Thursday, February 18, 2010

မောင်တားဆီး၏ မြန်မာပြည်အတွေ့အကြုံ (ကွန်ဒွန်ကလေး၏…ရင်ဖွင့်သံ)

ကျနော်နာမည် မောင်တားဆီး ပါ
ကျနော် ဘယ်ကစ..
အခုထိ ညင်းနေကြတုန်းဘဲ..


ကျနော့၏..ဘိုးဘွားအစ..
တိရိစ္တာန်၏ အူနံရံပါး..ဆီးအိမ်နံရံများ.
သားရေစ.ပိုးစ..ချည်စ.
ဆီစိမ်စက္ကူက..ပြောကြတယ်..

လက်တင်လို CONDUS’ ဆိုတာ
ထည့်စရာခွက် အမည်ရတာပေါ့..
အီဂျစ် နံရံဆေးပန်းချီ..ဂျပန်ရှေးသမိုင်း
တော်တော် ရှေးကျတဲ့ ကျနော့ အမျိုးရိုးပါ

ကြက်ပေါင်းစေးနဲ့ အဘိုးကတော့
1844 က စတယ်..နောက်.
တဖြေးဖြေး..ပိုပို အမျိုးမြင့်လာ..
ကျုပ်ခေတ်ကျ ကြည့်
Made by latex or polyurethane..
အရောင်စုံ ဆိုက်ဆုံ ပုံစံစုံပေါ့..
အနံစုံ အရသာစုံ..
ပူရှိန်းရှိန်း ချိုမြမြ..
ပန်းရောင်..အပြာရောင် လှမှ လှ…
အထူအပါး..အနူအရွ
ပါးပါးလွှာလွှာ..ကောင်းမှကောင်းဗျာ..
ကျနော်ဆို ရှိတယ်တောင်မထင်ရဖူး..
စားသုံးသူတွေ သဘောကျ..
ထိတယ်..သိတယ်..လူကြိုက်တယ်ဗျို့ 
ဒါပေမဲ့ မြန်မာပြည်မှာတော့ ကျနော် အလုပ်မဖြစ်ဖူး..

ကျနော်တို့ အလုပ်ကတော့
အကာအကွယ်ပေါ့..
ဆစ်ပလစ် ဂနို..
အသည်းယောင် အသားဝါ A to Z
HIV နဲ့  virus အမျိုးမျိုး..
ကလေးခြား..မျိုးဆက်မပွါးဖို့ ရာ…
ကျနော်..ကုသိုလ်လုပ်တဲ့ သူပါဗျာ

ဒီလိုနဲ့  ကျနောတို့  အမျိုးတွေ ကမ္ဘာလှည့်..
အာရှ အာဖရိက..အမေရိက သြစတေးသျှ..
ကမ္ဘာ အရှေ့ နောက်တောင်မြောက်
အာကာသတောင် မချန်..
ခရီးသွားဖူးတယ်…
ကျနော် လာတဲ့နေရာတော့မမှတ်မိတော့ဖူး
ကျနော့ကို ဆီလိမ်းပြီးချုပ်..အိပ်ထဲတည့်..
ဗူးထဲပိတ်..UN..အထောက်အပံ့ နဲ့  ခရီးသွားတာ…
ရောက်နေတာဗျာ..မြန်မာပြည်တဲ့…
ကျနော်တို့ ဦးရေ..များများစားစားတော့ မရှိဖူး..
ရှူးတိုးတိုး..
ဒီနိုင်ငံက ယောက်ျားတွေ ရှက်တတ်တယ်တဲ့ဗျ…
မိရိုးဖလာဘဲ..အရိုးပေါ်အရွက်မဖုံးတဲ့ ရွှေနိုင်ငံတဲ့
နိုင်ငံခြားဖြစ် မကြိုက်.. မလို..condom မလိုပါ တဲ့..
အသိနုံနဲ့  ရှက်ရမဲ့အရာ မရှက်...
မရှက်ရမဲ့အရာ ရှက်တတ်တဲ့ လူတွေ ရဲ့နိုင်ငံပေါ့

အော်..ဒေါ်ဖြူဖြူသင်း လား..
သိတာပေါ့ဗျာ..ပြည်သူအတွက် ကောင်းတာလုပ်လို့ 
အစိုးရမကြိုက်တဲ့သူပေါ့..
ကျနော့ အမျိုးတွေ ခပ်များများ..သူ့ ဆီရောက်ဖူးပါတယ်..

