Thursday, October 29, 2009

ဒီခေါင်းပျံကြီးတော့ သေတောင် ကျုပ် မစီးဘူးတော်..


သောက် ပလုပ်တုတ်..
ဟဲ့..ဟဲ့..ဟဲ့ ..အား..ပါးပါး..
ဘုရားစူး ပါဟဲ့. သူ့  ရဲ့ လေယာဉ်ပျံ
မြန်မလား ကောင်းမလားမှတ်ပါတယ်။
အမလေး..ဆောင့်တဲ့နေရာ..
ကျုပ်ရွာက လှည်းကြမ်းကြီးက
သူ့ ထက်သာတယ်။
နိမ့်လိုက်မြင့်လိုက်..ဖင်တုန်..အမြီးတုန်
ပျံနေတဲ့ အခိုက်အတန့် 
အင်ဂျင်က အလည်ရပ်..
နှလုံးခုန်လည်းရပ်တော့မယ်..
မျက်လုံးပြူးပြာ..အသက်ရှုရပ်တယ်။
သေတော့ မလို လက်မတင်လေးလွတ်တယ်။
အသက်ကလေး မျှဉ်မျှဉ်..တဲတဲ ကလေးဘဲ ကျန်တယ်။

နိုင်ငံစာအုပ်..TV..ရုပ်ရှင်တွေထဲက လေယာဉ်ပျံ..
ဟောကြည့်..စမတ်ကို ဂွမ်နေတာဘဲ..
ပျင်းနေရင်..မတ်တတ်ထ..
ဆိုင်းဝိုင်းနဲ့ ကချင်ရင်တောင်ရတယ်.

မြန်မာချင်းမို့ များ အားပေးမလားကြံပါတယ်။.
တေဇအပိုင် ပုဂံလေကြောင်းကလေယာဉ်ဆိုတာ
စွန့် ပစ်ရမဲ့ နိုင်ငံတကာလေကြောင်းက
အစုတ်အဟောင်း..အပုပ်အဟောင်းတွေမှ
နာရီကုန်လေယာဉ်..သတ္တုညောင်းလေယာဉ်
အကျိုးအပဲ့..အနာအရွဲ့ တွေကို
ပေါချောင်ကောင်းနဲ့ .ဆွမ်းကြီးလောင်းဝယ်
အမြတ်စား လေကြောင်းလိုင်းဖွင့်တယ်

ခရီးသည် မသေမချင်း..လေယာဉ်မပျက်မချင်း..
ချစ်တီးလို တမျှဉ်းမျှဉ်းနဲ့ ယူ..
အမြင်မတော် ဆင်တော်နဲ့ခလောက်..
ဘုန်းကြီးပျံက သံစုံဆိုင်းဝိုင်းကြီးလို
ဂျုံး ဂျုံး ကလိုင်း..ဒုံး ဒုံး ဒုန်း ဒိုင်း.လည်း မြည်
ခပ်စုတ်ပဲ့ပဲ့ ရွာပွဲဈေးက ချားရဟတ်လို
ချာလပတ်လည် မူးမူးမိုက်..
မတော်တဆ..ဗိုက်ကြီးသည်
တက်မစီးနဲ့ ..နော်
လေယာဉ်ပျံထဲ မီးဖွားသွားမယ်။
၂၀၀၈ ဖေဖော်ဝါရီက…
ပူတာအိုအနား ပေ ၃၀၀၀ အမြင့်
လေယာဉ် ခါးကျိုးပျက်တာ..
ပြုန်းပြုန်းပြုတ် ခရီးသည် ၆၂ ဦး.
အလောင်းတောင် ကောင်းကောင်းမရဘူး။

အမယ်လေးနော်…ယုံပါ..ကျုပ်ကိုယ်တွေ့ ..
မြစ်ကြီးနား အထွက် နာရီဝက်..
ညာဘက်ပန်ကာ စက်ရပ်သွားတော့..
ခါလိုက်တဲ့ လေယာဉ်..
တုန်လိုက်တဲ့ ရင်…
ဘုရားစာ ရှိသမျှရွတ်..ဇီဝိန်ကျွတ်..
ကျုပ် လေထဲကနေ ဇောက်ထိုးကျပြီထင်ရဲ့..

