ဖျားနေတာတောင် မမေ့သာဖူး
တုတ်ကွေးဝင်ချိန် ခြိမ်းခြောက်တစ္ဆေ
သူလေ..ပြန်ပေါ်လာနေဆဲ။..
ဒို့ လိုနေတာ ညီညွတ်ကြဖို့ ပါဘဲ…
တိုက်ပွဲပြင်..ဘယ်လို တိုက်ကြမလည်း..

ဆဲဆိုတာတွေ ရပ်ကြပါတော့..
အာဃာတတွေ စွန့် ကြပါတော့.
အတ္တ အရေခွံချွတ်ကြပါတော့.
ကိုယ့် မျိုးဆက်မှာခံခဲ့ရတာ..အမှတ်ရပါလော့..
နောက် မျိုးဆက်အတွက်..
ဘာလုပ်နိုင်မယ် ဆုံးဖြတ်ကြပါတော့..

ကိုယ်ကြမ္မာ ကိုယ်ပိုင်..
ယှဉ်ပြိုင်ရဲမှ..အနိုင်ကိုစွဲတယ်..

ကုန်ဆုံးခဲ့သော စတေးခံဘ၀များ
မြေမြှူတ်သဂြို င်္လ်..
တကယ် နိုင်ငံကို ချစ်ရင်…တကိုယ်ရည်ပါဝင်ကြ..
ဒို့ တော်လှန်ရေး စကြရအောင်။
အခါခါရှုံးတာ..ပြန်သုံးသပ်..
အာဏာရှင်ကို ဖြုတ်ရအောင် အမြစ်ပြတ်
နောက်ဆုံးတိုက်ပွဲနဲ့  အဆုံးသပ်..
အောင်ပွဲနဲ့ သာ ဇာတ်လမ်းဖြတ်ကြရအောင်..

မသဒ္ဓါ ( ၂၊ ၅၊ ၂၀၁၀)

1 comment:

မောင်ပါလ said...

အမကြီးလည်း တုပ်ကွေးမြန်မြန်ပျောက်ပါစေ။ မြန်မာပြည်လည်း အောင်ပွဲမြန်မြန်ရောက်ပါစေ။

 
/* EOT ----------------------------------------- */