Sunday, July 26, 2009

သစ္စာဝါဒီ အို..စစ်သည်၊ သင်သည် အောင်ဆန်းအာဇာနည်

မသလုံ (သို့ မဟုတ် ) စောလဂွမ်းအိမ်
သုရှင်ရာဇာဓိရာဇ် ၏ စစ်သူရဲကောင်း
အမှန်သိ.သစ္စာ၏ ဝါဒီ
ယောက်ျားကောင်းတဲ့ ဇာနည်။

အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်
တိုက်ပွဲတိုင်းမှာ ရှေ့ဖျားချီတပ်မှုး အဖြစ်
ရိုးသားစွာ..တိုက်စစ်သည်ကောင်း.
မြသီတင်းဘုရားပေါ်က ဇာတ်ကြောင်း
မွန်တို့က မြန်မာကို အကောက်ကြံ
ငြိမ်းချမ်းရေး ဆွေးနွေးရန်ပြု
သစ္စာဆိုမည်ဆိုသော ပွဲမှာ
မြန်မာမင်းနှင့် အမတ် မကျန် သတ်ရန်
ကြံနေတဲ့ ဆင်ကြံ

သစ္စာဆိုသည့်နေ့မှာ
မြန်မာ မိုးညှင်းသတိုးက မေးလာတယ်။
လဂွမ်းအိမ်နဲ့ ကစစ်သူရဲကောင်း
အချင်းချင်း ညီနောင်လို လေးစားတယ်။
"သွေးသောက် လဂွမ်းအိမ်၊
ယနေ့ပြုမည့် သစ္စာ မှန်ကန်ပါမည်လော"

ရိုးသားတည်ကြည် လဂွမ်းအိမ်က မလိမ်
"ဟယ် သတိုး..သင်ရူးနေသည်လော၊
စစ်အတွင်းတွင် ပြုသော် သစ္စာ
မှန်ကန်ပါမည်လော၊
သင်ယုံကြည်သည်လော၊
နင့်ကို ငါရလည်း သတ်မည်၊
ငါ့ကို နင်ရလည်း သတ်မည်သာ။
သစ္စာဆိုသည် မုသားသာဖြစ်သည်။"

သစ္စာပွဲပျက် ရတာကြောင့် ဘုရင့် အမျက်ရှ
အဲမွန်ဒရာ လက်အပ် သတ်ဖို့ အမိန့် ချတယ်။
အမတ် ဒိန် နဲ့ ဗိုလ်မင်း ဗြဇ္ဖတို့က
စိတ်တော်လော မသတ်ပါရန် တင်လျှောက်ကြ
" အကြောင်းရှိလို့ သာ ပြောတာပါဘုရား"
မေးမြန်စစ်ဆေးဖို့ လျှောက်ကြား.

ရာဇာဓိရာဇ်က မေးတယ်။
" အဘယ်ကြောင့် ငါ၏ အကြံ
အသင်ဖီဆန်သလည်း မောင်မင်း။"

" မှန်လှပါဘုရား..
မွန် နဲ့ မြန်မာ..
လက်ရည်တူ စစ်သူရဲကောင်း
လက်ရုံးရည်ပြိုင် နှလုံးရည်ဆိုင်
ရိုးသားစွာ တိုက်ပွဲနိုင်ပါမှ
ဂုဏ်သိက္ခာရှိပါကြောင်း
ညစ်ပတ်ကောက်ကျစ် နှလုံးညစ်မှ
တရားနည်းလမ်းမကျသည့် အောင်မြင်မှု
အကျွန်နိုင်ငံအတွက် မလိုချင်တဲ့ အတွက်..
ရာဇ၀င်၏ သမိုင်းတလျှောက် မွန်ဘုရင်မရိုးမဖြောင့်
သစ္စာမစောင့်သိသူ..လူယုတ်မာ