ဘုရားဘုရား..
အလောင်းမှ လှပါ့မလား..
ပရိက္ခရား ကုလား လို
ခေါင်းရိုး သစ်ကိုင်းကြားများညပ်နေမလား..
ပူပင်သောကလည်း များ..
သေကောင်ပေါင်းလဲ ခံစားရတာ..
မတန်ပါဘူးတော်...
ပိုက်ဆံလည်း ပေးရ..
နှလုံးရောဂါလည်းထတယ်။

တော်ပါပြီ ..
ဒီလေယာဉ်ဆို ဆလန်သတယ်..
အရပ်ကတို့ ရေ..
အသုဘလေယာဉ် ပိုက်ဆံပေးမစီးကြပါနဲ့ 
ခေါင်းပျံစီး..ခရီးမသွားကြပါနဲ့ ..

ကျုပ်တော့ စိတ်နာတယ်။
အလကားပေးတောင် ယောင်လို့ မစီး..
သေဘေးနီးတဲ့ သူ့ လေယာဉ်စုတ်
စက်ပျက် မီးခိုး အင်ဂျင်မီး တဖုတ်ဖုတ်
ဒင်း ဆိုတာ..မသေခင်ပုပ်နေတဲ့သေနာ..
သေချင်းဆိုးနဲ့  သေမဲ့မသာ.

မသဒ္ဓါ ( ၁၀။၂၉။၂၀၀၉)

ရွာကဂျီးတော်ကြီးရဲ့ ကိုယ်တွေ့ မှတ်တမ်းကလေးပေါ့
သူကသူ့ ကိုတွေ့ ရင် လည်ပင်းကို တက်နင်း သတ်ချင်ပါသတဲ့…လေယာဉ်အစုတ်တွေ ကိုသ..လူတွေကို မသာချချ နေလို့ပါတဲ့ရှင်
အဲပုဂံလေယာဉ် စက်ချို့ယွင်း၍ နောက်ကြောင်းပြန်လှည့်ရ
အောင်ကျော်မိုး / ၂၆ အောက်တိုဘာ ၂ဝဝ၉
မြစ်ကြီးနားမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ထူးကုမ္ပဏီပိုင် အဲပုဂံလေယာဉ်တစီးသည် ကောင်းကင်ပေါ်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားပြီး မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ (၂၅) ရက်၊ မြစ်ကြီးနားမှ ရန်ကုန်သွားမည့် အဲပုဂံခရီးစဉ်အမှတ် W9-296 လေယာဉ်သည် နေ့လယ် (၂) နာရီ (၁၅) မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာပြီး ကောင်းကင်တွင် နာရီဝက်နီးပါးခန့်ပျံသန်းပြီးမှ ညာဘက်ပန်ကာတလုံး ရပ်သွားသည့်အတွက် နောက်ကြောင်းပြန်လှည့်ကာ မြစ်ကြီးနားလေဆိပ်သို့ ပြန်လာခဲ့ရကြောင်း အဆိုပါလေယာဉ်တွင် လိုက်ပါခဲ့သူ ခရီးသည်တဦးက ပြောသည်။

၎င်းက 'ကောင်းကင်မှာ နာရီဝက်နီးပါးလောက် ပျံပြီးမှ ညာဘက်ပန်ကာတလုံးက လုံးဝမလည်တော့ဘူး။ အဲဒါနဲ့ လေယာဉ်လည်း ခါနေတယ်။ ခရီးသည်တွေအားလုံးကတော့ သွားပါပြီဆိုပြီး ဘုရားတကြတယ်။ ဘုရားစာတွေ ရွတ်ကြတယ်။ နောက် လေယာဉ်က မြစ်ကြီးနားဘက်ပြန်လှည့်ပြီး မြစ်ကြီးနားလေဆိပ်ကိုပဲ ပြန်ဆင်းတယ်။ အဲဒီမှာရောက်တော့ (၃) နာရီထိုးကာနီးနေပြီ။ သူတို့က အဲဒီလေယာဉ်ကို ပြင်ဆင်မယ်တဲ့။ နောက်နေ့ အောက်တိုဘာ (၂၆) တနင်္လာနေ့ ကွင်းချိန်း ပြန်ပေးတယ်' ဟု ပြောပြသည်။

