Sunday, July 1, 2007

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု


ဘလော့ဂါမိတ်ဆွေများသို့  အထူးမေတ္တာရပ်ခံချက်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။

တိုင်းပြည်အတွက် သိတတ်သော ဘလော့ဂါများအနေနှင့် ထိုပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုသောအနေနှင့် အာဇာနည်နေ့ အထိမ်းအမှတ်ပုံများကို မိမိတို့ ဘလော့ တစ်နေရာတွင် ယနေ့ ဇူလိုင် ၁ ရက်နေ့မှ စ၍ ဇူလိုင် ၁၉ ရက်နေ့ အထိ ချိတ်ဆွဲပေးထားကြပါရန် ကျနော်တို့  အားလုံးမှ မေတ္တာရပ်ခံအပ်ပါသည်။

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု

No comments:

 
/* EOT ----------------------------------------- */