“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ" ( ဒေါ်အောင်ဆန်းစုကြည် )
Monday, April 30, 2012
ရှုံးသူ ၏ အနိုင်၊ နိုင်သူ၏ အရှုံး
“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ" ( ဒေါ်အောင်ဆန်းစုကြည် )
Posted by Ma Thadar ( မသဒ္ဓါ ) at 2:25 PM 0 comments
Sunday, April 15, 2012
ဘဘဦးခင်ညွှန့် သို့ 
Posted by Ma Thadar ( မသဒ္ဓါ ) at 10:15 AM 1 comments
Thursday, April 12, 2012
အနိုင်ဖဲ တချပ်၊ အပြီးသတ်မဲ့ ပွဲ
သူနဲ့  ဘုရားဘဲသိမယ်။
ဒါပေမဲ့ ဒေါ်စုကို လုပ်ကြံခိုင်းတဲ့ တရားခံ အစစ်
ဘယ်သူဆိုတာ သူသိတယ်။
ဒါက သော့ချက် ဘဲ။
အပြစ်တင်မစောကြပါနဲ့ 
ဆွမ်းကြီးတွေ ၀င် မလောင်းကြပါနဲ့ 
လူမိုက်တွေ လိမ်မာလာ တတ်တာ
ပုံပြင်တွေထဲ ရှိပါတယ်။
အင်္ဂုလိမာလ…သူသွမ်းကြီးတောင်တရားရတာ..
လူကြမ်းကြီး သူတော်ကောင်းဖြစ်လာ မလာ..
ခဏလေးတော့ စောင့်ကြည့်ပါ။
သင်္ကြန် အခါ..မြန်မာယောက်ျား ဘုန်းကြီးဝတ်တာထုံးစံဘဲ
ကြက်ခေါင်းဆိတ်မခံ..ဘုန်းကြီးထွက်ထိ မစောင့်သာ.
သူမပြောပါ…ဗြောင်လိမ်ကြတာ ဘယ်သူလည်း။
ဘယ်သူက ဖြေရှင်းချင်တာလည်း။
ဒါ မသင်္ကာစရာမဟုတ်ဖူးလား။
ဒီပွဲမှာ…ဘယ်သူ အလံရှူးလည်း။
ဒီပွဲမှာ…ဘယ်သူ လက်ဦးမလည်း။
အိုးမလုံ အုံပွင့်..
ငုတ်ကောင်တွေ ပါးပျဉ်းထောင်စွင့်
လုပ်သော တရားခံ..ဘုန်းကြီးတောင် မ၀တ်နိုင်ရှာဖူး။
ကိုယ်ပျောက် ဘီလူးကြီးခမျာ။
အနာပေါ် ဒုတ်ကျ ဆတ်ဆတ်ခါ
သိသောသူ၏ အနာဂတ်က မရေရာ
ပြည်သူ့ သက်သေ ရှားပါးသူတစ်ဦး။
ဒို့ သဲလွန်စတွေ အပျောက်ခံသင့်ဖူး။
လူကြီးတွေ ဗျုဟာသိ သူနည်းသူရှိတယ်။
သူတို့ ရဲ့ သံတမာန် ဗျူဟာ လေ့လာသင်ယူပါ။
ငါးမူးတန်းက ကလေးတွေ ငြိမ်ငြိမ်ကလေးတိတ်
ငွေရောင်ပိတ်ကားပေါ် ပွဲဆက်ကြည့်စို့ ။
အရင်စလို ပိတ်ကားကို ပြောင်းဖူးရိုးနဲ့ မပေါက်ကြနဲ့ 
အချိန်တန် ရွှေဘသာ အနိုင်ရရိုး။
ဟောကြည့် နှစ်ခါပြိုင်..ဒို့ ချည်းနိုင်တယ်။
စိတ်ရှည်ကြ မလောကြနဲ့ ။
အနာဂတ်က ဒို့ ဘက်ယိုင်နေပြီ။
အသင်္ခရာစောယွန်းကို သတ်ဖို့  သွားခဲ့တဲ့ ငခင်ညို
ထမင်းရှင်မသတ်လိုပေမဲ့ တာဝန်မကြေ မျက်နှာညိုမဲ့သခင်အတွက်
ကျောက်စီဓါးတော့ သက်သေပြရတယ်။
သင့်ကိုသာ တာဝန်ပေး..ဘယ်လို သင်လုပ်မလည်း။
