Wednesday, July 29, 2009

သပိတ်ခေါ်တေး..ဟစ်ကြွေးကြည်မြ..တိုက်ခိုက်ကြ။


မျက်နှာဖြူကို မြန်မာတွေ သခင် မခေါ်ကြရစေဖို့ 
သူ့ အဘိုးက ပေးခဲ့တယ်..
ဦးခေါင်းတစ်လုံး နဲ့  အသက်..
ဒါ ငါတို့ တိုင်းပြည်အတွက်

ကျွန်ပညာရေးစံနစ် ဆက်အမြစ်မရှည်ဖို့ 
ကျွန်သဘောက်ဘ၀ ဒူးမထောက်ရဖို့ 
သူ့ အဖေကလည်း ပေးခဲ့တယ်..
သွေး နဲ့  သူ့ အသက်..
ဒါ ငါတို့ တိုင်းပြည်အတွက်

စစ်အာဏာရှင် စံနစ်က လွတ်မြောက်ကြဖို့ 
သူမ ကလည်း ပေးခဲ့တယ်..
နာကြင်မှု၊ မိသားစုဘ၀ နဲ့  အချိန် နှစ် ၂၀
ဒါ ငါတို့ တိုင်းပြည် အတွက်

လူဦးရေ သန်းများစွာ အတွက်..
မနှမြောပါ..ရက်ရော ပျူငှာ
ပေးခဲ့တာ သူတို့ ၏ အသက်တစ်ချောင်း..

မြန်မာပြည် လူဦးရေ သန်းများစွာရှိပေမဲ့..
မညီညာ..ရှက်စရာ
မကယ်နိုင်ဖူးလား..သူတို့ ရဲ့ အသက်တစ်ချောင်း.

အာဇာနည်၏ သွေး..
တာဝန်ပီ..အရောင်နီတယ်။
ဒို့ ပြည်သူတွေ ညီညာ.
ပြန်ပေးရမဲ့ တစုံတရာ..

ရူးချင်ယောင်ဆောင်မနေနဲ့ ..
မသိချင်ယောင်ဆောင်မနေနဲ့ ..
သတ္တိရှိတယ်..အပြောချည်း တက်ထောင်မနေနဲ့ ..
ငါ ဘယ်သူ မင်း အရင်တက် တွက်ကပ်မနေနဲ့ .

လာ လာ တူ တူ..
ပြည်သူ အားလုံး..သပိတ်မှောက်
ဒေါင်းအလံနီ..ထူလော့..
ဟစ်ကြွေးခေါ်..ဆန္ဒပြကြပါလော့

သေမထူး..နေမထူး..
လူရူးတစ်ယောက်ကြောင့် ကြေတော့မဲ့ မြန်မာ..
အချိန်ရှိသေးခင်..ညီတူလက်တွဲပါ
သင်..နိုင်ငံသားကောင်းဆို..ကာကွယ်ဖို့ လာ…


မသဒ္ဓါ ( ၇။၂၉။ ၂၀၀၉) အချိန်ကြပြီ..တာဝန်ယူကြပါလော့

No comments:

 
/* EOT ----------------------------------------- */