Wednesday, September 22, 2010

လူကြီးမင်း နဲ့ လူဂျီးမင်း

ခေါ်ထိုက်သလား..သင်သည်..လူကြီးမင်း..

ပုလ္လင်ပေါ် လက်နက်ပြ..
စစ်စိမ်းရောင် နဲ့ ဓါးမြ

အရက်တစ်ပွဲ..နာမည်နဲ့ လဲတဲ့ စစ်မှူး..
မူးနေတဲ့ လူရူး..

ဖိနပ်ရာနဲ့ နဖူးပြောင်
မျက်နှာမှောင်နဲ့ ပိုးပုဆိုး
ဂုဏ်ရှိန်မှိန်မှိန် ၀န်ပြုတ်ဘဘ

အမြှီးရွရွ..ငါ ကွ..
အနုမြူနဲ့  နိုင်ငံလဲ..
ဦးနှောက်မွဲသော..လူ

နိုင်ငံတကာ မျက်နှာပြောင်
လိမ်လည် ချိုထောင်
အယောင်ဆောင်..

လက်ကျောမတင်းတဲ့ သူ

အောက်တန်းကျ မြည်ဆဲ..
မြို့ တော်ဝန် အရေကြဲ
သူမှ သူ အမိုက်မဲ

ဝမ်းပူ ဗိုက်ပွ..
မော်ဒယ်မ မြင်သမျှ သွားရည်ကျ
ကာမထ တဲ့..တောပိုင်..တောင်ပိုင်..
လေကြောင်းတစ်ခု ၏ ပိုင်ရှင်။

လာဘ်လာဘပေး ပေါင်းစား..
% တွေ ထောင်မြင် ရာစွန့် 
အမတ်ရာထူး ရနိုးနိုး စီးပွါးရှင်

အာပုပ်စော်နံ ခြသေ့င်္..
အလိုတော်ကျ ဘုရားဘုရား..၀မ်စွေ့ 
နှာစေးတတ်တဲ့ ပညာတတ်ယုန်များ

ဥာဏမသုံး..လက်နက်သုံးသူ
ဦးနှောက်မရှိ..သတ်ရန်သာသိတဲ့စစ်သား..
အာဏာရှင် နောက်လိုက်ခွေးများ..

ပုတ်သင်ညို အမျိုး..ခြင်္သေ့အယောင်ဆောင်လူဆိုး.
ကြံဖွတ် အောက်တန်းစား..သံဃာသတ်သူများ

ခေါ်ထိုက်တယ်..ဒီလူ..လူကြီးမင်း..
မုန်တိုင်းခံ
ကူသူမဲ့  ပြည်သူလူထု..
အလောင်းကူမြှုပ်သူ..လူတစ်စု

နာရေးကူညီမှု
ပူဆွေးသူကို..မျက်ရည်သုတ်သော လူတစ်စု

ငတ်မွတ်သူကို အစာကြွေး
ပြည်သူ အနုပညာသည်..လူရွှင်တော်နဲ့ လူတစု

AIDS တားဆီးမှု..
လူနာပြုစုသူ မေတ္တာရှင် လူတစ်စု

နိုင်ငံအတွက် ကြိုးစား..
၈၀ကျော်..စစ်သားအိုနဲ့ ..
သတင်းစာသမားအို..

အဖေ့ဂုဏ်ကို ဆည်.
နိုင်ငံကို ကယ်ဆယ်.
အိမ်အကျဉ်းကျ မိန်းမသား

ရဲသော် သေရင် ငရဲမလား ဆိုသည်..
စစ်သားဖြစ်မှ မဟုတ်

ဘယ်သူဘဲ ဖြစ်ဖြစ်..
ဘာအလုပ်ဘဲ လုပ်လုပ်
ဘယ်လောက်ဘဲ ဆင်းရဲ..
ဂုဏ်သိက္ခာ ရွှေနဲ့မလဲတတ်သူ..
လူအချင်းချင်း ကူညီသူ..
ကိုယ်ချင်းစာတရား..
သနားကြင်နာသောသူ..
သိက္ခာ မပျောက်
သေမည် မကြောက်
ထောင်တံခါးခေါက်..
သွေးစက် ကျန်သလောက်
သပိတ်..သပိတ် မှောက်မှောက်
အများအတွက် လမ်းလျှောက်ကြသူများ..
သာသနာ တရားမပျောက်ရေး
ရွှေဝါရောင်မှာ အသက်ပေးသူများ..
တော်လှန်ရေးတလျှောက်
အမှန်အတွက်..စတေးခဲ့သူများ..

ဤသူသည်သာ..လူကြီးမင်း..
မည်နာမ..ရာဇ၀င်ကဗျည်းတင်..
ပြည်ဖျက်စစ်သားတွေ အကျုံးမ၀င်..
လူဂျီးမင်း အယောင်ဆောင် လူယုတ်များ.
မြန်မာမြေ၏ သွေးစုတ်ဖုတ်ကောင်များ..
ပြည်ကိုဖျက်သော သူတောင်းစား

မသဒ္ဓါ (၉။၂၂။၂၀၁၀)

ညီမလေး မဗေဒါ ရေးသော လူဂျီးမင်းဆိုသော စကားလုံးလေး သဘောကျသောကြောင့်
ဒီကဗျာရေးဖြစ်ပါတယ် ကျေးဇူးပါ ညီမငယ် ဗေဒါ

No comments:

 
/* EOT ----------------------------------------- */