ခေါင်းပြတ်သယ်မလား။ ကျောက်စီဓါးလွယ်ပြန်မလား။
တာဝန်နဲ့ မိုးခါးရေ။
ငခင်ညိုလို ကျောက်စီဒါးလွယ် အမှန်ကို မပြောရဲ
ပြောလဲ မင်းတရားက သတ်မှာမလွဲ။
ခေါင်းပြတ်လဲမပြ ကျောက်စီဓါးလဲ မရ
တေ့လွဲလေးတော့ လွှဲပြလို့ ရတယ်။
ကံကောင်းတာက ဒေါ်စု မသေတာဘဲ။
ဘုန်းချင်းက မယှဉ်သာဖူး။
သင်ပုန်းတွေ ချေပစ်။
သူပြောတာတွေ ဆန်းစစ်
ငါးလိုချင် ငါးစာချိပ် မှ ရမယ်
သစ်ခုတ်ချင် ပုဆိန်ရိုးတော့ လိုတယ်။
အတွင်းသိသက်သေ..ကိုယ့်ဘက် စည်းရုံးတတ်ရမယ်။
အသံတွေ ကြားတဲ့အခါ။
ပဲတင်သံလား..အသံလား ခွဲခြားသိတတ်ပါ။
ငုတ်ကောင်ကို အပိုင်ကိုင်မဲ့ အနိုင်ဖဲ တချပ်
အညှာချူတတ်ဖို့  ဒို့ လိုတယ်။
သိလိုတဲ့ သတင်း ဘယ်သူ့ ဆီမှာဝယ်။
ယုံကြည်မှု ပေးပါမှ ယုံကြည်မှရ…
နိုင်ဖဲ ကို အလွတ်မခံကြနဲ့ ။
မသဒ္ဓါ (04/12/2012)
Posted by Ma Thadar ( မသဒ္ဓါ ) at 2:41 PM 1 comments
ငါ့ကို အရင်ကြည့် င့ါအမေကို လာမထိနဲ့ 
ကျနော့ မွေးအမေ ကျနော် မမှတ်မိတော့ဖူး။
BUSY ဖြစ်
သတိရလိုက်တာ အမေရာ။
လူသူတွေ ရုတ်ရုတ်..
မသဒ္ဓါ (04/11/2012)
Posted by Ma Thadar ( မသဒ္ဓါ ) at 1:07 PM 0 comments
Wednesday, April 11, 2012
တုံးချင်ယောင်ဆောင်ရတာ ပျော်စရာ၊
ကျုပ်ကိုများ
ဟားဟား ပြောလိုက်ရရင် မင်း ဖျားသွားမယ်။
စင်္ကာပူက လီကွမ်းယု လည်တာ
ကျုပ် အိပ်ငိုက် နေတာဘဲရှိတယ်။
ကဒါဖီ မူဘာရက် ပါးတာ..
ကျုပ်ခြေအောက်က ဖုန်မှုန့် သာသာ။
မိုက်တယ်ဆိုတာ
တကယ်ကျ လွယ်မှလွယ်။
အူတူတူ နုံအအ ကျုပ်နဲ့ ကျ
ဦးနေ၀င်းတောင် မသေခင် ငိုသွားတာကြည့်။
ဂျင်ပေါ်က ထုံးရေ…
ဌဲ ဌဲ…ကျုပ်ပါ ဗျ တာတေ။
ငတုံးတဲ့လား..
သမီးလည်း လင်ရ..စိန်ပွင့်လည်း ရ
မင်္ဂလာဆောင်ခလည်း မကုန်.
အဆိုတော်ခလည်း မကုန်။
ကမ္ဘာပေါ် ကျုပ်သမီးချော မျက်နှာပြ။
နာမည်ကျော် စိန်စီသောည။
အော်စကာမင်းသမီးထက်တောင် ကျုပ်သမီးထင်ပေါ်။
၀၀ ကလေးဗျ စိန်ဂွက်ထော်
သမတလူကြမ်းဇူဇကာအဖွဲ့  လက်သပ်လူမိုက် ကျုပ်မွေးခဲ့။
ခရိုနီ လူတစ်သိုက်ပေါ့ဗျ။
ကျုပ်ရဲ့ ရွှေ့ ကွက် ဘယ်လောက်လှ
ပါမစ်ဖဲ့ချ လက်ဝေခံ။ ပြည်သူပိုင်ပစ္စည်းများ ဝေခွဲရန်
ကျုပ်က ပုံမှန် ထိုင်ရုံဘဲ။
လာဘ် လာဘငွေ လျှောကနဲ
မာဖီးယားတွေ လည်တာလောက်
ကျုပ်တီးရမဲ့ လက်တဖျောက်။
နိုင်ငံတစ်နိုင်ငံလုံး ဝေမျှစား.
