Saturday, January 9, 2010

ခန္ဓာကိုယ်ပေါ် ပေါက်လာကြသော ဆူးများ..

ဘလော့နဲ့  ..ဘလော့ဂါ
ရေးချင်တာတွေ ရေးကြတယ်ပေါ့။

ဒီမိုကရေစီ..ချစ်သူပီပီ..
လွတ်လပ်စွာ ရေးခွင့်ရှိကြသည်။

တချို့ က သုတ..တချို့ ကျ ရသ
တချို့ ကစေတနာ..တချို့ ကျ..ဝေဒနာ.
တချို့ ကလည်းဝါသနာရှင်..တချို့ ကလည်း..ထွင်..
တချို့ က ဟင်းချက်..တချို့ ကျ အကြွားစွက်…
တချို့ က သမိုင်း..တချို့ ကျ အရိုင်း
တချို့ က ကဗျာ..တချို့ ကျ တဏှာ
တချို့ က သတင်း..တချို့ ကျ အဖျင်း
တချို့ က အရှုပ်..တချို့ ကျ အပုတ်
တချို့ က ထင်ပေါ်..တချို့ က ဆော်
တချို့ က.တော်လှန်ရန်..တချို့ ကျ ပုဆိုးလှန်..
တချို့ က အမှန်…တချို့ ကျ မြာဖန်..
တချို့ က မောက်မာ..တချို့ ကျ ကြောက်ရှာ..
တချို့ က ရှက်တတ်..တချို့ ကျ ခေါင်းပုံဖြတ်..
တချို့ က ဆရာကြီး..တချို့ ကျ ညာဖြီး..
တချို့ ကျ ရှေ့ ဆောင်…တချို့ ကျ တက်မထောင်..
တချို့ ကျ..ခေါင်းဆောင်.တချို့ က ခေါင်းရှောင်..

ဘာဘဲဖြစ်ဖြစ်..
တနှစ်တခါ…ဘလော့ အကယ်ဒမီပွဲ..
ငါ ရနိုး..သူကျ နိုး..
စာဖတ်သူတွေကို..ဟန်ဆောင်ရိုကျိုးပြတယ်။
ပေးပါ ငါ့မဲ..ထည့်ကြ ကျနော့ တစ်ဖတ်
ငါသာဘဲ..လူတော်..သူများကျ လူရှော်..
အတိုကြီးကိုသာ မဲထဲ့
နော်..ညလေး..နှော်…နှော်...

အတ္တတွေ ကြားထဲက… မောဟတွေ မဲ
သားရဲ မရဲ ဘလော့ဂါများ..
on line ပေါ်ကျက်စား.. ကောင်မလေးတွေ ဆွဲစားနေတယ်

တိုက်နေပါတယ်ဆိုတဲ့ ဒီမိုကရေစီ..
ကျနော်..သာ အာဇာနည်ပေါ့..
နှစ် ၂၀ လုံးလုံး ဆုံးခဲ့တာတောင်
အရှက်မရှိ လေက မလျှော့..
မော့တော့တော့ တံခွန်ထူဆဲ..
သန်းရွှေလိုဘဲ..သူတို့ ကလည်းမခေဘူး။

မှတ်ထားကြဟဲ့
၂၀၁၀..အောက်တိုဘာ ၁၀ရက်..
မြန်မာပြည်က ကြိုးစင်ပေါ်တက်တော့မယ်။
" တိုက်ကြပါ…ငါညီတွေ ရှေ့တက်..ရှေ့ တက်..
သတင်းပို့ ကြ မပျက်မကွက်
အကိုတို့ က နောက်ကနေ တွန်းပို့ မယ်.."

အမယ်မင်း..သူရဲကောင်း အယောင်ဆောင်
ယောင်တောင်ပေါင်တောင်..ကောင်မလေးတွေနဲ့  ရောရှက်
ဘလော့ဂါ အကိုကြီးကတော့
အချိန်ပြည့် online ပေါ်မှာ cyber sex.

ဘယ်မလည်း..ရလိမ့်မယ်..
အားကြီးကြီး ဒီမိုကရေစီ..
လေနဲ့ သာတိုက်ရဲကြသည်။
ဒီလို သဘောက်သားမျိုးနဲ့ 
နောက် အနှစ် ၂၀ တောင်မမီ။

တကယ်နိုင်ငံကို ချစ်သူ..
နာမည်ကြီးရန်မလိုဖူး..
အကယ်ဒမီဆု မလိုဘူး..
ကိုယ်သမိုင်းကိုထိုး..
အရိုးနဲ့ သာ အလံထူရိုးရှိတဲ့ အာဇာနည်..
ဗိုလ်ချုပ်လို သူရဲကောင်းရှားသည်။

မသဒ္ဓါ (၁။ ၈။၂၀၁၀)


5 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်ပ ဒေါ်သဒ္ဒါရေ
မပြောချင်တော့ဘူး ခပ်ညံ့ညံ့လုတွေများနေလို့ တိုင်းပြည် ဒီမိုကရေစီနဲ့ ဝေးနေတာ

မောင်ပါလ said...

ကောင်းလိုက်တဲ့ကဗျာ,ဗျာ။ ကျနော်ခွပ်ကနဲကိုနေတာ၊ အထိုးခံလိုက်ရသလိုပဲ။ :)

YeYint Nge said...

တော်သေး...တိုရန်တိုကဘလော့ကာသီသီလေးလွတ်သွားလို့....

win latt said...

အမပြောတဲ့ ဘလော့ဂါအကိုကြီး ကို သိနေသလိုလိုပဲ။

Ma Thadar ( မသဒ္ဓါ ) said...

သိရင်လည်း...ရှူး တိုးတိုး မောင်လေး..

 
/* EOT ----------------------------------------- */