အော်..ပြောရဦးမယ် ကျနော့ အကြောင်း..
ဇာတ်ကြောင်းကတော့ နည်းနည်းရှည်တယ်.
ကျနော့ ပိုင်ရှင်က ကောင်မလေး ငယ်ငယ်ပေါ့..
ဆယ်ကျော်သက်..ခပ်ရိုးရိုး..အေးအေး.
အမေ မမာသယ်…အဖေသေဆုံး..
လင်မရှိ..ရည်းစားမရှိ.
အလုပ်တော့ ကြိုးစားတယ်..
မနားဖူး..အလုပ်ပေါင်းစုံလုပ်တယ်..
အစက ကျောင်းသူ..အဖေသေ..စီးပွါးကပျက်
ကျောင်းဆက် မတက်နိုင်..
ကောင်းရောင်းကောင်းဝယ်..ဈေးထဲ ဟင်းရွက်ရောင်းတာ..
ဖမ်းသွားတဲ့စည်ပင်..ဈေးခေါင်း..
ပန်းဦးအချိုးကောင်းလိုက်တာနဲ့ ..
ပေါက်တဲ့နဖူး မထူး..သူ ဒီဘ၀ရောက်လာတာဘဲ

ကုန်တိုက်.အရောင်းစာရေးမ..
စားသောက်ဆိုင် ကာရာအိုကေ..အဆိုတော်..
မော်ဒယ်လိုလို..နာမည်တော့ သိပ်မကျော်..
အလှပြင်ဆိုင်..အနှိပ်သည်မ..
အရောင်ပြောင်း စတိုင်ပြောင်း
ခပ်ဟော့ဟော့ ပျက်သွားတယ်.

ဒီလို ဒီလိုနဲ့စ လိုက်တာ..
တနေ့ တနေ့  လာတဲ့အရွယ်စုံ
ဇောချွေးစို.. အဆီပြောင်နဲ့ လူကြီး..
သွားတုကြီးတွေ ခပ်ဖြီးဖြီး..
ဗိုက်ပူ တုံတုံအိအိ .ခေါင်းမွေးအမဲမရှိ..
ငယ်မူသွေး..ငယ်တာလေးတွေ ဘဲအရသာ.
လိင်ကို ငွေနဲ့ဖလှယ် စားသုံး..မြိန်ရှာ..
ရေကြည်သောက်ကြတာ..တယောက်ပြီး တယောက်..
ကောင်မလေး ခမျာ..
ဘူးသီးနူ အမွေးမသပ်ခင်..
အသက်ကလေးတောင် ၂၀ နံပါတ်မတတ်ခင်..
HIV ကိုယ်ထဲ ၀င်ခဲ့တယ်.

ဆေးခန်းက ဆရာမ..
သူကို စကားစတယ်..
“သမီးရေ…စားဝတ်နေရေးကတော့ ဟုတ်ပါတယ်..
ဒါပေမဲ့ သမီးရဲ့ ပိုးတွေ..ထပ်မဖြန့် နဲ့ ..
စားသောက်သူ ပိုက်ဆံပေးတိုင်း..
ဘလိုင်းကြီးမဆက်ဆံပါနဲ့ …
သမီးရဲ့ ကူးစက်နိုင်တဲ့အဆင့်..
မြန်ဆန်နေတယ်..လူလူချင်း စာနာ..
သမီးရေ..ဒါလေးသုံး ကူညီပါ”

ဒီလိုနဲ့  ကောင်မလေးရဲ့ ပိုက်ဆံအိပ်ကြား..
ကျနော် ပါသွားပါလေရော..
အံမလေးဗျာ..
စာတွေထဲ ကမ္ဘာ့ အဆင်းရဲဆုံးမြန်မာပြည်..တဲ့..
ဟုတ်ပါဖူးဗျာ..
အလကားရ လာဘ်လာဘတွေနဲ့  ရဲ..
အစိုးရ ပေးစာကမ်းစာနဲ့ ကြံဖွတ်ငနဲ ..
အစိမ်းရောင် ရှေ့တလက်မနောက်ပြောင်နဲ့  စစ်သားငနဲ…
မညောင်းဘဲ အနှိပ်ခံရဲကြတယ်ဗျ..
ကောင်မလေးက မနှိပ်ရ..သူတို့ က ပြန်နှိပ်ပြတယ်..
တနေ့ တနေ့  အယောက် လေးငါးဆယ်…
ဒီကြားထဲ နယ်ထိမ်းတွေ က အလကား သမ သေးတယ်…