အမည်းစက်ကြီးသေရာပါ. အကျွန် မခံလိုပါ။
အရှင်မင်းကြီး ရာဇာဓိရာဇ်..
နာမည်ကောင်းနဲ့ သာ ကျန်ရစ်ပါစေ စေတနာ
အကျွန်မှားခဲ့ရင် အရှင်ကိုယ်တော်တိုင်စီရင်တော်မူပါ။
ထားလိုကနေ..သတ်လျှင်သေပါစေတော့
အကျွန် လဂွမ်းအိမ်..
မွန်တို့ ၏ စိတ်ဓါတ်ကို ဘုန်းမနှိမ်ချင်ပါဘု..
အမှန်အတိုင်း လျှောက်တင်..
ချစ်စွာသော မင်းသခင်”

ရာဇာဓိရာဇ်က သေချာစွာစဉ်းစား
" ဟုတ်ပါပေသည် မောင်မင်း
သစ္စာ မတည်ခြင်းသည်
ယုတ်စွာသော အမျိုး.
သိက္ခာလည်း ဦးကျိုးတယ်။
သင့် အသက်ကို ငါချမ်းသာပေး
မင်းခေါင်ကိုသာ လုပ်ကြံပေးတော့
သင့်သေဒဏ်ကို လျှော့ပေါ့မယ်"

ပထမအကြိမ်..ဆင်ခြင်းတိုက်
မင်းခေါင်ကိုဖမ်းတဲ့ အချိန်.
ဘုရင် ညီတော် ရှင်သိဒ္ဒတ် သတိပေး..
ဖမ်းရေး လွတ်ခဲ့တယ်။
ဒုတိယအကြိမ် ညချမ်း
မင်းခေါင်ရဲ့ တဲနန်းကို တက်တဲ့ အချိန်
ဘုရင့်သလွန်ဘေး သတ်မယ်လက်ရေးပြင်ချိန်
မောင်းမတော်က အော်ဟစ်
မသတ်ဖြစ်ခဲ့.
ရောက်ကြောင်းသက်သေအချက်
ဘုရင်မင်းခေါင်ရဲ့ရွှေခွက်နဲ့
လက်သုံးတော်ဓား ဆက်သ
လူနိုးလို့အော်တာနဲ့ ထွက်ပြေးခဲ့ရပါတယ်ဘုရား။
ရာဇာဓိရာဇ်က စိတ်ပြေ..
သေဒဏ်ကနေ လွှတ်လိုက်တယ်။
လဂွမ်းအိမ် ဆိုတာ..တကဲ့ စစ်သူရဲကောင်း.
ဒီလိုသူရဲကောင်းတွေ ယနေ့ တိုင်ရှိတယ်။

ယနေ့ မြန်မာ့ စစ်တပ်ထဲက..
အောင်ဆန်းစိတ်ဓါတ်နဲ့ စစ်သည်..
ဂုဏ်ယူပါပေသည်။

ရူးသွပ် ရန်လို မြင်မိုရ်ကို ဆီးစေ့နဲ့ ပေါက်လိုသူများ
နအဖကို အချစ်ပို
မြောက်ကိုရီးယား ကိုအထင်ကြီးသူများ
စစ်တပ်ကိုပြင်..နိုင်ငံကို အမြင်ကပ်စေချင်သူများ..
လူဆိုးတွေနဲ့ပေါင်း..သူခိုးတွေကြားက ကျေးညီနောင်များ..
ကံတရားခေ..သေမဲ့နှစ်မှ စစ်ထဲရောက်သူများ..
အားလုံးအတွက် စေတနာထား..
မြင့်မြတ် စစ်သည်များက
အမှန်တရားကိုဖော်ထုတ်တယ်။
မြန်မာဆိုသည်ကို ဂုဏ်မငယ်စေချင်ဘူး.
မြန်မာ့ရေမြေ မပျက်စီးစေချင်ဘူး
မြန်မာ့သိက္ခာ အနင်းမခံစေချင်ဘူး။

မြောက်ကိုရီးယားပရောဂျက်..လှို့ ဝှက်လှိုင်ခေါင်း
တိုင်ပင်ကြတဲ့ အစိုးရမင်းများရဲ့ လှို့ ဝှက်ချက်အကြောင်း
ရိုးသားစွာ..တင်ပြ..သတင်းပေး..
ကျေးဇူး အထူးဘဲတင်တယ်။