ကျုပ်တို့  အလီဘာဘာ အဖွဲ့သားပေါ့။
တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ လွယ်။
ဖျက်ဆီးဖို့ ကျ ကျုပ်လူလည်
ကျုပ် ၀မ်းခေါင်းကျယ် အပီစား
ချန်ထားခဲ့တဲ့ အကြွေးများ။
ခု အကြွေးတင်..ရှင်ဘုရင်ပြေးပြီပေါ့။
မောင်ရင်ဂိန် မင်းသာ ရှင်ဘုရင်လုပ်လှဲ့ တော့။
လွတ်တော်ထိုင်ခုံ NLD ကို နည်းနည်းပေးစား
မဲပြားတွေ ဖယောင်းသာ သုတ်ထားလိုက်။
ကောင်မလေးပြ ဆန်ရှင်တွေ ဖြုတ်ခိုင်းလိုက်။
ဆာဒါန်က ကြိုးဆွဲကျ
ဘင်လာဒင် ပင်လယ်မှာအရိုးချ
ကဒါဖီ သေနတ်မှန် အလောင်းကျည် ပလပွ
အာဏာရှင်များ အရှုံး ဇာတ်သိမ်းမလှ
ကျုပ်တော့ ဒိုးပြီဗျ။
ဗမာတွေအကျင့်..ကျုပ်နောကျေပါပေါ့။
ဗုဒ္ဓ ဘာသာပီပီ ပြည့်ဝတဲ့ ခန္တီပါရမီ
ကြာပြီဆိုရင် ကျုပ်ကို မေ့မှာပေါ့။
စိန်ထုပ်သာပိုက် ၍သာ ပြေး…
ဟားဟား..
ကျုပ်ဟဲ့ ငတုံးလား ဝေးသေးတယ်။
နွားကျောင်းရင်းက ဘုရင်ဘဝ
တွန်းတက်လာရတဲ့ ငတိကွ။
ကျောက်ဆည် က ငလည်။
လီကွမ်ယူရေ ပျင်းတောင် ပျင်းသေးတယ်။
မသဒ္ဓါ (၀၄။၁၀။၂၀၁၂)
မမေ့သွားအောင် တင်ပြပါသည်။
ဗိုလ်အောင်ဒင်ထဲကလို ဆိုရရင်ဖြင့် လူဆိုးတွေက ကိုယ်ပျောက်နေတာလား။ ပုလိပ်တွေက အိပ်ပျော်နေတာလား...စဉ်းစားနေစဉ် ဒိုင်ကတော့ စားပြီးပြေးပြီ။
ကဲ ဘာ ဆက်လုပ်ကြမလဲ
Posted by Ma Thadar ( မသဒ္ဓါ ) at 1:17 PM 0 comments
Tuesday, April 10, 2012
ဖြေးဖြေးလေးနဲ့ မှန်မှန်ပြေး
ဖြစ်သင့်တာတွေ နှေးနေသေးပေမဲ့..
လုပ်သင့်တာကတော့..လက်မနှေးသင့်
တစ်နေ့ အတွက် တစ်လံ
ဖြေးဖြေးနဲ့  မှန်မှန်
မလျှော့သော ဇွဲဝီရိယ ရည်သန်။
ပုဂံရယ်...ဘယ်ရွေ့ မလဲ။
မျှော်လင့်ချက်တွေဟာ မိုးလောက်မြင့်ပေမဲ့
အောင်မြင်မှု မိုးရေ
တစ်နေ့ မှာ ဒို့ သောက်ကြရမှာပေါ့။
မြဲသော မမြဲတဲ့တရား..
ဘယ်သူမှ အထက်နေရာ
တသက် အပါးမနေ
အနိုင်ဆိုတာ..ရှုံးခဲ့သူ အခွင့်ကောင်းပေါ့။
သစ်ငုတ်မြင့်တုံ..မြက်မြင့်တုံ။
ခေတ်ပြောင်းချိန်မှာ..
ဗမာသွေးသစ်လောင်းပေရော့
တချိန်က
သခင်မျိုး၏ အရှိန်အ၀ါ..
ဒို့မြေးတွေ ရစေချင်သေးတယ်။
ခေတ်ဟောင်း မမင်...ပြောင်းပြင်ကြပေတော့
အကောင်းမြင်ချင်..
ကိုယ့်ကိုယ်သာ ပြုပြင်သင့်ပြီပေါ့။
အပ်ကြောင်းထပ်နေဆဲ
ညီညွတ်ရေး..