“အကိုရေ..
ကျမ နဲ့ဆက်ဆံရင်..ဒါလေးသုံးပါ.လား”

ကျနော့ကိုပြ ကောင်မလေးက စကားစပေမဲ့…
“ ဟာကွာ..ဒါ..ဘာလုပ်ဖို့ တုန်း..
အလကားခိုးလိုးခုလု..ဇိမ်ပျက်တယ်..
ကဲလာ..စကားမရှည်နဲ့ ”..

ဒီ စစ်ဗိုလ်တော့ အကျိုးနည်း..
ဒီလိုနဲ့ဘဲ...AIDS ကိုက်သွားတယ်..

ဒီလိုနဲ့ ..အလကား ရတဲ့ငွေနဲ့ ..
လိင် အစားသောက်ကြမ်းတဲ့ ရဲ..
ရပ်ကွက်ထဲက..ထောင်ထောင်..ဟိုယောင်ယောင်ငနဲ.
လာဘ်စားကောင်းတဲ့ အစိုးရရုံးက အဖိုးကြီး ဗိုက်ပြဲ..
ကလေးစစ်သား..မလိမ်မိုးမလိမ်မာ..မောင်မွဲ
တပည့်ပိုက်ဆံပေးလို့  အလကားရ လာဖြဲတဲ့ စစ်ဗိုလ် ငဖဲ..
တူသောအကျိုး..ကျနော့ အကူမယူချင်တဲ့ အမျိုး
ကောင်မလေး ရဲ့ virus တွေ
ရက်ရက်ရောရော..အလှုကြီးပေးလိုက်တာ..
ကျနော်သာ သူ့ ပိုက်ဆံအိပ်ထဲ ရက် ၅၀၀ ..
တခါမှ သုံးခွင့်မရလိုက်ပါ…

ခုတလော ကောင်မလေးနေမကောင်းဖူး..
အသားအရေခြောက်..ယားနာပေါက်တော့..
လာတဲ့ ဖောက်သည်တွေ ပျောက်..
ငွေကြေးလည်း ခြောက်တယ်..
ကြယ်လမြင်..တဲစုတ်..မထနိုင် သူလဲနေတယ်..
ဘယ်သူမှအဖက်မလုပ်…
ဖာ လုပ်တာ..သေတာကောင်းတယ်..
ပတ်ဝန်းကျင်ရဲ့ အပယ်…

လေသံယဲ့ယဲ့..
ကျနော့ကို သူက စကားစ…
" ငါ့ မှာဒီရောဂါ..ရှိနေတာ..
ဖောက်သည်မပျက်ရဲလို့  မပြောပေမဲ့…
မင်းကို သုံးပါ အကြိမ်တရာ ငါပြောရဲ့…
မသုံးကြတော့..တယောက်ကတစ်ရာ..
သူတို့  အပြစ်မဲ့မိန်းမတွေ ကျွန်ဝယ်ရာအဆစ်ပါ..
မနေ့ ညက..လာနေကျ..အကိုကြီးဆုံးသွားပြီ…
သူ့ မိသားစု တစုလုံး AIDS ဖြစ်နေပြီ…
ငါလည်း မကြာ..သေရတော့ မှာပါ…
ငါတို့ နိုင်ငံမှာ..စီးပွါးရေးမတက်..
ပညာမရှိ..ဦးနှောက်ပျက်..
ဘာမှမတိုးတက်..တိုင်းပြည်ပျက်တယ်..
မကြာခင်..တနိုင်ငံလုံး ဖာ..AIDS ရောဂါသည်။
မင်း က တာဝန်ကြေပါတယ်..
ဒီရောဂါမဖြစ်အောင် မင်းကတားဆီးပေမဲ့…
အလကားရတဲ့ ငွေကြေး..
သောင်းကြမ်းနေတဲ့ လူယုတ်မာများရဲ့သွေး
သွေးသားကို ရောင်းမှစားရမဲ့အစာ..
ကျား မသနားတာ..နွားတော့ မချမ်းသာဖူး..
ကျမ ဖြစ်ချင်တာ..သူနာပြုဆရာမ..
ဖြစ်ခဲ့တာ..ကြေးစားလိင်အလုပ်သမ..
အခုတော့ ရေတိမ်မှာနစ်…
ကျမ..ဘ၀ညစ်..”