သင်မှန်သည် ရဲဘော်..
အသက်နဲ့ ရင်း သင်ပေးတဲ့ သတင်းအချက်အလက်.
တပြည်လုံးရဲ့ အနာဂတ်အတွက်ဖြစ်တယ်။

သင်၏အမည် ကျွန်ုပ်တို့  မသိ
သင်သည်..သစ္စာဝါဒီ စောလဂွမ်းအိမ်..
ရဲသော်မသေ သေသော်ငရဲမလားမဲ့ စစ်သည်။
အောင်ဆန်းရဲ့ သား အာဇာနည်။

မသဒ္ဓါ ( ၇။၂၅။၂၀၀၉)
နိုင်ငံ၏ ကောင်းရာမွန်ရာ မြင့်မြတ်ရာသို့ ရည်ရွယ်၍ အသက်ကို ပဓါနမထား လဂွမ်းအိမ်ကဲ့သို့ ရဲရင့်ပြတ်သား သော အမှန်ကို ဆိုပြဖော်ထုတ်ရဲသော သေဒဏ်မကြောက် ဗိုလ်ကြီးအုန်းကျော်မြင့်ကဲ့သို့ ထက်မြက်သော မြန်မာ့တပ်မတော်မှ လက်ရှိ စစ်သည်များအား လေးစားစွာဂုဏ်ပြုပါသည်။ ရဲဘော်တို့  ဖော်ထုတ်သော နျူက လီယားလက်နက် အကြံအစည်နဲ့ မြန်မာစစ်အာဏာရှင်တစု၏ လှို့ ဝှက်ချက် အကြံအစည် များကို တကမ္ဘာလုံးမှ သိကြား၍ မြန်မာပြည်၏ တိမ်းစောင်းနေသောလမ်းကြောင်းကို တဖန်ပြန်လည် တည့်မတ်နိုင်ရန် အတွက် ရဲဘော်၏ လုပ်ရပ်သည် အရေးပါ ပဓါနကျပါသည်. သင်ဆိုသော သစ္စာ လေးချက် တိုင်းပြည်အပေါ် သင်အသက်ပေးခဲ့သည်။ ကျွန်ုပ်တို့ လေးစားစွာ..အလေးပြုပါသည် အမည်မသိ အာဇာနည် ရဲဘော်များတို့ ။

2 comments:

HRmyanmar said...

လဂွမ်းအိမ်ကဲ့သို့ အမည်မသိ အာဇာနည် ရဲဘော်များအား၏ စိတ်ဓါတ်ကို ပေါ်လွင်အောင်ရေးသားထားသော မကြီးသဒ္ဓါအား လေးစားလျက်

Unknown said...

ကျနော် က မွန်လူမျိုး ... လဂွမ်းအိမ် ကို ချစ်..လေးလဲလေးစားတယ် ... သူရဲကောင်း စိတ် .. ရိုးသားတည်ကြည် .. ရန်သူကိုတောင် နောက်ကြော ဓားမထိုးဘူး ...
သမိုင်း မှာ သူရဲကောင်း မသံလုံ ...
လူယုတ်မာ စကား ပြည်သူကိုမလေးစား ... လက်နက်မဲ့ပြည်သူကို ... ဓား ဓား ခြင်း ... လှံ လှံ ခြင်း စိန်ခေါ် ... စစ် တပ် ဆိုတာ မိုးပေါ် ထောင် ပြစ် ဘူး တဲ့ .. လူ ယုတ်မာ စစ် ဝါဒီ တွေ ...
ဆရာ ရွှေဘုန်းလူ ရဲ့ စာ ထဲ့ ဖတ် ဖူး ခဲ့ ....
" ကိုယ်ကိုကိုယ် ဒိုင်း နဲ့ ကာ ပြီး မှ သူ တပါ ကို ဓား နဲ့ ထိုး သူ " ... အောက် တန်း ကျ လိုက် တဲ့ လူ တွေ ..

 
/* EOT ----------------------------------------- */