Sunday, July 8, 2007

ဟောင်းနွမ်းနေသော စာလုံးများနှင့် အပ်ကြောင်းထပ်နေသော စကားလုံးများ။

လွန်ခဲ့သူတွေ ရေးခဲ့တဲ့အတိုင်း
လွန်ခဲ့သူတွေ ပြောခဲ့တဲ့အတိုင်း
လွန်ခဲ့သောအချိန် ..အစုတ်အပြတ်အတိုင်း၊

တော်လှန်သူတွေကို ဗကပ
ဆန့် ကျင်သူတွေကို စွပ်စွဲကြ
ပြန်ပြောသူတွေကို တံဆိပ်ကပ်
မုသာဝါဒီစကား နားခါးစွာပြောကြားတတ်။
တိုင်းပြည်ဖြိုခွဲသူ ဒို့ ရန်သူ
အချုပ်အခြာအာဏာထိပါး အဆိုးမြင်များ
ပြည်ပအားကိုး ပုဆိန်ရိုးလို့ 
တရုတ်အားကိုး ခွေးသူခိုးက
အရင်အချိုးအတိုင်း ပြောဆဲကိုး။

ခိုင်မာသည့် ဖွဲ့ စည်းပုံ ပေါ်ပေါက်ရေး
ပြည်ထောင်စု မပြိုကွဲရေး
ခောတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ပေါ်ပေါက်ရေး
စာလုံးပြောင်းကာ အမျိုးမျိုးရေး၊ အထပ်တရာ ပလာတာတောင် အရှုံးပေး။

အမျိုးဖျက်သူ၊ အဖြူလက်ဆက်သူ
ဆူဆူပူပူလုပ်လေသူဟု မလိုတမာ ပိုကာများပြီး၊
လူထုခေါင်းဆောင် ဂုဏ်ရည်မှန်ကို
ဦးနှောက်မဲ့သူ ဥာဏ်တုံးတစ်စု
စွပ်စွဲယှဉ်တု၊ ပြည်သူလူထု ဒို့ မမှု။

နောက်ကျိနေတဲ့ ရေမြောင်းထဲက အပုပ်အသိုးဟောင်းများလိုဘဲ
ယူနီဖောင်းတွေ ဘယ်လောက်ပြောင်းပြောင်း
မဆလ န၀တ နအဖ စာလုံးများသာ လဲသွားတယ်
ဝါဖန့် ဖန့်  ရိရွဲရွဲ စာအုပ်ပြဲက မမဲ မထင်ေ၀၀ါးဝါးအသွင်
အမြင်မှာ ဟောင်းနွမ်းနေတဲ့  စာလုံးများ။

အာပုတ်ခံတွင်း ညှစ်ဆင်းဆင်းနဲ့  မုသားမကင်း
ပါးစပ်တွင်းက ဗြောင်လိမ်ဗြောင်ပြော
အညာတသောသောနဲ့  တွဲကာရောတဲ့၊
ချီးတွင်းထဲမှာ မျှောနေတဲ့ လောက်ပိုးများလို
တိုင်းပြည်ကို အမှန်စကား ဘယ်တော့မှ မပြောကြားဘဲ၊
အဖျက်တရားနဲ့  အုပ်ချုပ်ကာထားတဲ့ ပြောကြားစကား

ယုံရမှာလား၊ အပ်ကြောင်းထပ်နေသော စကားလုံးများ။

ဝေးဝေးသွား - ဟောင်းနွမ်းနေသော စာလုံးများ - ဝေးဝေးထား။

ဝေးဝေးထား - အပ်ကြောင်းထပ်နေသော စကားလုံးများ - ဝေးဝေးသွား။

(မဆလ၊ န၀တ၊ နအဖနှင့် နောက်ပါတစ်စုတို့ အတွက် အထူးစပ်ဖွဲ့ သည်။)

နစ်နေမန်း။ (၇။၇။၂၀၀၇)
ကြိုက်လို့ ဒီမှာလာဖေါ်ပြတာပါ.မောင်လေးနစ်နစ်ဆီကခဏဌားလာတာပါ။

1 comment:

Anonymous said...

ခုလို ပြန်ဖော်ပြပေးတာ ကျေးဇူးပါ ။ ဒီကဗျာလေး ထိတယ် ။

 
/* EOT ----------------------------------------- */