Thursday, July 30, 2009

တကယ် ဘုရားစူး.. ဖြစ်ချင်ခဲ့တာ တရားသူကြီး

ငယ်စဉ်က ရုပ်ရှင်ကြည့်ရင်
လူဆိုးဆိုရင်၊.နှိပ်စက်ခန်းကျ အသေမုန်း။.
လူကောင်းဆိုရင်၊ လာကယ်ချိန် တပြုံးပြုံး။
လက်ခုပ်တီး သြဘာ
ကျနော်ချစ်ပါတယ်။ တရားမျှတမှု.။
ကြီးလာရင်။..လူဆိုးတွေ နှိမ်နင်းချင်တဲ့ သူ။

အသက် အရွယ်ရ..
သင်ထားသော ပညာ ဥပဒေဘွဲ့ 
သက်မွေးအလုပ် တရားရေးဝန်ထမ်း။
မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ပေါ့။
ဆင်းရဲချမ်းသာ။ ဥပဒေ ဟာ
မျက်နှာ မလိုက်တတ်ဘူး။
ကျောသားရင်သား။ ငါ့သမီးသူ့ သား
အရောင် မခွဲခြားရဘူး။

ကျနော်ချစ်တဲ့ တရားမျှတမှု
ကျနော် ယုံကြည်တဲ့ အမှန်တရား
ဖြစ်ခဲ့ ခုံသမာဓိ တရားသူကြီးမင်းတစ်ပါး။
မဟော်သဓာကြီးရဲ့ ဖြတ်ထုံးနည်းနာ
ကျနော့ဝိညာဉ်ဟာ ဖြူစင်ခဲ့ပါတယ်။
အင်း...ဟိုး ငယ်စဉ်ကပေါ့ဗျာ

တဖြေးဖြေး၊..ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်
အဖြူတွေကို အစိမ်း ဖက်တဲ့အခါ.
တရားဥပဒေ ရဲ့ ၀တ်ရုံမည်း..
အရောင်မွဲသွားတယ်။
ဒါ ခေါင်သူကြီး မှာ တာဝန်ရှိတယ်။

အာဏာရှင် လက်ထက်
တရားဥပဒေ ကို စိတ်ကြိုက်ပြင်ဆင်
သေနတ်နဲ့ ဖိနင်းနေတဲ့ နောက်.
ဥပဒေရဲ့ ၀မ်းက ဗိုက်ပေါက်တယ်။

ငွေရှိ တရားနိုင်. အာဏာရှိ တရားနိုင်
လက်နက်ရှိ..တရားနိုင်တယ်။
စစ်တပ်လုပ်သမျှ..ကျွန်ခံနေရတဲ့ တရားဥပဒေ
ကောသလမင်း မြင်မက်တဲ့ အိမ်မက်ထဲက
မျက်နှာ နှစ်ခွနဲ့  တရားသူကြီး
ကျနော့ မျက်နှာ ပြုံးဖြီးဖြီးကြီးထင်ပါရဲ့။
သတ္တိနည်းတယ်ဘဲ ဆိုဆို
အပေါက်ကလေးနဲ့  သေမှာကျကြောက်တယ်ဗျ။

ဇူလိုင်လ (၃၁) ၂၀၀၉
ဗိုလ်ချုပ်အောင်ဆန်းသမီးရဲ့ စွပ်စွဲမတရားအမှု
စီရင်ချက် စာရွက်..
ရုံးတော်မှာ ကျနော်ဖတ်ပြရမယ်။

မမှန်တာ ကျနော်သိ လည်း
မတရားတာ ကျနော်သိ လည်း
စာအိပ်ထဲက ပြစ်ဒဏ် ကျနော်သိ လည်း.
လက်က တုန်တုန်..မျက်စိဝေမှုန်မှုန်.
အသံခြောက်ကပ်ကပ်
ကျနော် အားတင်းဖတ်ရတော့မယ်။
ဒေါ်စုရဲ့ မျက်လုံးတွေ ကို ဘယ်လိုကျနော်ရင်ဆိုင်မလဲ။

ဘုရားရေ ကယ်ပါ။
ကျနော့ နာမည် သမိုင်းထဲ သေရာပါတော့မယ်။
တကမ္ဘာလုံးလေးစားတဲ့သူကို အမိန့် ချ
ကြံ့ဖွတ် တရားသူကြီး..ရာထူးရ။

လူမလေး..ခွေးမလေး.
ဘုန်းကြီးတောင် ဆွမ်းမကြွတော့တဲ့ ကျနော့အိမ်
ညညဆို ကျနော့ အိမ်ပေါ်ခဲကျ။
အိပ်မရ ညပေါင်းကြာရှည်
အဆဲပေါင်း မိုးမွှန်ခံနေရတာကြာပြီ။

သတင်းထောက်တွေ ဓါတ်ပုံရိုက်
ကျနော့ မျက်နှာခေါင်းကြီးပိုင်းမှာ ပါတော့မယ်။
ကျနော် စာဖတ်ပြတဲ့ ရုံးတော်ပေါ်က video
youtube ပေါ်မှာတင်
လူတကာက ကော်ဆဲ ပုပ်နံ မဲနေတဲ့ ကျနော့နာမည်။

ကျနော်သည် ရုပ်သေးရုပ် တရားသူကြီး
တရား ကို အမှန်ချစ်ပေ မဲ့..
ငွေကြောင့် တရားပျက်..
မိုးခါးရေ က ခါးသက်တယ်။
မြိုမရ..ထွေးမရ။
ဦးပုညလို နီးရာဓါးကြောက်.
ကျနော် လောကဓံသားတစ်ယောက်သာ ဖြစ်တယ်။

မနက်ဖြန် ရုံးတော်မသွားချင်ဖူး..
အဖန်ငါးရာ ငါးကမ္ဘာ
လည်ပင်း ကြိုးကွင်းတတ်လည်း ကျနော် မသေရဲဖူး။
ရုံးပေါ်ကလည်း ကျနော်ခုန်ချ သတ်မသေရဲဖူး။

အမေရေ..
ကျနော်.တရားသူကြီးဘဲဖြစ်ပါရစေ။.
မတရား တရားသူကြီးနဲ့  အသက်မရှည်။
အမေ ပေးထားတဲ့ နှလုံးကလေးသာ..
အကြောပိတ် ရပ်သွားပါစေတော့။.
ဒီ တည..နှလုံးသွေးတိုးရပ်
ရုံးချိန်း မစခင်
ငုတ်တုတ်ကလေးဘဲ သေပါရစေ။


မသဒ္ဓါ ( ၇။၂၉။၂၀၀၉) အမိန့် ဖတ်မဲ့ တရားသူကြီးအတွက်..

ဒီအမှုကို..ဘယ် တရားသူကြီး က ဘယ်လိုမျက်နှာ..ဘယ်လိုအသံ ဘယ်လိုဟန်နဲ့  ဖတ်ပြမလဲ ဆိုတာ သိချင်ပါတယ်။ ဒါက သမိုင်းဝင်ပါ။ ပြည်သူ့ မျက်နှာမထောက် တရားဥပဒေဖောက်တဲ့ တရားသူကြီးရဲ့ အရှက်နဲ့ လူမလုပ်တဲ့ မျက်နှာ ကျမတို့ ကြည့်ချင်ပါတယ်။ ဓါတ်ပုံနဲ့  video ရသောသူများ သမိုင်းတင်ပေးကြပါ။

No comments:

 
/* EOT ----------------------------------------- */