Monday, July 9, 2007

ပျောက်ကွယ်နေတဲ့..ပါရမီဖြည့်ဖက်..

ငယ်ငယ်အိပ်ရာဝင်ပုံပြင်..ဖေဖေပြောပြစဉ်
တည်ကြည်မြင့်မြတ်တဲ့..ယောက်ျားကောင်း
အာဇာနည်များရဲ့အကြောင်း.
နိုင်ငံချစ်တဲ့ အဖေ က..
သမီးအတွက်..စိတ်ဓါတ်အားအင်စုပေး
သူလိုဘဲ..သမဂ္ဂခွပ်ဒေါင်းလေး ဖြစ်အောင်...

ကံခေစွာ..လူဖြစ်တဲ့ နှစ်ကာလကလွဲ
သမဂ္ဂကဗုံးကွဲ..ဒေါင်းကလေးများနဲ့ ခွဲ
လမ်းစဉ်လူငယ်ဘဲဖြစ်လာခဲ့..မဆလ ပါတီဝင်ဘဲဖြစ်လာခဲ့
အလွတ်ကျက်ဖြေရတဲ့ နိုင်ငံရေးသိပ္ပံယောင်ယောင်
ကြောင်တောင်တောင်..ဆိုရှယ်လစ်ဝါဒ
အမှောင်ချထားတဲ့ ..ဒီမိုကရေစီနဲ့ 
တက္ကသိုလ်ထဲက မြေအလွတ် ကွက်လပ်..
ကျမသမိုင်းထဲမှာ..လပ်နေဆဲ..

အသုံးလုံးနွေရက်များ..တောထဲသွား
ရည်းစားအတွက်...ဖြုန်းစရာတောင်အချိန်မရှိ.
ငယ်ရွယ်သည့်အချိန်များ..နိုင်ငံတော်တွက်တအား
ကျမလေ..အဓမ္မခိုင်းစေအလုပ်သမား
တက္ကသိုလ်.. နွေရက်အားတွေ

ယောက်ျားဆိုတော်ရိလျော်ရိ..ဖြစ်ရုံဘဲရှိ..
ဘာအရည်အချင်းမှမရှိ..စိန်ခိုးမည့်ယောက်ျား
သား အရွယ်ကျောင်းသား..သတ်ရဲမှထမင်းစား
ဒီလူမျိုး လေ.ကျမရင်ထဲမရှိ..
” ကြည်..ပဲပြုတ် နဲ့ နံပြား ရရင်စားချင်တယ်“ ရိုးရိုးလေး ပြောမဲ့ ယောက်ျား
ကျမ..အသက်ပဲ သေသွားစမ်းပါစေ..
အနားမှ..ပါရမီယူ..မဒ္ဒီဒေ၀ီ လိုကြည်ဖြူလိုသူ

ကံခေကာမွဲ..လူဖြစ်တဲ့အရွယ်ထဲ..ဦးနေ၀င်းစစ်အစိုးရ
အာဇာနည်မျိုးချစ် ရှိသမျှ..ကိုဆန်ကာချ..
၈၈၈၈ မှာသေလိုက်တာလည်းတပုံတမ..
ရှိသူတွေလည်း ထောင်ထဲမှာကျ..
တောထဲမှာ..အိမ်မက်မင်းသားလေးများလက်နက်ကိုင်ကျ.
ပါရမီ ဖြည့်ချင်သူများနဲ့ လွဲကြရ.
ခေတ်နဲ့ စံနစ်ဆိုး..အာဇာနည် မိသားစုမျိုးရိုးတွေကိုသတ်ခဲ့
နောင်တခေတ်ရဲ့ အာဇာနည်..
ရှာလေလေ ဝေး..ရွှေပြည်တော်လည်း ဝေးချေပြီ..
ပါရမီ ဖြည့်ရမဲ့သူ..ဘယ်ဝယ်ဆီ.။
ဗိုလ်အောင်ဆန်းလိုသားမျိုး..ဘယ်သူကမွေးပေးမည်။

မသဒ္ဓါ (၇။၈။၂၀၀၇)

3 comments:

Thadar (မသဒ္ဓါ ) said...

ဒီလို.မျိုးချစ် အာဇာနည်တွေ ကို..နားလည်တတ်တဲ့ မိန်းမရှားတယ်လို့ ပြောလာတဲ့ မောင်ကလေး တဦး အတွက်ပါ။. ဒီလို မျိုးချစ်စိတ်နဲ့ ထက်မြက်နားလည် တတ်သူ..ပါရမီ ဖြည့်ဖက် မိန်းခလေး တွေ အများကြီး ရှိပါတယ်..ရှာကြည့်ပါ..အားမလျှော့ပါနဲ့ ။ ကံမကောင်းလို့ ဒေါင်းအမေ။ ဒေါင်းကြင်ယာ မဖြစ်ပေတဲ့.ဒေါင်းကလေးများရဲ့..ဒေါင်းအမကြီးဖြစ်ရတာ အတိုင်းမသိ ဂုဏ်ယူုပါတယ်။

M.Y. said...

မကြီး မသဒ္ဒါ..
ဗိုလ်အောင်ဆန်းလို သားလေး ဒေါင်းညီ၊ညီမတွေက တကယ်မွေးပေးခဲ့ရင် ဒေါ်လေးဒေါင်း က ထိန်းပေးနော်…ဟဲဟဲ..just kidding
ကဗျာလေးအလွန်ကောင်းပါကြောင်း

Anonymous said...

မသဒ္ဒါရဲ့ ကဗျာလေးတွေကို တကယ်ပဲ လေးစား မြတ်နိုးလျက်ပါ ။

 
/* EOT ----------------------------------------- */