Friday, July 20, 2007

စိတ်ကူး..ယဉ်ဘ၀ထဲက ထွက်ခဲ့ဖို့  မင်း အချိန်တန်..


ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာကိုမျှော်လင့်နေတာလဲ.
အိမ်မက်ထဲက..နတ်သမီးလေးလား..
စောင့်လေ..သေတဲ့အထိသာစောင့်
ခြေဦးပေါက်..မင်းအနား..ရောက်လာ..မလာ...

ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာကိုမျှော်လင့်နေတာလဲ.
ဒဏ္ဍာရီထဲက.. ရွှေမင်းသမီးလေးလား..
စောင့်လေ..သေတဲ့အထိသာစောင့်
စိတ်ကူးပေါက်…မင်းထံပါး…ရောက်လာ..မလာ...

ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာတွေ..စိတ်ကူးယဉ်နေတာလဲ
ချမ်းသာမှုအတိပြီး..လောင်မီးတညီးညီးနဲ့ ပျော်ရွှင်မှုလား
ရောင်ရဲ မှုအတိပြီးတဲ့ ..ပျော်ရွင်စရာ.အေးချမ်းမှုလား..
ရွှေဘုံပေါ် လှောင်ချိုင့်စံ..အတောင်ပန်မခိုင်တဲ့ဘ၀..
လွတ်လပ်စွာ.ဝေဟင်ထဲဆန်..သိန်းဌက်ရန်ရှောင်ရတဲ့ဘ၀..
ဘယ်အရာ ကပျော်ရွှင်စေနိုင်တာ..
သေချာစဉ်းစား..မင်းလိုချင်ရာ။

ကံဆိုတာ..မမြင်နိုင်တဲ့အရာ..
မသိနိုင်ပါ ဘယ်အခါများ
ရောက်လာလာ မလာလာ...
မင်းဘ၀..မင်းဆောက်တည်ရာ
ဝီရိယ..သာ..အဓိကပါဘဲ
မမြင်တဲ့ ကံကိုရင်း.ဆူးပုံပေါ်ဘဲနင်းချင်နင်း။
ဝီရိယ.အားသန်..ဆူး ဒီခြုံကို အမြစ်ကလှန်..
မရေရာတဲ့ ..မနက်ဖြန်
မဖြစ်လာမှာကို..မျှော်တလင့်လင့်
မင်းအချိန်တွေ..အလဟသ.လေထဲ လွင့်နေမဲ့အစား
ဖြစ်နိုင်ချေ..အခွင့်အလန်း..
ဟော..လက်တကမ်းကလေးတင်..
မင်း ကြည့်ရှု မြင်နိုင်စေ။

နတ်သမီးလောက် မလှ
မင်းသမီးလောက် မကြွယ်ဝလည်း
အချင်းမသေးတဲ့..မိန်းခလေးတွေ..တပုံတမ..
အော်..ဇံရွေးနေရင်
မင်းလေ..နောက်ကျနေတော့မယ်..
မှိတ်မျက်လုံးကလေးများ.. ဖွင့်ကာကြည့်
ပြည့်ဝသော..မယ်မဒ္ဒီကဲ့သို့ ..ချစ်သူ..
မင်းရဲ့ အနီးဆုံးမှာ..သူ...ဘယ်သူ..

မသဒ္ဓါ (၇။၂၀။၂၀၀၇)..
ရှာပုံတော်..မင်းသားကြီးသို့ 

No comments:

 
/* EOT ----------------------------------------- */