Tuesday, July 3, 2007

ရာဇ၀င်..ဘယ်မညှိုး….ချစ်သောမျိုးချစ် အာဇာနည်..

အာဇာနည်..ဆိုတာ..
ကြွားဝါ မှု မရှိ..ပကတိရိုးသားဖြောင့်မတ်
အများအတွက်ဆို အသက်ကိုစွန့် ရဲ
မှန်ကန်တာဘဲ.. မြတ်နိုးသူ..

အာဇာနည်..ဆိုတာ..
နံမည်ကျြော်ကားမှုကို…မတတ်မက်..
အယောင်ဆောင်လောကကိုမခင်တွယ်..
လုပ်သင့်တာဘဲ… ဦးစားပေးသူ..

အာဇာနည်..ဆိုတာ..
ကိုယ်ကျိုးမဖက်..တိုင်းပြည်အတွက်..
ဦးဆောင်လမ်းပြ..ခေါင်းဆောင်ဝတ်ကျေ
အသက်သေသေ..စွန့် စားဝံ့သူ..

အာဇာနည်..ဆိုတာ..
အမျိုးကိုချစ်..ပြည်သူ့ ရဲ့ရင်နှစ်..
စာပေကိုလေးစား..နောင်လာနောင်သားအတွက်..
ကြီးမြတ်ဂရုဏာပေး.ခန္ဓာကိုစတေးဝံ့သူ

အာဇာနည်..ဆိုတာ..
ယုံကြည်ရာလမ်း အတ္တမြူမှုန်တစေ့မရှိ
လမ်းကြမ်းကန္တာ..ဆူးမွေ့ ယာလည်း
မကြောက်မရွံ့ ..ဖြတ်သန်းဝံ့သူ

ဤသို့ သော..လူတော်လူကောင်းများ
ငယ်ရွယ်နု..အသက်..
မသူတော်ကသတ်လေ..ရက်စက်
မြန်မာမြေထက်မှ.. ဇူလိုင်မျိုးစက်ကလေးများနဲ့ အတူ..
ကြွေပန်းချပ်ကလေး..အလား မြေခခဲ့
အနှစ် ( ၆၀) ရှည်ကြာခဲ့လည်း..
ယနေ့ တိုင်..နှမြောတမ်းတ..
ကျမတို့ လွမ်းရပါ့ ..
ဗိုလ်ချုပ်နဲ့ တကွ ကိုးဦးသော.အာဇာနည်..
အလေးပြု..အမျှပေးဝေပါသည်။.
ရောက်ရာ ဘုံဘ၀မှ မသွေ...သာဓု..ခေါ် နိုင်စေ။

မသဒ္ဓါ (၇။၂။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */