Monday, April 30, 2012

ရှုံးသူ ၏ အနိုင်၊ နိုင်သူ၏ အရှုံး


“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ" ( ဒေါ်အောင်ဆန်းစုကြည် )
 
မာကျောတဲ့ ကျောက်သားကို
ပျော့ပြောင်းတဲ့ ရေသား ကတိုက်စား..
ကျောက်သားတောင် ပြိုစမြဲ။

မာကျောတဲ့ မြေသားလွှာကို
နုနယ်တဲ့ သစ်မြစ်တွေ ကဖောက်ခွဲ
သစ်ပင်ကြီးထွား စမြဲ

ပူပြင်းလောင်ကြွမ်းတတ်သော မီးတောက်
အေးမြသော ရေစက်ပေါက်တွေဖြန့် ကြဲ
အပူပြယ် မီးညိမ်းစမြဲ

အပျော့နဲ့ အမာ
အအေးနဲ့ အပူ
တည်ကြည်ခြင်းနဲ့ ကောက်ကျစ်မှု
မေတ္တာနည်းနဲ့  ဒေါသ မီး..
ဘယ်ဘက်က အနိုင်ရမလဲ။

တင်းမာကောက်ကျစ်မှု အတွက်..
ထာဝရ အနိုင်ရခြင်း။
ခွင့်လွှတ် အလျှော့ပေးခြင်းသာ မြင့်မြတ်
အနိုင်လိုသူ အရှုံးပေး..နှလုံးသားအေးတယ်။

ဒူးထောက် လက်မြှောက်ခြင်း မမည်
ကြောက်ရွံ့ ၍ အောက်ကျို့ ခြင်းမမည်
ထိုးမဲ့ဆင် ဟူသည် မထိုးမီ နောက်တစ်လှမ်းဆုတ်စမြဲ။

အများခေါင်းဆောင် မည်သည်
အများအတွက် ကောင်းကျိုးဆန္ဒ
ဖြည့်ဆည်း အနစ်နာသည် ပဓာန
သံဃာ့ အားပင် ဘုရားမလွန်ဆန်သာ
ငြိမ်းချမ်းရေးသာ အောင်မြင်ရာ။

ညစ်ပတ်လိုသူ အနိုင်ဆုကို ပိုက်
ပြည်သူ့ အမုန်း ကဋေကဋာလည်ပင်းခိုက်

စည်းခိုးသူ အတွက်
ကောက်ကျစ်သူ အတွက်
အနိုင်ဆိုတာ တကယ်တော့ အရှုံးဖြစ်တယ်။

မသဒ္ဓါ (4။29။2012)

ငယ်ငယ်ကပေါ့။
ဝေသန္တရာဇာတ်တော်ထဲ စူစကာပုဏ္ဍား က  ဝေသန္တရာမင်းကြီး သားတော် သမီးတော်တွေ ကို ကြိုးတုတ်ပြီးရိုက် ။ မယ်မဒ္ဒီ က ပူဆွေး ငိုကြွေး ။ ကျမ ဖြင့် အမလေး…..မုန်းလိုက်ပါဘိ ဒီပုဏ္ဍား။
ပွဲကြည့်သူများအတွက် ပုဏ္ဍားက ရက်စက်လေလေ.. မင်းသမီး အမှတ်ပိုရလေလေပါဘဲ။
ပြည့်သူ့ မေတ္တာမရတဲ့ ပုဏ္ဍား..စားပိုးနင့်သေသေ..သြဘာ လက်ခုပ်တွေ ညံ့လေလေဘဲ။.
ဟောကြည့်။ ဒီပွဲ မှာ ဘယ်သူနိုင်ပါသလဲ။ ပွဲကြည့်သူများသာ ဆုံးဖြတ်မဲ့အဖြေ။
ပုဏ္ဍား ခမြာ နိုင်ပါသော်ညား ဂုဏ်သိက္ခာသေ။ အရှုံးကိုသာ နောက်ဆုံးရတယ်။

No comments:

 
/* EOT ----------------------------------------- */