ဒီလိုနဲ့ သူမသေတော့…
ပိုက်ဆံမယူ..ကျော်သူဘဲ..ကုသိုလ်ယူတယ်..
အလောင်းမြေကျ ကံဆိုးသူ ပြည်တန်ဆာမ
သူမ ညီမလေးက သူမ နေရာဆက်ယူရတယ်..
ကျနော့ကို အမွေရ..သူမ လိုဘဲ နေရာတကာသယ်…
အခုထိ..ကျနော် ဘာမှမလုပ်ရသေးဖူး..
ပိုက်ဆံအိပ်ဒေါင့်ကြားထဲ ပိုင်ရှင်နှစ်ဆက်..
ရက်ပေါင်းသာကြာ..
AIDS ပွါးလာတာ..ယနေ့ ခေတ်မြန်မာ…
ဘုရား..ဘုရား..မကြာခင်..
ကျနော် နောက်ပိုင်ရှင်လက်များပြောင်းတော့မလား..
တွေးဆဲ မျက်ရည်ကျ..
Condom ကျနော့ဘ၀…

မသဒ္ဓါ ( ၂။၁၇။၂၀၁၀)
အရှက်မရှိ၍ရေးခြင်းမဟုတ်..သိစေခြင်း၍ ရေးခြင်းပါ...နားနဲ့မနာ..ဖ၀ါးနဲ့နာပါ....ဒီလိုနဲ့ ပန်းကောင်းတွေ ကြွေတာများခဲ့ပြီပေါ့
အမှန်ကို မြင်ပါ မရှက်ကြပါနဲ့ တော့

3 comments:

Nge Naing said...

အစ်မရေ Public health in Myanmar ကို လာလည်ပြီး Link ထားခဲ့လို့ လိုက်လာတာ အစ်မ ဖြစ်နေတယ်။ လာလည်တာ ကျေးဇူးတင်ပါတယ်။ ကျွန်မ ကိုယ်ပိုင်ဘလော့ဂ်ကိုလည်း လာလည်နိုင်ပါတယ်။ အစ်မ ဘလော့ဂ်ကို Link လုပ်ထားလို့ ပို့စ်အသစ်တင်တိုင်း လာပေါ်ပေမဲ့ တခါတလေ ဘလော့ဂ်ကို ၀င်မကြည့်တဲ့အချိန် ကြာသွားရင် တခြားအသစ်တွေဝင်ပြီး ကျော်သွားတာ ရှိလို့ ဒီကဗျာလေးကို အတွေ့လိုက်ဘူး။ အခုမှ ဖတ်ပြီး သဘောကျမိတယ်။ ကျွန်မဘလော့ဂ်မှာ ပြန်ဖေါ်ပြချင်လို့ ခွင့်တောင်းပါတယ်နော့်။ နောက်တခု Side bar မှာ တင်ထားတဲ့ အစ်မပြုစုတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဗွီဒယိုကိုလည်း ကျွန်မဘလော့ဂ်မှာ ပြည်ထောင်စုနေ့ အမှတ်တရ ပို့စ်မှာ ကူးယူဖေါ်ပြထားပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ် ဗွီဒယိုလေးကို ပြုစုထားတာ ဂုဏ်ယူပါတယ်။

heinhtikezan said...

အစ်မရေ...
တကယ်ကောင်းတယ်ဗျာ..တကယ်တန်ဖိုးရှိတဲ့ဖန်တီးမှုပါပဲ..။
ဟိန်းထိုက်ဈာန်

Unknown said...

Condom အကြောင်းပညာပေးတာအရမ်းကိုတန်ဘိုးရှိပါတယ်..အရမ်းကောင်းတယ်..
ဒါမျိုးလေးတွေ မြန်မာပြည်လိုနိုင်ငံမျိုးအတွက်လိုအပ်တယ်..

 
/* EOT ----------------------------------------- */