'နိုင်ငံတကာမှာလို သူတို့ရဲ့ ချို့ယွင်းမှုအတွက် မြစ်ကြီးနားမှာ တည်းခိုစရိတ်တို့၊ စားသောက်ရေးတို့ ဘာမှပြင်ဆင်မပေးဘူး။ အဲဒါနဲ့ ဒီနေ့ တနင်္လာ မနက် (၅) နာရီခွဲ ကွင်းချိန်းသွားရတယ်။ လေယာဉ်က ကွင်းကနေ (၇) နာရီ ထွက်တယ်။ ခု ရန်ကုန်လေဆိပ်ကို မနက် (၁ဝ) နာရီ (၁၅) မိနစ်လောက် ရောက်တယ်။ မနေ့က လေယာဉ်ပေါ်မှာ က္ဆွေးပြီးသားဆိုပြီး ဒီနေ့ လေယာဉ်ပေါ်မှာ ဘာမှမက္ဆွေးဘူး။ ယူတာက လူတယောက် လေယာဉ်ခ ကျပ် (၁) သိန်း (၂) သောင်း ပေးရတယ်' ဟု အဆိုပါ ခရီးသည်က ပြောသည်။

မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများအနက် ဦးတေဇပိုင် အဲပုဂံလေယာဉ်များသည် မကြာခဏ မတော်တဆဖြစ်ခြင်း၊ စက်ချို့ယွင်းခြင်းများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယမန်နှစ်ကလည်း ပူတာအိုလေဆိပ်တွင် လေဆိပ်ပြေးလမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးသည့် အဖြစ်အပျက်မျိုး ရှိခဲ့သည်။

အဲပုဂံလေကြောင်းလိုင်းသည် နာမည်ကြီးစီးပွားရေးသမား ဦးတေဇပိုင်ဆိုင်ပြီး ဗိုလ်ချုပ်မဋ္ဌးကြီးသန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်အချို့၏ အစုရှယ်ယာများလည်း ပါဝင်သည်ဟု ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်ခဲ့သည်။

အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်မှ ကိုရီးယားနိုင်ငံ ဆိုးလ်၊ ရန်ကုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်၊ ရန်ကုန်- စင်ကာပူ၊ ရန်ကုန်- မလေးရှားနိုင်ငံ ကွာလာလမ်ပူ စသည့်လိုင်းတို့တွင် ပြေးဆွဲပြီး နိုင်ငံတကာလေကြောင်းလိုင်း ဖြစ်လာရန် ကြိုးစားခဲ့သော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂဝင်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် ခရီးစဉ်အားလုံး ရပ်ဆိုင်းသွားခဲ့ပြီး နောက်ပိုင်း ပြည်တွင်း ခရီးစဉ်များကိုသာ ပြေးဆွဲလျက်ရှိသည်။

ယခုနောက်ပိုင်း အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်- ကွာလာလမ်ပူ ပြေးဆွဲနေသည့် မလေးရှားနိုင်ငံ ဆမ်ဘူမိ လေကြောင်းလိုင်းအတွက် လေယာဉ်ငှားစားသည့်အပြင် မြန်မာ့နိုင်ငံတကာလေကြောင်း (MAI) မှ ပိုင်ဆိုင်သည့် အစုရှယ်ယာအများစုကို ဝယ်ယူလိုက်ပြီး ၎င်းပိုင်လေယာဉ်များ ထည့်သွင်းပြေးဆွဲခြင်းကို ယခုလ (၂၆) ရက်မှ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားသို့ လေယာဉ်နောက်ကြောင်းပြန်လှည့်ခဲ့ရသည့် အဲပုဂံခရီးစဉ်အမှတ် W9-296 တွင် လေယာဉ်ခ ဈေးနှုန်းကြီးမြင့်စွာယူပြီး ဝန်ဆောင်မှုမကောင်းသည့်အပေါ် အဲပုဂံလေကြောင်းလိုင်းကို မကျေမနပ် ဖြစ်နေကြသော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် အဆိုပါလေယာဉ်ကိုသာ စီးကြရကြောင်း ခရီးသည်များက ပြောကြသည်။