ဒီ ဓါတ်ပြားဟောင်းလေးဘဲ ထပ်ဖွင့်ပါရစေ။
ဘိုးဘွားပေးခဲ့သော ဒီအမွေ
ကျမတို့ လက်ထက် ရတနာမြေ
မြစိမ်းရောင် နဲ့ လယ်ယာ
နဒီပြာ မြစ်သား အမိဧရာ
သားစဉ်မြေးဆက်..အမွေသက်စေချင်
စိတ်ဟောင်းခ၀ါ..လျှော်ဖွတ်ပါစေမှ
လူ့ဘ၀..လူပီသ.
မြန်မာခေတ်ကောင်း
နိဒါန်းတဖန် ပြန်စပေမပေါ့။
ငြိမ်းချမ်းတူညီ နေထိုင်ရေး..
ဒူးတိုက်သာ ဆွေးနွေးသင့်ပြီပါ့။
လူစည်းနဲ့ ဘီလူးစည်း..
ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲပေါ့။
အားလုံးဟာ ဗမာတွေ မို့ 
အမျိုးကို ခင် အားလုံးပြင်ကြစို့။
ညီညွတ်မှု ပဓါနအား..
နိုင်ငံသစ်သို့  ဒို့  သွားကြရအောင်။
မသဒ္ဓါ (၀၄။၀၉။၂၀၁၂)
Posted by Ma Thadar ( မသဒ္ဓါ ) at 11:59 AM 0 comments
Monday, April 9, 2012
အကောင်းမြင်ဝါဒီ
သုညထက်စာ.တစ် က သာတယ်။
မိုးရေ တစ်စက်စီ စု..
မြစ်ကြီး ပမာပြု…
ကျောက်ဆောင်ထုတောင် တိုက်စားနိုင်။
စည်းဘဲခိုး ညစ်ပတ်
မဲခိုးသော်လည်း အပြတ်အသတ်
နင်အကောင်ကြီးတယ်..နှစ်ခေါက်ပြန်လျှောက်လည်း.
ကြော့မော့စွာ ပန်းတိုင်ဆီ အပြီးသတ်။
အလင်းဆိုတာ
အမှောင်ကို ခွင်းစေတတ်သောအရာ။
ဒ်ီဆို သိသင့်ရောပေါ့။
ပြည်သူ့ မေတ္တာ ဘယ်မှာဆီ
ယုံကြည်မှုမှာ စံတူမမီ။
NLD ဟေ့ NLD..
ပြည်သူမျှော်လင့်တာ..အပြောင်းအလွဲ
အမှောင်ပယ် နိဂုံးသတ်ရန်ဘဲ။
အာဏာရှင်ခေတ်ဆိုတာ ခုများမှာ သံပတ်ရပ်ချိန်ပေါ့။
ကြီင်္းကြယ်ပါပေ့ ကျွန်ပိုင်ရှင်စံနစ်တောင်
နောက်ဘက်များဆီ ကျန်ရစ်ခဲ့
အရှေ့အရပ်မှာ ပေါ်ခဲ့တာ လင်းလက်ရောင်နီ။
ရေချမ်းချမ်းလေးသောက်ချင်တဲ့
ဘိလပ်ပြန်ရှေ့နေမောင်သောင်းဘေ
ဘိုဆန်ချင်လည်း အချိန်တန် မြန်မာပြန်သလိုပေါ့
အဝေးရောက် မြန်မာတွေ
အခါမှန်ရင် ပြည်တော်ပြန်ချင်ပါပေါ့။
ကောင်းစေချင်…ပြောင်းကြဖို့ အချိန်တန်။
မြန်မာ့ တန်ဖိုး..မြှင့်ကြရန်..
အဆိုးမြင်ရေစီးတွေ ဒို့ ဆန်တက်ကြဖို့ ။
အကောင်းမြင်ဝါဒ ဒီနေ့ က စကြစို့ ။
စွန့်ပစ် အိမ်အို တဖန်ပြန် အိမ်ပျိုဖြစ်ရအောင်..
လာလေ တွဲလက်။
ညီလျှက် စည်းလုံး။
နှမ်းတစ်လုံးသော် ဆီမရ…
နှမ်းတစ်တင်း မှာ ဆီရတယ်။
အဆိုးအမြင်ပယ်
အကောင်းမြင်သင့်တယ်။
မသဒ္ဓါ (၀၄။၀၈။၂၀၁၂)
အရေးကြီးပြီ သွေးင်္နီးကြစို့။
Posted by Ma Thadar ( မသဒ္ဓါ ) at 11:22 AM 0 comments