Thursday, September 9, 2010

တရုတ်ကျွန်အဖြစ် နွံ့ နစ်မခံစေချင်

မိတ်ဆွေကောင်းတွေ ဆို..ကျောသပ်..
တရုတ်ကြီး ဒို့ နိုင်ငံကို သွားရည်ကျနေတာ ကြာပြီ.။

ဘိုးဘွားပိုင် ရေမြေတောတောင်..
တရုတ်ပြည်ကို..သန်းရွှေပေါင်နေခဲ့ပြီ။

ရှိသမျှ ထွက်ကုန်..
စွမ်းအင် ရေနံသဘာဝ..
ရွှေတွင်း ငွေတွင်း ပယင်းဒုတ္တာ
ရတနာ မှန်သမျှ..
တရုတ်ဘဲ ဆွဲစား..
ရွှေပြည်မှာ မှောင်အတိ..
ဘုရားစူး ခေတ်မီပါတယ် မြန်မာရယ်
ကျောက်ခေတ် အတိ..

ယခင်က..အောင်ဆန်း၏ စစ်တပ်..
အခုတော့ အာဏာရှင် အိမ်စောင့်တပ့်
ပြည်သူ ကို ပြန်သတ်တယ်..
ထွီ အော့နှလုံးနာစရာ..
ခေါင်းဆောင်သွေးခွဲ လူယုတ်မာ..

မင်းကြီးရန်နောင်ရှိရင်..ငိုချင်းချ..
သမိန်ဗရမ်းဆို..လက်ပမ်းပြ
မင်းရဲကျော်စွာ..ဆို ဒါးဆွဲထွက်မလား..
ကျန်စစ်သား ဘုရင့်နောင် အလောင်းဘုရား..
ဂန္ဓ၀င်..သူရဲကောင်းစစ်သည်..ရေရွတ်ကြမည်
ယနေ့ ခေတ် မြန်မာစစ်သည်..
အရင်လို သွေးမနီ..

မြန်မာ့ အရေးသည်..ပြည်တွင်းရေး ပါတဲ့..
ကယ်မဲ့သူ နတ္တိ..ရေနည်းသည့် ဒို့ များ ငါး..
သေသည်ထိ..စောင့်မလား..
မြှုံးထဲက ခုန်ထွက်မလား..
ကိုယ့်ကြမ္မာ..ကိုယ်သာ ဖန်တီးရှင်

ကိုလိုနီကျွန်က လွတ်အောင်…
ဒို့ အဖိုးတွေ ရုန်းခဲ့..
ပေးခဲ့သော သွေးစက်တွေ မမေ့ကြနဲ့ 
သေမလား နေမလား..
လူ သေမလား..နာမည်နေမလား..
သိက္ခာတွေ ပိုးကိုက်..
မြန်မာ ဆိုတာ..အမျိုးမိုက်အဖြစ်ခံမလား..

ရဲဝံ့စွာ စတေးတိုက်..
အမျိုးကို ကာကွယ်ထိုက်သည်လား..
အကိုကြီး..အကိုငယ်.
မောင်ကြီး..မောင်ငယ်..
တူသား..လူငယ်..
အမျိုးဂုဏ် နွံ့ မနစ်ချင်..
အမိမြေ..မဆုံးပါစေလျှင်
မြန်မာကို..ကယ်ဆယ်ကြပါတော့
အမောင်တို့  ယောက်ျားကောင်းပီသရင်ပေါ့

တူတူညီညီ..ကိုယ်ထူကိုယ်ထ..
ရုန်းသင့်ကြပြီ။…
သွေး ရဲရင့်နီ..
တစက်ကျန်သည်အထိ တိုက်ရမည်။

မသဒ္ဓါ (၉။၉။၂၀၁၀)

1 comment:

HRmyanmar said...

nice 1 လာဖတ်ဖြစ်တယ် မကြီးရေ အွန်လိုင်းမှာ မတွေ့တာတောင်ကြာပြီ

 
/* EOT ----------------------------------------- */