ပုဂံလေယာဉ် ကြောင်း ပိုင်လေယာဉ် ပျက်ကျ

ရန်ကုန်
ဖေဖေါ်ဝါရီ- ၁၉ ၂၀၀၈။
ပုဂံလေကြောင်း ပိုင်း ART - 72 အမျိုးအစားလေယဉ်ဟာ ဒီနေ နေလည် ၃နာရီ ၂၀ မိနစ်မှာ ရန်ကုန်မှ့ ပူတာအိုလေယဉ်ကွင်းကိုအဆင်းမှာ စက်ချို့ ယွင်းမှု့ ဖြစ်ခဲ့ပါတယ်။ ပေသုံးထောင်အမြင့်မှ ခါးကျိုး ပြီးပျက်ကြသွားပါတယ်။ လေယဉ်ပေါ်မှာ ခရီးသည် ၆၂ ဦးပါသွားပါတယ်။ နိင်ငံခြားသား ၄ ဦးသေဆုံးတယ်။ အေအာတီ- ၇၂ အမျိုးစားလေယဉ်က ပြင်သစ်လုပ်လေယဉ်ဖြစ်ပါတယ်။ ခရီစဉ်တွေအားလုံးကို ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ အဲပုဂံ လေကြောင်းပိုင်ရှင် တေဇကို ပျဉ်းမနာကိုလာခဲ့ဖို့ ခေါ်ယူထားတယ်လို့ သိရပါတယ်။ ရန်ကုန် လေယဉ်ကွင်းက ကျွမ်းကျင်တဲ့ပညာရှင်တွေ သူနာပြုတွေကို ကားနဲ့ အပြည့်တင်ပြီး ပူတာအိုကိုတက်သွားကြတယ်လို့ သိရပါတယ်။ ရန်ကုန်လေယဉ်ကွင်းမှာ လူတွေ ချောက်ကပ်သွားတယ်။ လေယဉ်အဆင်းအတက်တွေလုံးဝရပ်နားသွားတယ်လို့ ဆိုပါတယ်။ အခြေအနေကတော့အတော့ကို တုန်လှုပ်ခြောက်ခြားစရာပဲ ဗျာ။ ပေသုံးထောင်က ပြုတ်ကျလာတာ လူတွေဟာ ကျနော်တို့ ထင်တာထက် ဆိုးမယ်ဗျ လို့  ရန်ကုန်လေယဉ်ကွင်းက လေယဉ်အင်ဂျင်နီယာတဦးကဆိုပါတယ်။

နအဖ - မဆလခေတ်မှာ လေယဉ် ကို ထိမ်းသိမ်းနိင်စွမ်းမရှိပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့
လပ်ပေးလပ်ယူမှု၊ ချစားမှုတွေ က ဗိုလ်ချုပ်တွေကနေ အောက်ခြေ၀န်ထမ်းတွေအထိ ဖြစ်ခြင်တိုင်းဖြစ်နေကြတဲ့အတွက် မြန်မာပြည်က မည်သသည့် လေယဉ်ကို မဆိုစီနင်းတာဟာ
အခေါင်းကိုစီးနင်းနေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ လေယဉ်ပျံနဲ့ မတူပဲ ပျံနေတဲ့အခေါင်းတွေလို ဆိုရင်မမှားပါဘူး။ ၈၈ မဖြစ်ခင် - ကပတိန် ဖေသန်းဝင်း မောင်နှင်းလာတဲ့ လေယဉ်ဟာ တူးရင်တောင်နဲ့ တိုက်ပြီး ပျက်ကျသွားခဲ့ဘူးပါတယ်။ နောက်တော့ တိုင်းလုံးကျော်သင်္ဘေ ရန်ကုန်မြစ်ဝမှာ နစ်မြုပ်ခဲ့တယ်။ လူတွေသောက်သောက်လဲသေပါတယ်။ နောက်တော့ အရေးအခင်းကြီးဖြစ်လာတော့တာပဲ။ အခုလည်း ဗိုလ်ချုပ်သန်းရွေ တိုင်းပြည်ကိုအုပ်ချုပ်နေတာဟာ တိုင်းပြည်ကမှာ လူထုလှုပ်ရှားမှုကြီးတွေဖြစ်ဖို့ အတွက် နမိတ်ဆိုးတွေတော့ ပြနေပြီလို့  အမည်မဖေါ်လိုတဲ့ ရန်ကုန်မြို့ ခံတဦးက ကဆိုပါတယ်။


No comments:

 
/* EOT ----------------------------------------- */