Wednesday, February 10, 2010

မနက်ဖြန်တွေ…ရှိချင်ကြသေးရင်ပေါ့

အုပ်စိုးသူ နဲ့ ပြည်သူ..
အပေးအယူ မမျှ..
ကျွန်စံနစ်ပြန်စတဲ့ မြန်မာပြည်..

ရှေးသရောအခါက
သက်ဦးဆံပိုင် စံနစ်ပေမဲ့
လွှတ်တော်နဲ့  ဟစ်တိုင်ရှိခဲ့တယ်..
မတရားတာရှိ တိုင်နိုင်တယ်။
ငါမကောင်းရင်..ငါ့အကြောင်းရေး..
ငါ့မယားမကောင်းရင်..မကောင်းကြောင်းရေး..
မင်းတုန်းမင်းတြားပေးခဲ့တာ..စာနယ်ဇင်းလွတ်လပ်ခွင့်..
အာဏာရှင်ထက်သာခဲ့ တဲ့ သက်ဦးဆံပိုင်စံနစ်..

လူလက်တစ်ဆုတ်ကောင်းစားရန်..
မြေလှန်ရောင်းတဲ့သယံဇာတ..
ဓါတ်ငွေ့ ကြောပေါ်ထိုင် လျှပ်စစ်မရ။။
စပါးတောင်ပုံ..ထမင်းရည်သောက်ကြ..
ရှိသမျှ တရုတ်ဘက်စီးဆင်း..
ချဉ်သီးပင် အောက်ချဉ်သီးငတ်နေခြင်း..

ပြည်သူပိုင်တဲ့မြေ..
ပြည်သူပိုင်တဲ့ ရေ..
ပြည်သူ ဆိုင်တဲ့ ဘဏ္ဍာ..
ဘယ်မှာလည်း..
ပြည်သူမပိုင်တဲ့ မြန်မာ..

လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်
ပြည်သူကို စည်းဝိုင်းအပြင် ရုံခါထုတ်တဲ့နောက်
ရောက်ရာနိုင်ငံမှာ မျက်နှာငယ်အနာဂတ်သုန်း
ဒုက္ခသည်တဲတန်း မျက်စိတဆုံး..
လူရောင်းကုန်ဖြစ်..ဘ၀တုန်း..
မြန်မာပြည်သူရဲ့ ဘ၀..
ဒို့ တွေ အားလုံး သုံည..
တိုက်မလား..သေမလား…
အားလုံးစဉ်းစားကြ။

မပြောင်းချင်ရင်…မျိုးဆယ်ဆက် ကျွန်ခံ..
အညံ့မခံလို အသေခံ တွန်းလှန်..
ဘိုးဘွားအမွေ ဒို့ မြေကို
ပြည်သူ အားလုံးပိုင်ကြရန်..
အားအင်ယူ တဖန်ပြန်ထ.
 မြန်မာပြည်ကို နေ့ သစ်ပြန်စရအောင်..

မသဒ္ဓါ ( ၂။၉။၂၀၁၀)

1 comment:

မောင်ပါလ said...

မျှော်လင့်ချက်ကင်းစွာနဲ့ လင်းခဲ့ရတဲ့မနက်ဖြန်တွေ မရေတွက်နိုင်တော့ပါဘူးဗျာ။ ကဗျာလေးလင့်ခ်သွားပါတယ်။

 
/* EOT ----------------------------------------- */