Thursday, October 29, 2009

မောင်ငယ်လေးသို့ 


အသက် (၄၀)
လူ့ သက်တမ်းပိုင်း ထက်ဝက်ကျိုးပေမဲ့…
မောင်လေး ရှင်သန်ခဲ့တဲ့နှစ်တွေဟာ
ကျပ်မပြည့်တဲ့ လူအိုကြီးရဲ့ ရ၆ နှစ် ထက်စာ..
မင်း လူဖြစ်ရ သာ တယ်။

မိဘ တမျိုးလုံး..
“ရေကြည်နှောက်တယ် ” ညှိုးနေတဲ့ မြေခွေးဆိုး အတွက်..
ရတဲ့ နည်းနဲ့  ပြသ
သိုးငယ်ရဲ့ခွန်အား..သတ္တိ၏ အစွယ်များ.
ရဲဝံ့ခဲ့တာ ဂုဏ်ယူတယ်..

မိုးရေပေါက်ငယ် တစ်စက်ချင်းစု..
ကျောက်ဆောင်တောင် ပြိုရိုးရှိတာမို့ 
မကြာပါဘူးကွယ်..
ဘယ်အရာမဆို မမြဲခြင်းတရား..
အနိုင်ဆို တာ..အပါးအမြဲတမ်း မခစားဘူး.
ကံတရားဟူသည်..
အောင်မြင်ခြင်း တံခွန်သည်
အပေါ်မှာ အမြဲတမ်းမနေနိုင်တဲ့အခါ..
မြေပေါ်ပြန်ကျမဲ့ အာဏာရှင်ဇာတ်လမ်း..
လက်ခုတ်တီးလို့  သီချင်းဆို..

မသဒ္ဓါ (၁၀။၂၉။၂၀၀၉)
ကိုညီညီအောင် ၄၀ ပြည့် မွေးနေ့ သို့ 

No comments:

 
/* EOT ----------------------------------------- */