Tuesday, April 10, 2012

ဖြေးဖြေးလေးနဲ့ မှန်မှန်ပြေး

ဖြစ်သင့်တာတွေ နှေးနေသေးပေမဲ့..
လုပ်သင့်တာကတော့..လက်မနှေးသင့်
တစ်နေ့ အတွက် တစ်လံ
ဖြေးဖြေးနဲ့  မှန်မှန်
မလျှော့သော ဇွဲဝီရိယ ရည်သန်။
ပုဂံရယ်...ဘယ်ရွေ့ မလဲ။ 

မျှော်လင့်ချက်တွေဟာ မိုးလောက်မြင့်ပေမဲ့
အောင်မြင်မှု မိုးရေ
တစ်နေ့ မှာ ဒို့ သောက်ကြရမှာပေါ့။

မြဲသော မမြဲတဲ့တရား..
ဘယ်သူမှ အထက်နေရာ
တသက် အပါးမနေ

အနိုင်ဆိုတာ..ရှုံးခဲ့သူ အခွင့်ကောင်းပေါ့။
သစ်ငုတ်မြင့်တုံ..မြက်မြင့်တုံ။
ခေတ်ပြောင်းချိန်မှာ..
ဗမာသွေးသစ်လောင်းပေရော့
တချိန်က
သခင်မျိုး၏ အရှိန်အ၀ါ..
ဒို့မြေးတွေ ရစေချင်သေးတယ်။

ခေတ်ဟောင်း မမင်...ပြောင်းပြင်ကြပေတော့
အကောင်းမြင်ချင်..
ကိုယ့်ကိုယ်သာ ပြုပြင်သင့်ပြီပေါ့။
အပ်ကြောင်းထပ်နေဆဲ
ညီညွတ်ရေး..
ဒီ ဓါတ်ပြားဟောင်းလေးဘဲ ထပ်ဖွင့်ပါရစေ။

ဘိုးဘွားပေးခဲ့သော ဒီအမွေ
ကျမတို့ လက်ထက် ရတနာမြေ
မြစိမ်းရောင် နဲ့ လယ်ယာ
နဒီပြာ မြစ်သား အမိဧရာ
သားစဉ်မြေးဆက်..အမွေသက်စေချင်
စိတ်ဟောင်းခ၀ါ..လျှော်ဖွတ်ပါစေမှ
လူ့ဘ၀..လူပီသ.
မြန်မာခေတ်ကောင်း
နိဒါန်းတဖန် ပြန်စပေမပေါ့။

ငြိမ်းချမ်းတူညီ နေထိုင်ရေး..
ဒူးတိုက်သာ ဆွေးနွေးသင့်ပြီပါ့။
လူစည်းနဲ့ ဘီလူးစည်း..
ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲပေါ့။
အားလုံးဟာ ဗမာတွေ မို့ 
အမျိုးကို ခင် အားလုံးပြင်ကြစို့။
ညီညွတ်မှု ပဓါနအား..
နိုင်ငံသစ်သို့  ဒို့  သွားကြရအောင်။

မသဒ္ဓါ (၀၄။၀၉။၂၀၁၂)

No comments:

 
/* EOT ----------------------------------------- */